ကမ္ဘာကြီးအားတွေ့မြင်ခြင်း - အံ့ဖွယ်၊ လမ်းစပေါ်လာခြင်း - တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်နိုင်သည့်စွမ်းရည်၊ ကမ္ဘာ့နိုင်ငံအသီးသီးခေါင်းဆောင်များ၏အမြင်ရှိ တရုတ်လမ်းကြောင်း

Type

Source - ဆင်ဟွာသတင်းဌာန

===========

 

ယခုနှစ်သည်  တရုတ်ကွန်မြူနစ်ပါတီ ထူထောင် သည့် နှစ် (၁၀၀) ပြည့်ဖြစ်ပါသည်။ ထူထောင်သည့် နှစ်(၁၀၀)အတွင်း၌    တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံဟူသည့်     ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးကို ဦးဆောင်၍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် သည့်လမ်းကြောင်းသို့   တက်ရောက်ပြီး    လူများ အားကျဖွယ်ရာအောင်မြင်မှုနှင့်         ကမ္ဘာကြီး၏ လေးစားမှုကို ရရှိခဲ့ပါသည်။


နိုင်ငံအသီးသီးမှ         နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့်          အဆင့်မြင့်အရာရှိများက လတ်တလောတွင်   တရုတ်နိုင်ငံက   ရရှိထားသည့် အောင်မြင်မှုများကို    ချီးကျူးခဲ့ပြီး   တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ကြံ့ခိုင် သော ဦးဆောင်မှုနှင့်  မှန်ကန်သောဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း၏ ရလဒ်ဖြစ်ပြီး   အခြားနိုင်ငံများက မိမိ၏     ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အရေးပါသည့်           လမ်းစဖော်ပေးမှုရှိကြောင်း ပြောကြားပါသည်။
အင်အားကောင်းသည့်    ဦးဆောင်မှုစွမ်းရည် မဖြစ်မနေလိုအပ်သည်။


လာအိုနိုင်ငံ   ဒုတိယဝန်ကြီးချုပ်ဟောင်း၊ အာဏာရပါတီဖြစ်သည့် လာအိုပြည်သူ့ တော်လှန် ရေးပါတီ ယခင်ဗဟိုကော်မတီအကြံပေး Somsavat Lengsavad က “တရုတ်နိုင်ငံလိုမျိုး နိုင်ငံကြီးက တိုတောင်းလှတဲ့ နှစ် ၄၀ ကျော်အတွင်းမှာ ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံး စီးပွားရေးအသိုက်အဝန်း ဖြစ်လာလိမ့်မယ်လို့ တစ်ကမ္ဘာလုံးက တွေးထင်မိ မှာမဟုတ်ဘူး။ ဒါကအင်မတန်မှ တော်တဲ့အောင်မြင် မှုတစ်ခုပါ” ဟုပြောကြားခဲ့သည်။
Somsavat Lengsavad က တရုတ်ကွန်မြူ နစ်ပါတီ၏ ထက်မြက်မှုနှင့် ကြံ့ခိုင်သည့် ဦးဆောင်မှု သည် အောင်မြင်မှုရရှိမှုကို အဆုံးအဖြတ်ပေးသည့် အကြောင်းအချက်ဖြစ်သည်ဟု ပြောကြားပါသည်။


