ကြည့်မြင်တိုင်မြို့နယ်၌ အမျိုးသားသုံးဦးအား အကြောင်းမဲ့ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်သူ ၁၆ ဦးအား အရေးယူထား

 

နေပြည်တော် အောက်တိုဘာ  ၂၀


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ်၌    အောက်တိုဘာ ၁၉ ရက်က ဈေးရောင်းနေသည့် အမျိုးသားသုံးဦးအား တုတ်/ဓား များဖြင့် အုပ်စုဖွဲ့ကာ အကြောင်းမဲ့ ဝိုင်းဝန်း   ထိုးကြိတ်ရိုက်နှက်သူ ၁၆ဦးအား အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ     အောက်တိုဘာ    ၁၉ ရက် ည ၉ နာရီ မိနစ် ၅၀ တွင် ကြည့်မြင်တိုင်မြို့နယ်   အိုးဘိုး ရပ်ကွက် အမှတ်(၁၈)ဈေးဆိုင်ခန်း ၌  ဦးစန်းလွင်၏   အလုပ်သမား   ဖြစ်သူ    ဆိတ်ကြီးရပ်ကွက်နေ မျိုးမင်း (၃၁နှစ်)ပါ   သုံးဦးသည် ဈေးရောင်းနေစဉ်      အောက်ရုံ ရပ်ကွက်နေ   ဝင်းနိုင်(ခ)ဖိုးကျား (၃၄နှစ်)ပါ  အမျိုးသား ၁၄   ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်း ၁၆ ဦးတို့ က တုတ်/ဓားများဖြင့် အကြောင်း မဲ့    ထိုးကြိတ်ရိုက်နှက်ခဲ့သဖြင့် မျိုးမင်းပါသုံးဦးတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့်      အရေးယူ ပေးရန်        တိုင်တန်းချက်အရ ဝင်းနိုင်(ခ)ဖိုးကျားပါ ၁၆ ဦးအား ကြည့်မြင်တိုင်   မြို့မရဲစခန်း(ပ) ၁၅၂/၂၀၂၁၊  ရာဇသတ်ကြီးပုဒ်မ   ၃၂၅/၃၂၆/ ၄၂၇/၁၁၄ဖြင့်    အမှုဖွင့် အရေးယူထားကြောင်း      သတင်း ရရှိသည်။


သတင်းစဉ်