
သူရအောင်အောင်(ကန္တာရဝတီ)
=================
ကန္တာရဝတီငွေတောင်ပြည် (ကယား ပြည်နယ်)သည် သဘာဝ၏အလှတရား များနှင့်ဝန်းရံနေပြီး မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ သဘာဝတောတောင် ရေမြေအလှ တရားများ ဝန်းရံ၍ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည် ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင် ကြသော ပြည်နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ အနောက် တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ မြောက်လတ္တီကျု ၁၈ ဒီဂရီ သုညမိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၄၀ မိနစ်နှင့် ၉၇ ဒီဂရီ ၉၃ မိနစ်ကြားတွင် ကယားပြည်နယ် တည်ရှိပါသည်။ ကယားပြည်နယ်တွင် လွိုင်ကော်ခရိုင် နှင့် ဘောလခဲခရိုင်ဟူ၍ ခရိုင်နှစ်ခု ရှိသည်။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆို မြို့နှင့် ရှားတောမြို့နယ်တို့ပါဝင်၍ ဘောလခဲခရိုင်တွင် ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့နယ်တို့ ပါဝင်ကာ စုစုပေါင်းမြို့နယ် ခုနစ် မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ဧရိယာ အားဖြင့် ၁၁၇၃၂ km2 နှင့် လူဦးရေ သုံးသိန်းခန့် နေထိုင်ပါသည်။ ကယား ပြည်နယ်၏ မြို့တော်မှာ လွိုင်ကော်မြို့ ဖြစ်ပြီး အထင်ကရနေရာများအဖြစ် တောင်ကွဲစေတီတော်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်ရေကန်၊ ငွေတောင်ဆည်၊ လောပိတရေအား လျှပ်စစ်စက်ရုံ၊ ထီးစဲခါးရေတံခွန်၊ ကယန်းရိုးရာပန်ပက် တို့အပြင် အခြားစိတ်ဝင်စားဖွယ် နေရာများလည်း များစွာရှိသည်။
ကယားပြည်နယ်တွင် မြို့နယ်ပေါင်း ခုနစ်မြို့နှင့် ကျေးရွာပေါင်း ၅၀၆ ရွာ ရှိသည့်အနက် ဆောက်လုပ်ရေးဝန်ကြီး ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က တာဝန်ယူတည်ဆောက်ပေးရသော မြို့နယ်များမှာ လွိုင်ကော်မြို့၊ ဒီးမော့ ဆိုမြို့၊ ဖရူဆိုမြို့၊ ရှားတောမြို့၊ ဘောလခဲ မြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့တို့ဖြစ်ပြီး ကျေးရွာအုပ်စု ၂၆ ခု ကျေးရွာ ၁၇၂ ရွာ ရှိ လမ်းများအား ရာသီမရွေးသွားလာ နိုင်သောလမ်းများ ဖြစ်စေရေးအတွက် ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ၂၀၃၀ မဟာ ဗျူဟာရည်မှန်းချက်အား ပ န်းတိုင်အဖြစ် သတ်မှတ်ကာ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်
မူဝါဒ
ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်။
ရည်မှန်းချက်
ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ရောက်ရှိရေး၊
ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက် လမ်းကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာ နိုင်ရေး၊
အမျိုးသားပို့ဆောင်ရေး ပင်မစီမံ ကိန်းအား အထောက်အကူဖြစ်စေ ရေး၊
၂၀၃၀ ပြည့်နှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်း နှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ ၏ ၉၀ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်း များအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ရေး။
