
ဖနောင်ပင် ဇူလိုင် ၂၈
ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်က ပြည်ပကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၀၇ ဦး တိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၆၆ ဦးရှိလာသောကြောင့် နိုင်ငံ အတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၅၁၅၂ ဦး အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ထပ် ၁၅ ဦး သေဆုံးကြောင်း မှတ်တမ်းတင်ဖော်ပြမှု နှင့်အတူ စုစုပေါင်း သေဆုံးသူ ၁၃၃၉ ဦး အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်လိုက်သည်။
နောက်ထပ် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၉၆၇ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည် နာလန်ထူလာသူပေါင်း ၆၇၆၉၂ဦး အထိ ရှိလာခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးသူ ၆ ဒသမ ၉၄ သန်း သို့မဟုတ် ၆ သန်းခန့်ရှိသည်။
သို့သော်လည်း မိမိတို့သည် မိမိတို့၏ ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖြေလျှော့ ပေးမည် မဟုတ်ကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ အော်ဗန်ဒင်း က ပြောသည်။
ဆင်ဟွာ