ဘူလ်ဂေးရီးယားကွန်မြူနစ်ပါတီ အတွင်းရေး မှူး (၁) Alexandar Paunov က “တရုတ်အံ့ဖွယ်” ကို မှတ်ချက်ပေးရာမှာတော့  “ကျွန်တော့်အမြင်မှာ တော့ တရုတ်နိုင်ငံရဲ့အံ့ဖွယ်က    အဓိကအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏   ဦးဆောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ၎င်းတို့က ဒီတက်ကြွမှုတွေ  ပြည့်ဝနေ တဲ့ကမ္ဘာကြီးမှာ  ဖွံ့ဖြိုးတိုးတက်မှုပုံစံကို   ရှာတွေ့ သွားလို့ပဲဖြစ်ပါတယ် ယင်းသည် တရုတ်ဝိသေသ ဆောင်သော     ဆိုရှယ်လစ်ဝါဒဖြစ်သည်”    ဟု ပြောကြားပါသည်။
ပီရူးကွန်မြူနစ်ပါတီ (Red Fatherland) ဥက္ကဋ္ဌ Alberto Moreno က   “တရုတ်ကွန်မြူနစ်ပါတီ လျှောက်လှမ်းတဲ့    တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်လမ်းစဉ်က      မူရင်းဖန်တီးမှုဖြစ်ပြီး လက်ရှိ     ကမ္ဘာကြီး၏လိုအပ်ချက်နဲ့   လိုက်လျော ညီထွေသလို    တရုတ်နိုင်ငံရဲ့   နိုင်ငံအခြေအနေနဲ့ လည်း ကိုက်ညီပါတယ်” ဟုပြောကြားပါသည်။
အီရတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေး မှူး Raed Fahmi က တရုတ်ဝိသေသဆောင်သည့် ဆိုရှယ်လစ်ဝါဒသည်    ကြီးမားသည့်    သမိုင်း အတွေ့အကြုံတစ်ခုဖြစ်ပြီး       အီရတ်ကွန်မြူနစ်ပါတီက သုတေသနပြုလုပ်ကာ အတုယူဖို့ စိတ်အားထက်သန် လျက်ရှိကြောင်း ပြောကြားပါသည်။
ပနားမား    အာဏာရပါတီ    ဒီမိုကရစ်တစ် တော်လှန်ရေးပါတီ နိုင်ငံတကာဆက်ဆံရေး အတွင်း ရေးမှူး Hector Aleman  က တရုတ်ကွန်မြူနစ် ပါတီသမိုင်း၏   အဆင့်တိုင်းတွင်     ထူးချွန်သည့် ခေါင်းဆောင်များရှိပြီး အဆင့်တိုင်း၏ဖွံ့ဖြိုးတိုးတက် မှုကို တွန်းအားပေးကာ ရည်မှန်းချက်ကို ဖော်ဆောင် နေပါသည်ဟု ပြောကြားပါသည်။


ဖွံ့ဖြိုးတိုးတက်မှုသည် လူသားများအား အကျိုး ပြုသည်။


စည်းလုံးညီညွတ်ရေး    ဆီးရီးယားကွန်မြူနစ် ပါတီ အတွင်းရေးမှူးချုပ် Najm al-Deen al-Kharit က ၎င်းသည် တရုတ်နိုင်ငံသို့ ခရီးစဉ်နှစ်ကြိမ်ရောက်ရှိ ခဲ့ပြီး  တရုတ်နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် တိုက်တာတည်ဆောက်ရေးနှင့်        ပြည်သူ့ဘဝ ကောင်းမွန်လာစေရေးတို့အပေါ် နက်ရှိုင်းစွာ အမှတ် ထင်ကျန်ရစ်ခဲ့ကြောင်း ပြောကြားပါသည်။


တရုတ်နိုင်ငံက လျင်မြန်သည့်ဖွံ့ဖြိုးတိုးတက်မှုဖြင့် ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုး စီးပွားသယ်ဆောင်လာပေးသည်ကို     နက်ရှိုင်းစွာ အမှတ်ထင်ကျန်ရစ်သည်မှာ  Najm al-Deen al-Kharit တင်မဟုတ်ပါ။


လက်ဘနွန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် Adham Sayed က “တရုတ်နိုင်ငံက ကပ်ရောဂါကို ထိန်းချုပ်တဲ့ လျှို့ဝှက်ချက်က ပြည်သူများရဲ့ ကျန်းမာ ရေးကို ပထမဆုံးနေရာမှာ ထားရှိခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားပြီး ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက ကပ်ရောဂါ အဆိုးရွားဆုံးကာလနှင့် နောက်ပိုင်းတွင် တရုတ်ပြည်သူများ၏ အကျိုးစီးပွားအတွက် အကျိုး ထမ်းဆောင်မှုကို ပေါ်လွင်စေပါသည်။


