ကမ္ဘာကြီးဟာ ပူလိုက်၊ နွေးလိုက်၊ အေးလိုက် ဒီလိုပါပဲ

Type

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
 

=========================

 

v     ကမ္ဘာ့သမိုင်းမှာ လူသားဟာ အလွန်တရာ ကြမ်းတမ်းလှတဲ့    ရေခဲခေတ်ကြီးတွေနဲ့ သဘာဝဘေးအန္တရာယ်ကြီးတွေကို ခက်ခက် ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ 
v     ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကြီးပူနွေး လို့ပဲ။ ကမ္ဘာကြီးပူနွေးတာဘာကြောင့်လဲ။
v     သိပ္ပံအခေါ်အရ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ကြောင့်လား။ 
v     သစ်တောသစ်ပင်တွေ နည်းပါးတာကြောင့် လား။ 


v     ပြဿနာတွေကို ဖြေရှင်းရာမှာ   ရံဖန်ရံခါ ဆိုသလို သိပ္ပံပညာရှင်တို့ဟာ အရေးပါအခရာ ကျတဲ့ ဇာစ်မြစ်ကို    မြင်တွေ့ကြသူတွေဖြစ်ပါ တယ်။ ပြဿနာကို ပြေလည်အောင် ဖြေရှင်း ပေးနိုင်လေ့ရှိပါတယ်။


v     လူသားဟာ  မိမိဉာဏ်ရည်၊   အသိဉာဏ်နဲ့ စွမ်းအားမှန်သမျှ ထုတ်သုံးနိုင်တာမို့ ကမ္ဘာ ကြီးပူနွေးခြင်း၊ ပုံမမှန်ရာသီဥတုဖြစ်ပေါ်ခြင်း၊ ဆိုင်ကလုံးမုန်တိုင်းတွေ မကြာခဏ တိုက် ခတ်ခြင်း၊  တောမီးတွေလောင်ခြင်း ဘေး အန္တရာယ်တွေကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့အချက်တွေနဲ့ ဒီဆောင်းပါးကို စချင်ပါ တယ်။
ကမ္ဘာဂြိုဟ်ဟာ      နှစ်သန်းပေါင်း ၄၆၀၀  ကတည်းကပေါ်ပေါက်ခဲ့ပါတယ်။ နှစ်သန်းပေါင်း ထောင်ချီရှိခဲ့တဲ့အခါက  လေထုနဲ့ ရာသီဥတုတို့ ဟာလည်း အပြောင်းအလဲရှိခဲ့ပါတယ်။ ကမ္ဘာကြီး ပူနွေးတာဟာ ဘာကြောင့်လဲ၊ နေရောင်ခြည်တစ်ခု တည်းကြောင့် မဟုတ်နိုင်ဘူး။ နေကထုတ်လွှတ်တဲ့ စွမ်းအင်ပမာဏဟာ ယနေ့နဲ့နှိုင်းရင်  အဆ ၂၅-၃၀ ရာခိုင်နှုန်း နည်းပါသေးတယ်။ 


မီးတောင်တွေကထွက်တဲ့  ဓာတ်ငွေ့တွေကို လေ့လာရာမှာ  ကမ္ဘာဦးလေထုမှာ  ကာဗွန်ဒိုင် အောက်ဆိုက် CO2 ဓာတ်ငွေ့ဟာ ယနေ့ အခြေအနေ ထက် အဆပေါင်း ၁၀၀၀ မြင့်ခဲ့တယ်လို့ သိပ္ပံအထောက် အထားကို အခြေခံခန့်မှန်းပြောဆိုတာဖြစ်ပါတယ်။ အထောက်အထားတွေရှိခဲ့ပါတယ်။ US နဲ့ ယခင် USSR တို့လွှတ်တင်တဲ့ ဂြိုဟ်တုတွေဟာ Venus ရဲ့ လေထုကို လေ့လာခဲ့ပါတယ်။ Venus ကောင်းကင်မှာ ကာဗွန်ဒိုင်အောက်ဆိုက်က ၉၆  ရာခိုင်နှုန်း  ရှိပါ တယ်။ အပူချိန်ဟာ 450°C ပဲရှိတယ်လို့ သိရပါတယ်။  ကမ္ဘာကတော့ နှစ်စဉ် ပျမ်းမျှအပူချိန်ဟာ 15°C သာရှိပါတယ်။


