ကန်ပိုက်တီးမြို့၌ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ကာ နှစ်ဦးဒဏ်ရာရ

 

နေပြည်တော် အောက်တိုဘာ  ၉ 


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့၌ အောက်တိုဘာ ၈ ရက်က   ဝိုင်ယာရှော့ဖြစ်ရာမှ  တစ်ဆင့်  မီးလောင်မှုဖြစ်ကာ  လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့ (၂)ရပ်ကွက်နေ ဦးလယောက်ဇယ် လွမ်း(၃၇)နှစ်သည် နေအိမ်ဈေးဆိုင်အတွင်း ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး  ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားရာ   ကန်ပိုက်တီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရာ ငါး မိနစ် ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။  မီးလောင်မှုကြောင့်  ဆိုင်အတွင်းရှိ ပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ပြီး  ဦးလယောက်ဇယ်လွမ်းနှင့် ဒေါ်ဇုန်းဝမ် (၃၄)နှစ်တို့တွင်    မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့်   ဦးလယောက် ဇယ်လွမ်းအား ကန်ပိုက်တီးနယ်မြေရဲစခန်းက    အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား