ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် နာမည်ကြီး ဘင်းဆစ်ကို မာရီယာ အနိုင်ရရှိ

 

ကနေဒါအိုးပင်း      အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင်  ဘရာဇီးတင်းနစ်မယ်  ဟာဒက် မာရီယာသည် နာမည်ကြီး  ဆွစ်ဇာလန်  တင်းနစ်မယ် ဘင်းဆစ်ကို  အနိုင်ရရှိကာ  ဆီမီးဖိုင်နယ်သို့  တက် လှမ်းနိုင်ခဲ့ကြောင်း သိရသည်။  မာရီယာသည်  အဆို ပွဲစဉ်တွင်  ပြိုင်ဘက်  ဘင်းဆစ်ကို  ၂-၆၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိကာ  ဆီမီးဖိုင်နယ်သို့  တက်လှမ်းနိုင်ခဲ့ ခြင်းဖြစ်သည်။ 
မာရီယာသည် ၂၀၁၅  ကနေဒါအိုးပင်းချန်ပီယံ   ဘင်းဆစ်ကို နှစ်နာရီနှင့် ၁၁ မိနစ်ကြာ ယှဉ်ပြိုင်ကစား ခဲ့ရပြီးနောက် ဆီမီးဖိုင်နယ်သို့  တက်လှမ်းနိုင်သည့် ပထမဆုံး   ဘရာဇီးတင်းနစ်မယ်  ဖြစ်လာခဲ့သည်။ ထို့အပြင် မာရီယာသည် အဆိုပါပြိုင်ပွဲ ၁၆ ဦး အဆင့် တွင်လည်း     ကမ္ဘာ့နံပါတ်တစ်    တင်းနစ်မယ် ဆွီယာတက်ခ်ကို   အနိုင်ရရှိခဲ့သောကြောင့်  ကမ္ဘာ့ နံပါတ်တစ်တင်းနစ်မယ်ကို အနိုင်ရရှိသည့် ပထမဆုံး ဘရာဇီးတင်းနစ်မယ်လည်း ဖြစ်လာခဲ့သည်။ 

 


အခြားသော  အမျိုးသမီးတစ်ဦးချင်း  ကွာတား ဖိုင်နယ်ပွဲစဉ်များတွင် ပဲဂူလာက ပူတင်ဆီဗာကို ၆-၃၊ ၆-၃ ဖြင့်  အနိုင်ရရှိခဲ့သလို   ပီလစ်ကိုဗာကလည်း ချောင်ကို    ၄-၆၊ ၆-၄၊ ၆-၄ ဖြင့်     အနိုင်ရရှိကာ  နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။

အောင်ဇော်