Adham Sayed က “နိုင်ငံရေးပါတီတစ်ခုသည် ဆက်လက်ရှင်သန်လိုပါက  ပြည်သူ့အကျိုးစီးပွားကို ထိပ်ဆုံးမှာထားရပါမယ်။ ဒါကလည်း တရုတ်ကွန်မြူ နစ်ပါတီက    ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တစ်ခုလုံးမှာ လုပ်ဆောင်တဲ့အရာဖြစ်ပါတယ်”ဟု ပြောကြားပါသည်။
ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း Peter Medgyessy က တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာ အောင်မြင်မှုအပေါ် နက်ရှိုင်းစွာအမှတ်ထင်ကျန်ရစ်ခဲ့ပြီး “တရုတ်နိုင်ငံ၏ လူနေမှုဘဝ အရည်အသွေးသည်လည်း ကြီးမားသည့် ပြောင်းလဲမှုဖြစ်ပွားလာပါတယ်။    ဒါကနည်းပညာ တိုးတက်မှုထက်     ပိုပြီးအရေးကြီးပါတယ်” ဟု ပြောကြားသည်။
Peter Medgyessy က “အဆိုပါ ပါတီရဲ့ အောင်မြင်မှုက အဓိကအားဖြင့် ကိစ္စရပ်နှစ်ခုကို အခြေခံပါတယ်။ ပထမအနေနဲ့ ရေရှည်ထိန်းသိမ်း လို့ရတဲ့ တည်ငြိမ်တဲ့တန်ဖိုးတစ်စုံကို ကိုယ်စားပြု နေပါတယ်။ ဒုတိယအနေနဲ့ ၎င်းက အလွန်ကောင်း မွန်တဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းသစ်နိုင်စွမ်း ရှိပါ တယ်” ဟုပြောကြားသည်။
ဆီးရီးယားအာဏာရပါတီ al-Baath ပါတီ၏ အဓိကအဖွဲ့ဝင် Mahdi Dakhlallah က “ပြည်သူကို အဓိကထား” သည့် သဘောတရားသည် တရုတ် နိုင်ငံကို ရှေ့သို့ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး သည်ဟု ပြောကြားပါသည်။


ကမ္ဘာကြီး၏ဉာဏ်ပညာ


ဗင်နီဇွဲလား စည်းလုံးညီညွတ်ရေး ဆိုရှယ်လစ် ပါတီ ဒုတိယဥက္ကဋ္ဌ Adan Chavez သည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လေးကြိမ် ရောက်ရှိခဲ့ပါသည်။ ၎င်းက  တရုတ်ကွန်မြူနစ်ပါတီ သည်   တရုတ်သိပ္ပံနည်းပညာ   ဖွံ့ဖြိုးတိုးတက်မှု၏ မဏ္ဍိုင်ဖြစ်ပြီး ပြည်သူများရရှိသည့်    အောင်မြင်မှု သည်   “ကမ္ဘာကြီး အခြားနေရာများ၏          စံပြဖြစ်ရုံ သာမက မျှော်လင့်ချက်၏ ပြယုဂ်လည်းဖြစ်ကြောင်း” ပြောကြားပါသည်။ 


Adan Chavez က    “တရုတ်ပြည်သူတွေက တရုတ်ဝိသေသဆောင်သည့် ဆိုရှယ်လစ်ဝါဒ မူဝါဒ ကို လက်ကိုင်စွဲသည့်တစ်ချိန်တည်းတွင် အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီအပေါ်  အင်တိုက်အားတိုက် ထောက်ခံမှုကို ကျွန်တော်တို့ မျက်မြင်မြင်တွေ့လိုက် ပါတယ်” ဟုပြောကြားသည်။