Venus နဲ့ နေ၊ ကမ္ဘာနဲ့နေ အကွာအဝေးကို အကြောင်းပြုရင် Venus ရဲ့ အပူချိန်ဟာ 100°C ပဲ ရှိသင့်ပြီး     ကမ္ဘာရဲ့အပူချိန်ဟာ –18°Cရှိမယ်လို့   တွက်လို့ရပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ လေထု တွင်းပါဝင်မှုရာခိုင်နှုန်းက 0.04 ရာခိုင်နှုန်းပဲ ဖြစ်ပါ တယ်။ အပူချိန် 33°C မြင့်တက်ခဲ့ပါတယ် (33°C– 18°C=15°C)။  ကမ္ဘာရဲ့ နှစ်စဉ်ပျမ်းမျှအပူချိန်ဟာ 15°C သာရှိပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပူနွေးခဲ့တာ ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ အပူ IR ရောင်ခြည်ကို စုပ်ယူတာ ထင်ရှားပါတယ်။ 


လေထုနဲ့ရေထုထဲမှာ   လွန်စွာများပြားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်(Carbon dioxide) ဓာတ်ငွေ့ ကြောင့် ကမ္ဘာဦးကတည်းကရှိခဲ့တဲ့ ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တို့ကြောင့် ကမ္ဘာကြီးဟာ နွေးနွေးထွေးထွေးနဲ့   နေသာထိုင်သာရှိခဲ့ပါတယ်။ ဒီကမ္ဘာမှာ  သက်ရှိတွေပေါ်ပေါက်ဖို့ဖြစ်ခဲ့ပါတယ်။ သိပ္ပံအခေါ်အရ   ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (Greenhouse gas) လို့ ခေါ်ပါတယ်။


နှစ်အပိုင်းအခြားအရ ရေခဲထဲမှာပိတ်မိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အခြားဓာတ်ငွေ့တွေရဲ့ ပမာဏကိုလည်း တိုင်းတာနိုင်ခဲ့ပါတယ်။ ကမ္ဘာကြီး ရဲ့အပူချိန် အပြောင်းအလဲဖြစ်ခဲ့ပုံနဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏနှစ်ခုကို  ဂရပ်တစ်ခုထဲမှာ ထင်ဟပ်ကြည့်တဲ့အခါ   ဆက်နွှယ်မှုရှိနေတာကို တွေ့ရပါတယ်။ 
ဥပမာလွန်ခဲ့တဲ့ နှစ် နှစ်သောင်းက တကယ် တော့ နောက်ဆုံးရေခဲခေတ်အတွင်းက ကမ္ဘာ့လေထု အပူချိန်ဟာ ၁၉၅၀-၈၀ ပျမ်းမျှအပူချိန်ထက် ကိုး  ဒီဂရီစင်တီဂရိတ်နိမ့်ခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက် ဆိုက် ပမာဏဟာလည်း ၁၈၅ ပီပီအမ် လောက်ပဲ ရှိခဲ့ပါတယ်။   ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း   တစ်သိန်းသုံးသောင်းမှာ  ၁၆ ဒီဂရီစင်တီဂရိတ်အထိ    မြင့်တက်ခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဟာလည်း ၃၀၀ ပီပီအမ်အထိ    မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေခိုးရေငွေ့တို့ဟာ သဘာဝအလျောက် လေထုထဲမှာရှိနေခြင်းကြောင့် ကမ္ဘာကြီးဟာ ပူနွေးနေမှာပါပဲ။ 


ရာသီဥတုပြောင်းလဲမှုကို  အထူးတလည် လေ့လာတဲ့ အဖွဲ့ကတော့ “The Intergovernmental Panel on Clamite Change (IPCC)” ဖြစ်ပါတယ်။ ပညာရှင်ပေါင်း ၂၅၀၀ က သိပ္ပံအချက်အလက်တွေကို မျှမျှတတသုံးသပ်တဲ့အဖွဲ့က အရှိကိုအရှိအတိုင်း ရာသီဥတုပြောင်းလဲမှုကို စနစ်တကျ လေ့လာနေ တာ ဖြစ်ပါတယ်။ 
၁၇ ရာစု ကမ္ဘာကြီးဟာ အလွန်အေးခဲ့ပါတယ်။ အဲဒီအချိန်က ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ၂၆၀ ပီပီအမ် ရှိခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ်ရောက်တော့ ၃၀၀ ပီပီအမ်၊ ၁၉၉၀ ပြည့်နှစ်တွေဟာ ကမ္ဘာကြီး ပိုမိုပူနွေးတဲ့ နှစ်တွေဖြစ်ခဲ့ပါတယ်။ ဒါဟာ ဆက်စပ် မှုလို့ ပြောရပါမယ်။


