ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုများဖြစ်ပေါ်ပြီးနောက် လေဆိပ်ဝန်ဆောင်မှုများ အနှောင့်အယှက်ဖြစ်ပေါ်

ဂျီနီဗာ      ဇူလိုင်    ၁၉
ကမ္ဘာတစ်ဝန်းရှိ လေကြောင်းခရီးစဉ်များမှ ဘဏ်များသို့ ဆိုက်ဘာနည်းပညာချိတ်ဆက်မှု ပြတ်တောက် ခြင်းများကြောင့် ဆွစ်ဇာလန်နိုင်ငံရှိ အကြီးဆုံးနိုင်ငံတကာလေဆိပ်ဖြစ်သည့် ဇူးရစ်လေဆိပ်တွင် ဇူလိုင် ၁၉ ရက်က အနှောင့်အယှက်အများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။
အိုင်တီနည်းပညာဆိုင်ရာ ပြဿနာများကြောင့် လေယာဉ်ပျံသန်းမှုဆိုင်ရာ  ကန့်သတ်ချက်များကို ဖြစ်ပေါ်စေပြီး   အထူးသဖြင့်   လေဆိပ်သို့  ထပ်မံ ဆိုက်ရောက်လာမည့်  လေယာဉ်များအတွက်  စီမံ ဆောင်ရွက်ရသည့် လေဆိပ်၏ ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့သည်။ ဇူးရစ်မြို့သို့ ပျံသန်းမည့် ခရီးစဉ် များတွင် ဝေဟင်ပေါ်သို့  ရောက်ရှိနေပြီးဖြစ်သည့် လေယာဉ်များကိုသာ    ဆင်းသက်ခွင့်ပြုထားပြီး နောက်ထပ်ဆိုက်ရောက်လာမည့် လေယာဉ်များကို ဆင်းသက်ခွင့်ပြုရန် မဖြစ်နိုင်တော့ကြောင်း  ဇူးရစ် လေဆိပ်၏      ထုတ်ပြန်ချက်တွင်    ဖော်ပြထား သည်။
အွန်လိုင်းဝန်ဆောင်မှုအချို့ကို ဖျက်သိမ်းလိုက်ရ
အလားတူ  ဂျပန်လေကြောင်းလိုင်း ခရီးသည် ဝန်ဆောင်မှုစနစ်မှာလည်း ချို့ယွင်းသွားခဲ့ပြီး ၎င်းတို့ ၏    အွန်လိုင်းဝန်ဆောင်မှုအချို့ကို  ဖျက်သိမ်း  လိုက်ရကြောင်း ပြောကြားသည်။  ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပြဿနာစတင်ဖြစ်ပေါ် ခဲ့ကြောင်း၊   နိုင်ငံတကာလေကြောင်းခရီးစဉ်များ အတွက် လက်မှတ်များကို  ၎င်းတို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူ ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ်  အွန်လိုင်းဝန်ဆောင်မှု များ အသုံးမပြုနိုင်တော့ကြောင်း ဂျပန်လေကြောင်း လိုင်းက ပြောသည်။   အဆိုပါစနစ်ချို့ယွင်းမှုသည် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော     ကြီးမားသည့်  အနှောင့်အယှက်များနှင့်  ဆက်စပ်မှု ရှိ၊ မရှိ မသိရ  သေးကြောင်း ကုမ္ပဏီက ပြောကြားသည်။
ထို့အတူ  ဂျာမနီနိုင်ငံမြို့တော်  လေဆိပ်ဖြစ်  သည့် ဘာလင်ဘရန်ဒင်ဘာ့ဂ် လေဆိပ်အပါအဝင် ဂျာမနီနိုင်ငံရှိ  လေဆိပ်အများအပြားတွင်လည်း ဇူလိုင် ၁၉ ရက်က ကမ္ဘာလုံးဆိုင်ရာ အိုင်တီပြဿနာ ကြောင့် ခရီးစဉ်နှောင့်နှေးမှုများ၊ ဖျက်သိမ်းမှုများနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