ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် ဂျပန်လက်ရွေးစင်အသင်း မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး လေ့ကျင့်မှုပြုလုပ်

 

ရန်ကုန်  ဇွန်  ၄
၂၀၂၆  ကမ္ဘာ့ဖလား  ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ်  မြန်မာအသင်းနှင့်  ယှဉ်ပြိုင် ကစားရန် ဂျပန်လက်ရွေးစင်အသင်းသည် ဇွန် ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။
လေ့ကျင့်မှုများပြုလုပ်ခဲ့
ဂျပန်လက်ရွေးစင်အသင်းသည်  ဇွန်  ၄ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာပြီးနောက် ဇွန် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏလေ့ကျင့်ရေး ကွင်း၌  ပထမဆုံးလေ့ကျင့်မှုများ  ပြုလုပ်ခဲ့ သည်။   ဂျပန်လက်ရွေးစင်အသင်းတွင် ကစားသမား ၂၆ ဦး လိုက်ပါလာပြီး နည်းပြချုပ် မိုရီယာဆုသည် ဥရောပအခြေစိုက် နာမည်ကြီး ကစားသမားအားလုံးနီးပါး  ခေါ်ဆောင်လာ သည်။ အာဆင်နယ်အသင်းမှ တိုမီယာဆု၊ လီဗာပူးလ်အသင်းမှ အန်ဒို၊ လာဇီယိုအသင်းမှ ကာမာဒါ၊ မိုနာကိုအသင်းမှ မီနာမီနို၊ ဆိုစီဒက် အသင်းမှ  ကူဘို၊  ဖီယင်နုအသင်းမှ  ယူအီဒါ စသည့် ကစားသမားများ ပါဝင်လာသည်။
နောက်တစ်ဆင့်တက်ရောက်ထား
မြန်မာ့လက်ရွေးစင်အသင်းနှင့်     ဂျပန် လက်ရွေးစင်အသင်းတို့၏     ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဇွန် ၆ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပ မည်ဖြစ်သည်။  ဂျပန်အသင်းသည်  လေးပွဲ ကစား လေးပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် နောက်တစ်ဆင့် တက်ရောက်ထားပြီး  မြန်မာအသင်းမှာမူ လေးပွဲကစား တစ်မှတ်ရရှိ ထားသည်။  ပထမအကျော့  တွေ့ဆုံမှုတွင် ဂျပန်အသင်းက မြန်မာအသင်းကို ငါးဂိုးပြတ် အနိုင်ရထားသည်။ 
ရဲရင့်လွင်
ဓာတ်ပုံ-MFF