
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဂ) ပွဲစဉ် (၁) မှ နာမည်ကြီး အာဂျင်တီးနား နှင့် ဆော်ဒီအာရေဗျအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၂၂ ရက် ညပိုင်း က လူဆေးလ်အိုင်ကွန်းနစ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ဆော်ဒီအာရေဗျအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
အာဂျင်တီးနား အသင်းတွင် မက်ဆီ၊ ဒီမာရီယာ စသည့် ထိပ်တန်းကစားသမား အမြောက် အမြား ပါဝင်လာသော်လည်း တိုက်စစ်အဆုံးသတ်အားနည်းမှုကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ အာဂျင်တီးနားအသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် လက်ကျန် မက္ကဆီကို၊ ပိုလန် အသင်း တို့နှင့် ပွဲစဉ်တွင် မဖြစ်မနေရလဒ်ကောင်းရရှိရေး ကြိုးစားရတော့ မည် ဖြစ်သည်။
အာဂျင်တီးနားအသင်းသည် ဆော်ဒီအာရေဗျအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှု အကြိမ်ကြိမ်၊ ဂိုးကန်သွင်းမှု အခါခါ ပြုလုပ်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ခံစစ်၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှု၊ ဂိုးသမား အိုဝှစ်၏ လက်စွမ်းပြကာကွယ်ထားနိုင်မှု တို့ကြောင့် ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်ထားနိုင်သည်ကို တွေ့ရသည်။
ဦးဆောင်ဂိုးကို အာဂျင်တီးနားအသင်းက ပွဲချိန် ၁၀ မိနစ်တွင် ရရှိခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။ ဆော်ဒီအာရေဗျအသင်းအတွက် ဂိုးများကို ပွဲချိန် ၄၉ မိနစ်တွင် အယ်ရှာရီနှင့် ၅၃ မိနစ် အယ်ဒါဝါဆာရီတို့က သွင်းယူပေးခဲ့သည်။
အုပ်စု(ဃ) ပွဲစဉ် (၁) မှ ဒိန်းမတ်နှင့် တူနီးရှားတို့ပွဲကို နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။
အောင်ဇော်