
နေပြည်တော် နိုဝင်ဘာ ၂၅
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ CDF လက် နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား နိုဝင်ဘာ ၂၃ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီး
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ကန်ပက်လက်မြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံးတို့အား CDF အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်လဝကရုံးမှာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်း သွားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ည ၁၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့သည်။
ပျက်စီးဆုံးရှုံး
မီးလောင်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် သွားရောက်စစ်ဆေးခဲ့ရာ CDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှု ကြောင့် အလျားပေ ၄၀ ၊ အနံပေ ၂၀ ရှိ မြို့နယ်လဝက ရုံးတစ်ရုံးနှင့် ရုံးအတွင်းထားရှိသည့် ရုံးအသုံး အဆောင်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅ သိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ အလျားပေ ၈၀ ၊ အနံပေ ၃၀ အစည်း အဝေးခန်းမတစ်လုံး၊ အလျားပေ ၆၀ ၊ အနံ ၂၈ ပေ ရုံးအဆောက်အဦတစ်လုံး၊ ရုံးအတွင်းထားရှိသည့် ရုံးအသုံးအဆောင်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၆၀ )နှင့် ရုံးခန်းအတွင်းရှိ မီးခံသေတ္တာ အတွင်း၌ ထိန်းသိမ်းထားရှိသည့် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၂၅ ဒသမ ၅ သိန်းအနက်မှ ငွေကျပ် ၅,၈၃၄,၃၀၀ မှာ မီးလောင်ကျွမ်း ပျက်စီး ဆုံးရှုံးခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင်ရုံးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော် စစ်ကြောင်းနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်