၁၈ ရာစုနှစ်ဝက်ရောက်တော့ ရေနွေးငွေ့စက် မောင်းဖို့အတွက် လောင်စာဟာ သစ်တောသစ်ပင် ကရတဲ့  သစ်သားထင်းပဲဖြစ်ပါတယ်။ ပြန်ဆန်းစစ် ကြည့်ရင်  လူ့ရဲ့ယဉ်ကျေးမှုကြီး တိုးတက်ခဲ့တာ စက်မှုထွန်းကားလို့ပဲ။   ရေနွေးငွေ့အင်ဂျင်စက်တွေ ပေါ်ခဲ့စဉ်က  ထင်းဟာလောင်စာ၊  သစ်တော သစ်ပင်ပဲ၊ သစ်တောသစ်ပင်ကို ထင်းမီးသွေးအဖြစ် သုံးနေဆဲဆိုတော့   လေထုထဲ ကာဗွန်ဓာတ်ငွေ့ ရောက်လာရပါတယ်။ 


၁၉၀၀ပြည့်နှစ်က သစ်တောဟက်တာ ခြောက် ဘီလီယံ ရှိပါတယ်။ လူဦးရေက သုံးဘီလီယံ၊ ယခု အခါ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၃၀ ရာခိုင်နှုန်းဟာ သစ်တောနဲ့ လွှမ်းခြုံလျက်ရှိနေတော့ သစ်တော ဟက်တာ လေးဘီလီယံ နီးပါးရှိပါတယ်။ ပြဿနာက နှစ်စဉ် သစ်တောဟက်တာ ၁၃ သန်းနှုန်းနဲ့ ပျောက် ကွယ်ခြင်းဟာ ကမ္ဘာကြီးပူနွေးခြင်းရဲ့ တရားခံပဲ ဖြစ်ပါတယ်။ သစ်တောတစ်ဟက်တာ ပျောက်ကွယ် သွားရင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် တန် ၅၀၀ ဟာ ဒီအတိုင်းကျန်နေခဲ့လို့  ပမာဏ မြင့်တက်လာတယ်လို့ ပြောလို့ရပါတယ်။


 m စာမျက်နှာ ၂၂ မှ
ရာခိုင်နှုန်းအားဖြင့် စက်မှုခေတ်မတိုင်မီက ထက် ကာဗွန်ဒိုင်အောက်ဆိုက် ၂၀-၅၀ ရာခိုင်နှုန်း မြင့်မားလာပါတယ်။ တန်ချိန်နဲ့ပြောရင် သစ်တော ဟက်တာ ၁၃ သန်းနှုန်းနဲ့ ပျောက်ကွယ်သွားတဲ့ အတွက် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ တန်(၁၃ x ၅၀၀) = ၆၅၀၀ သန်း ရှိလာပါတယ်။ လေထုထဲ နှစ်စဉ်ပို၍ပို၍ ကျန်နေတာဖြစ်ပါတယ်။ သစ်တောသစ်ပင်တွေ         မပျောက်ကွယ်ခဲ့ရင် ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ Photosynthesis ကြောင့် လေထုထဲမှာ တင်ကျန်နေမှာ မဟုတ်ပါဘူး။  

  
သစ်ပင်တွေသာလုပ်ဆောင်နိုင်တဲ့ 
Photosynthesis


အောက်ပါ ဓာတ်ပြုခြင်းမှာ ပြထားတဲ့အတိုင်း နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ဘီလီယံ ၂၀၀ လောက်ဟာ  သစ်ပင်တွေသာ လုပ်ဆောင်နိုင်တဲ့ Photosynthesis ဖြစ်စဉ်ထဲကို ဖြတ်သန်းကြပြီး ကာဗွန်ဟိုက်ဒရိုက်ကစီဓာတ်၊ ဆေးဘက်ဝင်ဗီတာမင်နဲ့ အဆီဓာတ်တွေ တန်ချိန် ဘီလီယံ ၁၀၀ ကျော် ထုတ်ပေးပါတယ်။ အောက်ဆီ ဂျင်ကလည်း တန်ချိန်ဘီလီယံ ၁၀၀ ကျော်ထုတ် ပေးတဲ့ ဒီသဘာဝစက်ရုံကြီးကို နေရောင်ခြည်က မောင်းနှင်ပေးပါတယ်။ သစ်ပင်မှာအစိမ်းရောင် ဆိုတဲ့ နေရာမှန်သမျှက ဓာတ်ကူပစ္စည်း ကလိုရိုဖီး (Chlorophyll) လည်း ပါဝင်ပါတယ်။ 


