ကမ္ဘာ့အဆင့် (၁) စပိန်ကို ဂိုးပြတ်အနိုင်ယူပြီး ပါရီအိုလံပစ် ဗိုလ်လုပွဲသို့ နာမည်ကြီး ဘရာဇီး တက်လှမ်းပြီ

 

ဩဂုတ် ၇ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့သည့် ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ စိတ်ဝင်စားဖွယ်အကောင်းဆုံးပွဲစဉ် ဖြစ်သည့်  နာမည်ကြီး ဘရာဇီးနှင့် ကမ္ဘာ့အဆင့် (၁) စပိန်အသင်းပွဲစဉ်တွင် ဘရာဇီးအသင်းက အုပ်စုတွင်း ရှုံးကြွေးပြန်ဆပ်ကာ လေးဂိုး - နှစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ပါရီအိုလံပစ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။


အကောင်းဆုံးအုပ်စု   တတိယဖြင့်   နောက် တစ်ဆင့်တက်လှမ်းလာသော ဘရာဇီးအသင်းသည် ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၂) ပြင်သစ်အသင်း ကို အကြိတ်အနယ်ကစားပြီး     တစ်ဂိုး - ဂိုးမရှိဖြင့်နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာ နိုင်ခဲ့သလို   ဆီမီးဖိုင်နယ်တွင်လည်း   ကမ္ဘာ့ အဆင့် (၁) စပိန်အသင်းကို  အကြိတ်အနယ် ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့သည့်အတွက် ဗိုလ်လု ပွဲသို့  ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။


ဖိအားပေးကစား


စပိန်အသင်းသည်      ယခုပွဲစဉ်တွင် ပြိုင်ဘက်  ဘရာဇီးအသင်းကို   ဂိုးကန်သွင်းမှု အသာ၊ ခြေစွမ်းအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သည်။   သို့သော်လည်း ပြိုင်ဘက်အသင်း    ခံစစ်နှင့်   ဂိုးသမားတို့ အကောင်းဆုံးပုံစံဖြင့် ခုခံကာကွယ်နိုင်ခဲ့သည့် အတွက် ရှုံးပွဲကြုံတွေ့ကာ ဗိုလ်လုပွဲတက်လှမ်း ခွင့်   လွဲချော်ခဲ့သည်။     ဘရာဇီးအသင်းက အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်ခြင်း   မရှိ သော်လည်း    ရရှိလာသည့်    အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့သည်။


အချိန်ပိုဆက်ကစားခဲ့ရ


ပါရီအိုလံပစ်  ၂၀၂၄  အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ အခြားသော ပွဲစဉ်ရလဒ် တွင် အမေရိကန်နှင့် ဂျာမနီအသင်းကို အကြိတ် အနယ်ကစားပြီး   မိနစ်  ၉၀ အထိ   ဂိုးမရှိ သရေကျခဲ့သဖြင့် အချိန်ပိုဆက်ကစားခဲ့ရသည်။ ပွဲချိန် ၉၅ မိနစ်တွင်  အမေရိကန်မှ စမစ်သ် သွင်းယူသောဂိုးဖြင့် နိုင်ပွဲရရှိကာ  ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ဘရာဇီးအသင်းသည်  ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီးဘောလုံးပြိုင်ပွဲ    ဗိုလ်လုပွဲတွင် နာမည်ကြီး  အမေရိကန်အသင်းနှင့်  ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အဆိုပါ  ဗိုလ်လုပွဲကို ဩဂုတ် ၁၀ ရက် ည ၉ နာရီခွဲတွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။  ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ကို စပိန်နှင့် ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဩဂုတ် ၉ ရက် ည ၇ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။                         

အောင်ဇော်