
နေပြည်တော် ဩဂုတ် ၂၃
ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းကော်မတီအစည်း အဝေး(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပ ရာ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးကြည် နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကလေး သူငယ်များ၏ဘဝ သာယာ ဝပြောရေးနှင့် ကာကွယ် စောင့်ရှောက်မှု ပြီးပြည့်စုံစွာ ရရှိနိုင်ရေးကို ဝန်ကြီးဌာန အနေဖြင့် အရေးကြီးသော လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ် ၍ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိရောက် သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူဝါဒကို ကလေးသူငယ် များအပေါ် အကြမ်းဖက်မှုများ၊ အလွဲသုံးမှုများ၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ် မြတ်ထုတ်ခံရမှုများမှ ထိရောက်စွာ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ကလေးများအတွက် ဘေးကင်းလုံခြုံ၍ ကာကွယ် စောင့်ရှောက်မှုရှိသော ပတ်ဝန်း ကျင် ဖန်တီးပေးနိုင်ရန်၊ အစိုးရ ဌာနများ၊ အဖွဲ့အစည်းများအားလုံး သာမက လူ့အဖွဲ့အစည်းတစ်ရပ် လုံး တာဝန်ယူပါဝင်လာစေရေးကို ဦးတည်၍ ရေးဆွဲဆောင်ရွက်နေ ပြီး လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အကြံပြုချက်များအား ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ ထည့်သွင်း ဆောင်ရွက်နိုင်ခြင်းဖြင့် ကလေး သူငယ်၏ ဘဝသာယာဝပြောရေး နှင့် ကာကွယ်စောင့်ရှောက်ရေး နယ်ပယ်အားလုံးတွင် ထိရောက် စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်း၊ အားလုံး လွှမ်းခြုံသော ကာကွယ်စောင့်ရှောက် ရေးမူဝါဒအဖြစ်ရရှိမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ (၁/၂၀၂၁) အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် မှုများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ (Child Protection Policy) ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေများကို လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး တက်ရောက် လာသော လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ရှင်းလင်းတင်ပြ ချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်