
နေပြည်တော် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ် မန်ကျီးတန်းတောင် အရှေ့ရပ်ကွက် ပန်းပင်ကြီးလမ်း နှင့် အထက်ကြည့်မြင်တိုင် လမ်းထောင့်၌ ယနေ့နံနက်ပိုင်း တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး မိုင်းစထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး အနီးရှိ YBS-89 ယာဉ်လိုင်းမှ မော်တော်ယာဉ်လေးစီး မိုင်းစ ထိမှန်၍ ဘေးပြတင်းမှန်အချို့ ပျက်စီးခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ပြီး မိုင်းစထိမှန် ဒဏ်ရာရရှိသူများ အား တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်းနှင့် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခဲ့သူများ ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်