ကပ်ရောဂါကြားမှတိုကျို အိုလံပစ်အားကစားပြိုင်ပွဲအပြီး  အနာဂတ်အားကစားပြိုင်ပွဲများအပေါ် သဘောထားကွဲလွဲမှုများဖြစ် 

Type
9

 

ကေကေစိုး

အိုလံပစ်အားကစားပြိုင်ပွဲကို   အနာဂတ်တွင်   ဂျပန်နိုင်ငံ၌ နောက် တစ်ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့်  ပတ်သက်၍  ပြည်သူ များကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 
စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရ 
ကိုဗစ် - ၁၉ ကပ်ရောဂါကြားမှ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ကို ကျင်းပခဲ့ခြင်းမှာ  ကောင်းသည်ဟု ဖြေကြားသူ  ၄၀ ရာခိုင်နှုန်းနီးပါး ရှိသည်ဟု   ပုဂ္ဂလိကကဏ္ဍ   စစ်တမ်းကောက်ယူမှုအရ သိရသည်။ နိုမူရာသုတေသနအင်စတီကျုမှ ကောက်ယူသည့်အွန်လိုင်းစစ်တမ်း တစ်ခုအရ တိုကျိုမြို့နှင့် အနီးတစ်ဝိုက်တွင်နေထိုင်ကြသည့်  ဖြေကြား သူ ၄၅ ရာခိုင်နှုန်းမှာ ပွဲကြည့်ပရိသတ်မပါဘဲ အားကစားပြိုင်ပွဲကိုကျင်းပခဲ့ခြင်းမှာ  မှန်ကန်သည့်လှုပ်ရှားမှုဟု  ဖြေကြားခဲ့ကြသည်။ ကိုဗစ် - ၁၉ကူးစက်ပျံ့နှံ့မှုကြောင့် ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက် အထိ ကျင်းပခဲ့သော အိုလံပစ်ပွဲအတွက် ပွဲစီစဉ်သူများမှာ စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ 
ပိတ်ပင်တားဆီးခဲ့ 
အားကစားပြိုင်ပွဲကြောင့်  ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာမည် ကိုလည်း စိုးရိမ်ခဲ့ကြရသည်။ နိုင်ငံခြားသားပွဲကြည့်ပရိသတ်များကိုလည်း လာရောက်ကြည့်ရှုခွင့်မှ ပိတ်ပင်တားဆီးခဲ့သည်။ ဂျပန်နိုင်ငံ သည်   အကယ်၍   အနာဂတ်တွင်    အိုလံပစ်အားကစားပြိုင်ပွဲကို နောက်တစ်ကြိမ် အိမ်ရှင်အဖြစ်  လက်ခံကျင်းပသင့် မသင့်  စစ်တမ်း ကောက်ယူရာ အိမ်ရှင်အဖြစ်လက်ခံကျင်းပသင့်သည်ဟု ဖြေကြားသူ ၃၆ ဒသမ   ၃ ရာခိုင်နှုန်းရှိပြီး အိမ်ရှင်အဖြစ် လက်ခံမကျင်းပသင့် ဟုဖြေကြားသူ ၃၆ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။ ၂၇ ဒသမ ၇ ရာခိုင်နှုန်း မှာမူ အိုလံပစ်အားကစားပြိုင်ပွဲကို အနာဂတ်တွင် နောက်တစ်ကြိမ် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပါက  ဆန့်ကျင်ဖွယ်ရာမရှိဟု  ဖြေကြား ခဲ့ကြသည်။ 
ခက်ခဲသည့်အချိန်များနှင့် ရင်ဆိုင်ခဲ့ရ 
အားကစားပြိုင်ပွဲကျင်းပရန် စီစဉ်သူများနှင့် ဂျပန်အစိုးရသည် လုံခြုံစိတ်ချရသည့် အားကစားပြိုင်ပွဲဖြစ်ရမည်ဟု    စိုးရိမ်နေသည့် ပြည်သူများကို    အာမခံချက်ပေးနိုင်ရန်    နည်းလမ်းရှာဖွေခဲ့သည်။ အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရခြင်းမှာ   ကောင်းမွန်သည်ဟု ဖြေကြားသူ ၃၈ ဒသမ  ၈ ရာခိုင်နှုန်းရှိပြီး အားကစားပြိုင်ပွဲကို ဖျက်သိမ်းသင့်သည်ဟု ဖြေကြားသူ ၃၀ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။   ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်     စပွန်ဆာများသည်    ဂုဏ်သတင်း ပျက်စီးယိုယွင်းမည်ကို  စိုးရိမ်သည့်အတွက်  ခက်ခဲသည့်အချိန်များနှင့်ရင်ဆိုင်ခဲ့ရသည်။ 
ပြောင်းလဲသွားခြင်းမရှိ 
ဂျပန်နိုင်ငံတွင်  တိုယိုတာမော်တာကော်ပိုရေးရှင်းသည် ထိပ်တန်း စပွန်ဆာဖြစ်ပြီး    အိုလံပစ်နှင့်ပတ်သက်ပြီး    တီဗွီကြော်ငြာများ မထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ကုမ္ပဏီဥက္ကဋ္ဌသည်လည်း ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်ခြင်းမှ   ရှောင်ကြဉ်ခဲ့သည်။  နိုမူရာ သုတေသန အင်စတီကျုမှ စစ်တမ်းကောက်ယူမှုကို ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၈ ရက်အထိပြုလုပ်ခဲ့ပြီး အိုလံပစ်ပွဲမကျင်းပမီနှင့် ကျင်းပပြီး နောက်ပိုင်း ပူးပေါင်းဆောင်ရွက်သည့် စပွန်ဆာများနှင့်  ပတ်သက်ပြီး ပြည်သူများ၏သဘောထားသိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။