ဒီပြောင်းလဲခြင်းဟာ   ဓာတုသဘောအရ အပူစုပ်ယူခြင်း (Endothermic) ရှိမှ  ဖြစ်နိုင်ပါ တယ်။ ဒီအပူဟာ   ခရမ်းလွန်ရောင်ခြည် (Ultraviolet) ကပဲရတယ်။ နေရောင်ခြည်ပဲ ၂၈၀၀ kJ per mole of glucose ရှိပါတယ်။  တစ်နည်းအားဖြင့် Glucose တစ်ဂရမ်ရဖို့ဆိုရင် အလင်းရောင်စွမ်းအင် 15.5kJကို အပင်ကစုပ်ယူရပါတယ်။
ပြောင်းလဲကုန်ဆုံးသွားတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့နေရာမှာ   သက်ရှိနဲ့အပင်တို့က လေ (အောက်ဆီဂျင်) ကို  ရှူရှိုက်ခြင်းကထွက်လာတဲ့ ဓာတ်ငွေ့၊ ရုက္ခ၊  သတ္တလောကတို့   သေကျေပျက်စီး ဆွေးမြည့်တာကြောင့်    ထွက်တဲ့ဓာတ်ငွေ့ထင်းမီးသွေးတွေလောင်ကျွမ်းလို့     ဖြစ်လာတဲ့  ကာဗွန်ဒိုင် အောက်ဆိုက်         ဓာတ်ငွေ့တွေဟာ သစ်ပင်တွေစုပ်ယူသွားတဲ့နေရာမှာ    အစားထိုး ရောက်လာကြလို့  ဧရာမသဘာဝစက်ရုံကြီးဟာ  လည်ပတ်နေတာ ဖြစ်တယ်။ အစားထိုးဖြည့်စွက်တဲ့   ဒီကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့သာ မရှိခဲ့ရင် လေထုထဲမှာ ပုံမှန်ရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ လအနည်းငယ်အတွင်းမှာ ကုန်ဆုံးသွားပါလိမ့်မယ်။ ကမ္ဘာကြီးဟာလည်း အလွန်အေးသွားပါလိမ့်မယ်။ အပင်တို့အတွက်ကတော့ ဒီကာဗွန်ဒိုင်အောက်ဆိုက် ဟာ  မိတ်ဆွေပါပဲ။ အပင်တွေဟာ   ကာဗွန်ဒိုင် အောက်ဆိုက်မရှိရင် ရှင်သန်ကြီးထွားမှု  မဖြစ်နိုင် သကဲ့သို့ လူသတ္တဝါအပေါင်းဟာလည်း  အပင်က ထုတ်လွှတ်ပေးတဲ့     အောက်ဆီဂျင်မရရင် အသက် ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ 


ဒီသဘာဝဓာတုစက်ရုံကြီးအတွက် ကုန်ကြမ်း တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီးပူနွေးစေသော်လည်း ဒီဓာတ်ငွေ့ဟာ မိတ်ဆွေတွေပဲ။ လိုအပ်တာထက် ပိုလာရင်တော့ မီးလိုပဲ ရန်သူဖြစ်ပြီပေါ့။ ဒါဆိုကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့  မြင့်လာရတဲ့အကြောင်း အရင်းတွေက ဘာများလဲ။


၁၉၈၀ နဲ့ ၁၉၁၀ ပြည့်နှစ်အတွင်း  သိပ္ပံနဲ့ နည်းပညာတီထွင်ဆန်းသစ်မှုရဲ့ရလဒ်၊ အင်ဂျင်စက် တွေ တီထွင်ခဲ့ပါတယ်။ အင်္ဂလန်မှာ အသစ်တီထွင် တဲ့ အင်ဂျင်စက်ဟာ   လောင်စာအကြီးအကျယ် လိုအပ်တော့   သစ်တောတွေကထွက်တဲ့ထင်းဟာ လွယ်လွယ်မရတော့တဲ့အချိန်မှာ ကျောက်မီးသွေးဟာ ပိုပြီးအသုံးတည့်လာပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာကိုသုံးခဲ့ပါတယ်။ လျှပ်စစ်စွမ်းအားတွေ ထုတ်ခဲ့ပါတယ်။ 