ဗင်နီဇွဲလား  ပါတီအဆင့်မြင့်အရာရှိက “ရှီကျင့် ဖျင်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု”စာအုပ် တတိယအတွဲ အကြောင်းပြောရာတွင်              ထိုစာအုပ်သည် ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေးတွင် အောင်မြင်  မှုရရှိရန်လိုအပ်သည့်အဆင့်များနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ၏  အမြင်အသစ်ကို   သရုပ်ဖော် ရေးသားထားပါသည်။
၎င်းက  တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးကို လွတ်လပ်မှုနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ ရယူရန်    အားပေးအားမြောက်ပြုနေကြောင်း၊ တရုတ်ပြည်သူများရရှိသည့် ကြီးမားသောတိုးတက် မှုသည်  ဆိုရှယ်လစ်ဝါဒက   “လူသားများအပေါ် အကျိုးသက်ရောက်မှုရှိသည့် အရေးကိစ္စများအား ဖြေရှင်းရန်အတွက်”  ထိရောက်သည့်နည်းလမ်း ဖြစ်ကြောင်း ထင်ရှားစွာသက်သေထူနေသည်ဟု ပြောကြားပါသည်။


မက္ကဆီကိုနိုင်ငံ Institutional Revolutionary ပါတီ    နိုင်ငံတကာရေးရာ  အတွင်းရေးမှူး   Sofia Carvajal    က       တရုတ်ကွန်မြူနစ်ပါတီသည် နှစ်တစ်ရာ နိုင်ငံရေးပါတီကြီးအနေဖြင့် အမြဲတစေ နှင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်နေပြီး အဆက် မပြတ် ဆန်းသစ်တီထွင်နေကြောင်း၊ အဆိုပါကဏ္ဍ တွင် ၎င်း၏နိုင်ငံရေးပါတီသည် တရုတ်ကွန်မြူနစ် ပါတီထံ လေ့လာသင်ယူပြီး အဆက်မပြတ် ဆန်းသစ် တီထွင်၊ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အဆက် မပြတ်ပြောင်းလဲနေသည့် တောင်းဆိုချက်ကို  လိုက် လျောညီထွေအောင်ဆောင်ရွက်၍ အများပြည်သူ ၏ထောက်ခံအားပေးမှုကို    ရယူနိုင်ကြောင်း ပြောကြားပါသည်။


Peter Medgyessy   က     တရုတ်နိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုသည်   တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ စျေးကွက်နှင့် ရင်းနှီးမြှုပ်နှံ မှုအတွက် အခွင့်အရေးဖန်တီးပေးလိုက်ပြီး တရုတ် နိုင်ငံက ကမ္ဘာကြီးအပေါ်   အကျိုးသက်ရောက်မှုက “အလွန်သိသာထင်ရှား”    ပါသည်ဟု   ထုတ်ဖော် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါး ဖွင့်မှုသည် ဘီလာရုဇ်နိုင်ငံအပါအဝင် အခြားနိုင်ငံ များအတွက်           အရေးပါသောအတွေ့အကြုံ ဖြစ်ပါသည်။  ဘီလာရုဇ်နိုင်ငံ    ဒုတိယဝန်ကြီးချုပ် ဟောင်း Anatoly Tozik က  “တရုတ်နိုင်ငံရဲ့  လူမှု စီးပွား  ဖွံ့ဖြိုးတိုးတက်မှုတွင်   စိတ်ဝင်စားဖွယ်ရာကိစ္စ များစွာရှိပါတယ်။   ယနေ့မှာတော့    ဒါတွေက ကျွန်တော်တို့နိုင်ငံနဲ့  အလွန်ပတ်သက်နေတယ်လို့ ကျွန်တော်ယူဆပါတယ်” ဟုပြောကြားသည်။

 

၎င်းက “တရုတ်နိုင်ငံ၏ နိုင်ငံတော်အင်အားနှင့် စီးပွားရေးအင်အား တိုးတက်လာမှုသည် လူသား များအပေါ် ခြိမ်းခြောက်မှုမဟုတ်ဘဲ လူတိုင်းက လက်ရှိ   အင်မတန်ခက်ခဲတဲ့ကာလနဲ့   လူသား နေထိုင်မှုဘဝမှာ  အလွန်အမင်းခက်ခဲတဲ့ကာလကို ကျော်ဖြတ်ရေးအတွက် အပိုအခွင့်အရေးဖြစ်တယ်” ဟုပြောကြားသည်။        ။