
နေပြည်တော် စက်တင်ဘာ ၆
KNLA တပ်မဟာ(၅)အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှု ကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက် ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဖာပွန်မြို့တွင်း မြို့လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီ ခွဲခန့်တွင် KNLA တပ်မဟာ(၅)အဖွဲ့က ဆေးရုံ ၏ အရှေ့မြောက်ဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ KNLA တပ်မဟာ(၅)အဖွဲ့သည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့်ဆေးရုံ အိမ်သာနှင့် လူနာဆောင်နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ရာ ဆေးရုံအဆောက်အအုံများ အနည်းငယ် ထိမှန်ပျက်စီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် မဲသလွတ်ကျေးရွာနေ ဒေါ်ချစ်မေ အသက် ၇၈ နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်