ဆောက်လုပ်ရေးဝန်ကြီးဌာန လက် အောက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဌာန၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးရွာလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများအဖြစ် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ပေး နိုင်ရန်ဖြစ်ပါသည်။
ကယားပြည်နယ်အတွင်းလုပ်ငန်း
ဆောင်ရွက်ချက်များ
ကယားပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ် အတွင်းနေထိုင်ကြသည့် ကျေးလက်နေ ပြည်သူလူဦးရေအတွက် မြေသားလမ်း မှ ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းအဖြစ် လည်းကောင်း၊ မူလပျက်စီးအိုဟောင်း နေသော သစ်သားတံတားများအား သံကူကွန်ကရစ်တံတားများ အဖြစ်သို့ လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေး လက်နှင့်မြို့ပြ လူနေမှုဘဝကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်ချက်ဖြင့် အချိန်နှင့် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရာ၌ ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန သည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ထိုစဉ်က အခြေအနေမှာ ကယား ပြည်နယ်အတွင်း ကွန်ကရစ်လမ်း ၆/၅ ဒသမ ၁၉ မိုင်၊ ကတ္တရာလမ်း ၃၉/၀ ဒသမ ၄၂၃ မိုင်၊ ကျောက်လမ်း ၁၁၄/၁ ဒသမ ၇၈၇ မိုင်၊ မြေသားလမ်း ၂၈၆/၄ ဒသမ ၄၃ မိုင် စုစုပေါင်း ၄၄၆/၃ ဒသမ ၈၃ မိုင်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအနေဖြင့် ရာသီ မရွေးသွားလာနိုင်သောလမ်း ၃၅ ရာခိုင် နှုန်းနှင့် ခြောက်သွေ့ရာသီတွင် သွားလာနိုင်သောလမ်း ၆၅ ရာခိုင်နှုန်း သာ ရှိခဲ့သောအခြေအနေဖြစ်ပါ သည်။
nစာမျက်နှာ ၁၆ မှ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများ ဖြင့် ကျေးလက်လမ်း/တံတား အဆင့် မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကုန်ဆုံးပြီးပါက ကွန်ကရစ် လမ်း ၂/၂ မိုင်၊ ကတ္တရာလမ်း ၅၁/၃ ဒသမ ၂ မိုင်၊ ကျောက်လမ်း ၄၆/၂ ဒသမ ၀၈ မိုင်၊ မြေသားလမ်း ၅၅/၄ ဒသမ ၄ မိုင် စုစုပေါင်း ၁၅၅/၃ ဒသမ ၆၈ မိုင်အား ကျေးလက်နေပြည်သူလူထု အတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ တံတားများအနေဖြင့် လည်း သံကူကွန်ကရစ်တံတား ၆၅ စင်း၊ CH သံပေါင်တံတားနှစ်စင်း၊ ရေကျော် နှစ်စင်း၊ လူကူးကြိုးတံတား တစ်စင်း၊ရိုးရိုးလူကူးတံတားတစ်စင်းနှင့် Box Culvert ၄၁၇ စင်း စုစုပေါင်း ၄၈၈ စင်းတို့အား အဆင့်မြှင့်တင်ဆောင် ရွက်ပေးနိုင်ခဲ့ပါသည်။ ကယား ပြည်နယ် အတွင်းရှိ ကျေးလက်လမ်းများအား ရာသမရွေး သွားလာနိုင်သောလမ်း ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်သော ကျေးလက် လမ်း ၄၀ ရာခိုင်နှုန်းအား ရာသီမရွေးသွား လာနိုင်သော လမ်းများဖြစ်အောင် ဆက် လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မဟာဗျူဟာရည်မှန်းချက်၏ အဆင့် လိုက်ရည်မှန်းချက်များဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၅၀၀နှင့်အထက်ရှိ ကျေးရွာများအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၂၅၀နှင့် အထက်ရှိ ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာ အားလုံး၏ ၉၀ ရာခိုင်နှုန်းတို့ကို ရာသီ မရွေး သွားလာနိုင်သောလမ်းများအဖြစ် ဆောင်ရွက် ပေးသွားနိုင်ရေးတို့ကို ဆက် လက်၍ ဆောင်ရွက်လျက်ရှိပါသည်။ ကယားပြည်နယ် ကျေးလက်လမ်း
ဖွံ့ဖြိုးရေးဦးစီးဌာန၏ အမှတ်တရ လမ်းများ
ကယားပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်ခဲ့သော လမ်းများအနက် အဓိကကျသောလမ်းများမှာ ရေယို-နိုးကိုး-ကုန်းသာလမ်း၊ ဒေါခလိုက်လင်း-ထေးထူဖျ-ကန်ခုနစ်ဆင့်လမ်း၊ မိုင်းထမ်း-ဝမ်းချယ်လမ်း အစရှိသောလမ်းများ ဖြစ်ပြီး ၎င်းတို့အနက် လွိုင်ကော်မြို့ အတွက် အမှတ်တရအဖြစ်ဆုံးလမ်းကို ညွှန်ပြရမည်ဆိုပါက လွိုင်ကော်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ဖောက်လုပ်ခဲ့ရသည့် အရှည် ၄/၂ ဒသမ ၂၅ မိုင်ရှည်သည့် ဘုရားဖြူ- ပလဖ- ဘီလူးချောင်းလမ်းဆုံအထိ လမ်းပင်ဖြစ်သည်။ ၎င်းလမ်းတည်ရှိရာ ယခင် ဆည်မြောင်းတာပေါင်ဟောင်း နေရာသည် သစ်ပင်၊ ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပြီး ဘီလူးချောင်းတစ်လျှောက်တွင်ရှိသော လယ်ဧကများစွာကို ရေမလွှမ်းစေရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ မိုးတွင်းရော နွေအခါပါ တစ်ဆက်တစ်စပ် တည်း သွားလာ၍မရသဖြင့် လယ်ယာ စိုက်ပျိုးသူများ အခက်အခဲကြုံတွေ့ရ သည်။ ၎င်းတာပေါင်ဟောင်းအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါခေါ် ယူခဲ့ကာ ယခင်တာပေါင် ဟောင်းအား Core သဖွယ် အမာခံထားပြီး စက်ယန္တရား ကြီးများဖြင့် မြေကြီးကျင်းပေါင်းမြောက်မြား စွာသယ်ယူ၍ လမ်းတာပေါင်အား ၂၆ ပေ အကျယ်ရအောင် ဆောင်ရွက်ခဲ့ပြီး၎င်းမြေ သားတာပေါင်ပေါ်မှ ၁၆ ပေအကျယ် ကျောက်ချောလမ်းကို တစ်ဆက်တည်း ဆောင်ရွက်ခဲ့သည့်အတွက် ယခုအချိန်တွင် ခရီးလမ်းပန်း ချောမွေ့စွာသွားလာနိုင်ပြီ ဖြစ်ပါသည်။
ယခင် ၁၀ ပေ/၁၂ ပေ အကျယ်ခန့်သာ ရှိသော ဆည်မြောင်းတာပေါင်ပေါ်တွင် မိုးရာသီအတွင်း သွားလာ၍မရအောင် ခက်ခဲခဲ့ရာမှ ကျယ်ပြန့်သော မြေသား တာပေါင်နှင့် ချောမွေ့သော ကျောက် ချောလမ်းကို တည်ဆောက်ပေးခဲ့ သည့်အတွက် လွိုင်ကော်မြို့အရှေ့ခြမ်း ရှိ ပြည်သူလူထုများ၊ လွိုင်ကော်မြို့ အနောက်ခြမ်း နန်းမယ်ခုံမြို့နယ် အတွင်းရှိ ဆင်တောင်၊ လီဝိုး၊ နန်းမယ်ခုံ၊ ဘုရားဖြူ၊ မောင်းတော၊ ကပ္ပယ်ခူ၊ မြို့မရှမ်း၊ မြို့မကယန်း စသည့် လွိုင်ကော်မြို့ အနောက်ခြမ်းနေ ပြည်သူ တို့သည် ယခင်က မိမိတို့အနောက်အရပ် မှ လွိုင်ကော်မြို့သို့ လာမည်ဆိုပါက ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်ကို ဖြတ်သန်း၍လည်းကောင်း၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ကိုလည်း ကောင်း မိုင် ၂၀ ခန့် ကွေ့ပတ်သွားနေရ သည့်အဖြစ်မှ ယခုဖောက်လုပ်ပြီးစီးခဲ့ သော ဘုရားဖြူ-ပလဖ-ဘီလူးချောင်း လမ်းဆုံအထိ ဖြတ်လမ်းပြီးစီးသွားသော ကြောင့် လွိုင်ကော်မြို့သို့ ခုနစ်မိုင် ခန့်ဖြင့် အချိန်တိုအတွင်း ရောက်ရှိနိုင်ပြီ ဖြစ်သလို လယ်ယာကုန်ထုတ်လမ်း အဖြစ်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့ပါသည်။
နိဂုံး
ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် မဟာဗျူဟာ ရည်မှန်းချက်များနှင့်အညီ ကယားပြည် နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်၊ ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးလာစေရန်အတွက် နှစ်စဉ် ကျေးလက်လမ်း/တံတားလုပ်ငန်းများ ကို စံချိန်စံညွှန်း အရည်အသွေးပြည့်မီ စွာဖြင့် ရေရှည်တည်တံ့အောင် ဆက် လက်အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။ ။
- Log in to post comments