ဘာကြောင့်လဲဆိုတော့ ကျောက်မီးသွေးတစ်ဂရမ်  (1 g) ဟာ ၃၀ ကီလိုဂျူးလ် (30kJ) ထွက်ပါတယ်။ ထင်းတစ်ဂရမ်က ၁၀-၁၄ ကီလိုဂျူးလ်လောက်ပဲ ထွက်ပါတယ်။ ကျောက်မီးသွေးက စွမ်းအင်ပိုထွက် ရတဲ့အကြောင်းကတော့ ကာဗွန်ပါဝင်မှုပိုများလို့ ရေနဲ့ အောက်ဆီဂျင်ပါဝင်မှု  နည်းလို့ပဲဖြစ်ပါတယ်။
ကျောက်မီးသွေးဟာဒြပ်ပေါင်း (Compound) မဟုတ်   ဒြပ်စင်အရောအနှောသာဖြစ်ပါတယ်။ ပျမ်းမျှ    ဖော်မြူလာတစ်ခုသဖွယ်ရေးရရင် C135H96O9NS လို့ ရေးနိုင်ပါတယ်။ ဒီဖော်မြူလာအရ ကာဗွန်ပါဝင်မှု ၈၅ ရာခိုင်နှုန်းအထိရှိပါတယ်။    ဒီဒြပ်စင်တွေဟာ မူရင်းအပင်ကလာတာဖြစ်ပြီး   ကျောက်မီးသွေး နမူနာတွေမှာ စီလီကွန်ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ အလူမီနီယမ်၊ နီကယ်၊ ကြေးနီ၊ သွပ်၊ အာဆင်းနစ်၊ ခဲနှင့် ပြဒါးတို့လည်း ပါဝင်ပါ တယ်။


အမေရိကန်နှင့် ဥရောပနိုင်ငံများက
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံ
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်  မြင့်လာရတဲ့ အကြောင်းရင်းကတော့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားစက်ရုံတွေ ကမ္ဘာအရပ်ရပ်မှာ များလာ လို့ပဲ။   ကျောက်မီးသွေးတန်တစ်ထောင်သုံးပြီး တစ်နာရီကြာ လျှပ်စစ်ထုတ်မယ်ဆိုရင် လေထုတွင်း သို့ ကာဗွန်ဒိုင်အောက်ဆိုက် တန်နှစ်ထောင်ထုတ် လွှတ်ပါတယ်။ ကျောက်မီးသွေးဟာညစ်ပတ်တဲ့ လောင်စာ။ ရုပ်လက္ခဏာအရ  ညစ်ပတ်တာထက် ကျောက်မီးသွေးစက်ရုံက ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကလည်း ကမ္ဘာကြီးပူနွေးစေ တဲ့အတွက် ပြဿနာတစ်ခုဖြစ်နေပါတယ်။ ဒါတွေ အပြင် အခြားဓာတ်ငွေ့တွေဖြစ်တဲ့      နိုက်ထရိုဂျင်  ဒိုင်အောက်ဆိုက် (Nitrogen dioxide) နဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုက် (Sulphur dioxide) တွေလည်း ထွက်လာတော့ အက်စစ်မိုးဖြစ်လာတာကလည်း တစ်မှောင့် ဖြစ်နေပါတယ်။ ဒီကိစ္စက ၁၉၅၀ ပြည့်နှစ် ကျော်လောက်က နည်းပညာနိမ့်ခဲ့လို့ဖြစ်ခဲ့တာ  ဖြစ်ပါတယ်။ ဒီဘက်ခေတ်ရောက်တော့ နည်းပညာ တွေဟာ  မြင့်မားလာခဲ့ပါတယ်။  ဆာလ်ဖာဒိုင် အောက်ဆိုက်ဓာတ်ငွေ့တွေကိုလည်း ၉၀ ရာခိုင်နှုန်း အထိ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အမေရိက၊ အင်္ဂလန် နိုင်ငံနဲ့ ဂျာမနီနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြုံတွေ့ခဲ့တဲ့ ဆိုးကျိုးတွေထဲက “အက်စစ်မိုး” (Acid Rain) ဆိုတာ နည်းပညာသစ်တွေသုံးလာတော့ ယခုဆိုရင် မဆိုစလောက်ပဲ     ရှိပါတော့တယ်။ ဆာလ်ဖာပါဝင်တဲ့    ကျောက်မီးသွေးသုံးရင် ဆာလ်ဖာဒိုင်အောက်ဆိုက်        ထွက်ပါတယ်။ အက်စစ်မိုးဖြစ်စေပါတယ်။             
(ဆက်လက်ဖော်ပြပါမည်)