
ရန်ကုန် မတ် ၂၉
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မတ် ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိသော 6th SEAVF SEAVF South Asian Vovinam Championship 2023 (pre.sea.Games) ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားသမားများသည် ရွှေ ငါးခု၊ ငွေလေးခု၊ ကြေး ၁၈ ခု ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါဗိုဗီနမ်ပြိုင်ပွဲ၌ အမျိုးသား တစ်ဦးချင်းတွင် အိုက်စိုးလင်း၊ အမျိုးသား နှစ်ယောက်တွဲတွင် မနားကွီ + တင်ထူးဇော်၊ အမျိုး သမီး နှစ်ယောက်တွဲတွင် ခိုင်ဝါဖူး + မေဟန်နီအောင်လွင်၊ အမျိုးသား ပြိုင်ပွဲ ငါးယောက်တွဲတွင် အောင်ခိုင်လင်း + ဟိန်းထက် အောင် + ကျော်သူစိုးအောင် + ရာဇာထွန်း + နေလင်းထက်၊ အမျိုး သားပြိုင်ပွဲတွင် မနားကွီ + အိုက်စိုး လင်း + ရာဇာထွန်း + တင်ထူး ဇော် + မင်းမင်းထိုက်တို့အတွဲက ရွှေတစ်ခုစီ၊ အမျိုးသားတစ်ဦး ချင်းတွင် ရာဇာထွန်း၊ အမျိုး သား + အမျိုးသမီး ပြိုင်ပွဲတွင် ကျော်သူစိုးအောင် + နေလင်း ထက် + ဟိန်းထက်အောင် + ခိုင်ဇာထွန်း + ဖြိုးအိကျော် + သီတာမင်း၊ ၆၅ ကီလိုတန်းတွင် အောင်သက်နိုင်၊ ၅၅ ကီလိုတန်း တွင် နှင်းသက်ဝေတို့က ငွေ တစ်ခုစီ၊ ကီလိုတန်းများနှင့် ပြိုင်ပွဲအမျိုးအစားများတွင် ကြေး ၁၈ ခု ရရှိခဲ့ကြောင်း သိရသည်။
အဆင့် ၃ ရရှိ
ယင်းပြိုင်ပွဲတွင် ကမ္ဘော ဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုင်ငံအလိုက် အဆင့် ၃ ရရှိခဲ့ ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်
မြန်မာဗိုဗီနမ် အားကစား အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာ နိုင်ငံ သိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးနောင်၊ အုပ်ချုပ်သူ ဦးလွှမ်း အောင်၊ နည်းပြ ဦးကျော်မင်းထွန်း ဒေါ်မြသိန်းစု၊ အားကစားသမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။
အာကာစိုး