ယခုအခါတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မူကွဲအသစ်များ ကမ္ဘာပေါ်တွင် ပျံ့နှံ့ ပေါ်ပေါက်နေသောကြောင့် နိုင်ငံများအားလုံးသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေသည့် အချိန်ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့် ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်မှုသည် အရေးကြီးသဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်သည့်နိုင်ငံများအနေဖြင့် ယင်းတို့ကဲ့သို့ ထုတ်လုပ်နိုင် ခြင်းမရှိသော အခြားနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား ကာကွယ်ဆေးများရောင်းချ ခြင်း၊ ထောက်ပံ့ခြင်းနှင့် ထုတ်လုပ်နိုင်ရန် ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်သင့် ကြောင်း တိုက်တွန်းသည်။
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်ဇာစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ရာတွင်လည်း ရောဂါကို ကာကွယ်ကုသနိုင်ရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ သိပ္ပံနည်းလမ်း တကျသာ ဆောင်ရွက်သင့်ပြီး ယင်းကိစ္စကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အခြားနိုင်ငံ များကို စွပ်စွဲပြစ်တင်ခြင်း၊ နိုင်ငံရေးအရ ဖိအားပေးဆောင်ရွက်မှုများကို မပြုလုပ် သင့်ပါကြောင်း ဖော်ပြအပ်သည်။
ကျန်းမာရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်