တတိယအကြိမ်ကာကွယ်ဆေးထိုးပေးရန်ပြင်ဆင် 
 အားကစားပြိုင်ပွဲကြီးမကျင်းပမီ သဘောကျနှစ်ခြိုက်သူ ၄၉ ဒသမ  ၉ ရာခိုင်နှုန်းရှိပြီး အဆိုးမြင်သူ ၅၀ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။  အိုလံပစ်အားကစားပြိုင်ပွဲကြီးအပြီးတွင် မသန်စွမ်းအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပရာ ထိုသို့ကျင်းပစဉ်အတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရ သူ ၃၂၃ ဦးရှိသည်။ ထို့ကြောင့် ဇူလိုင် ၁ ရက်မှစတင်ကာ  မသန်စွမ်း အားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲများ ကျင်းပစဉ်အတွင်း စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၈၇၈ ဦးရှိခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ပတ်သက်၍လည်း    ဂျပန်နိုင်ငံသည် တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန်  ပြင်ဆင်နေပြီဖြစ်သည်။ 
သဘောတူခဲ့
ယခုနှစ်ကုန်ပိုင်းတွင်   ပြည်သူများကို တတိယအကြိမ် ကာကွယ် ဆေးထိုးပေးကောင်းပေးနိုင်သည်ဟု   သိရသည်။    ကူးစက်မြန်  ဒယ်လ်တာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ကြိုးပမ်းမှုတစ်ရပ် လည်းဖြစ်သည်။ တတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးရန် အတွက်   လိုအပ်သည်များကို     ကျန်းမာရေးကျွမ်းကျင်သူများ ဆပ်ကော်မတီက သဘောတူခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် ကာကွယ် ဆေးထိုးပြီး ရှစ်လ ကြာပြီဖြစ်သောသူများကို ကာကွယ်ဆေးထိုးပေးရန် ဝန်ကြီးဌာန၏အစီအစဉ်ကို သဘောတူခဲ့သည်။ 
လေ့လာမှုများထပ်မံပြုလုပ်မည် 
အပိုဆောင်း၍ ကာကွယ်ဆေးထိုးပေးခြင်းအစီအစဉ်ကို  နိုဝင်ဘာ လတွင်   စတင်ကောင်းစတင်နိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ဆန္ဒရှိသည့် ပြည်သူများကို ထိုးပေးရန် အစိုးရက ရည်ရွယ်ထားသည်။  သုံးကြိမ်စလုံးထိုးပေးသည့်ကာကွယ်ဆေးအမျိုးအစားမှာ တစ်မျိုး တစ်စားတည်းဖြစ်သင့်သည်ဟု ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောသည်။ သို့သော်လည်း ကောက်ချက် မချမီ  လေ့လာမှုများ ထပ်မံပြုလုပ်မည်ဟုလည်း ပြောသည်။ 
ဆွေးနွေးမှုများပြုလုပ်သွားမည် 
 ဂျပန်နိုင်ငံတွင် ဖိုက်ဇာ၊ မော်ဒါနာနှင့် အက်စ်ထရာဇနီကာတို့မှ ထုတ်လုပ်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို  ခွင့်ပြုချက်ပေးထား သည်။ အဆိုပါ ကာကွယ်ဆေးများမှာ နှစ်ကြိမ်ထိုးရသည့် ကာကွယ် ဆေးများဖြစ်သည်။ အစ္စရေးနိုင်ငံသည် တတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးနေသည့် နိုင်ငံလည်းဖြစ်သည်။ ဂျပန်အစိုးရ သည် အခြားသော နိုင်ငံများ၏ တိုးတက်မှုများနှင့် အချက်အလက်များ အပေါ် အခြေခံကာ တတိယအကြိမ်    ကာကွယ်ဆေးထိုးပေးရမည့် အသက်အပိုင်းအခြားအုပ်စုနှင့်  ဦးစားပေးအုပ်စုကို    ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ 
 တတိယအကြိမ်ကာကွယ်ဆေးထိုးသင့် 
ကျန်းမာရေးဝန်ထမ်းများမှာ ကိုဗစ် - ၁၉   လူနာများကို   ထိတွေ့ ဆက်ဆံနေရသည်ဖြစ်သည့်အတွက် တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးသင့်သည်ဟု  ဆပ်ကော်မတီအဖွဲ့ဝင်တစ်ဦးက  ပြောသည်။ နောက်ထပ်   အဖွဲ့ဝင်တစ်ဦးကမူ  ပြည်သူများ နှစ်ကြိမ် ကာကွယ်ဆေး မထိုးရသေးမီအချိန်အထိ  တတိယအကြိမ် ကာကွယ်ဆေးမထိုးသင့်  သေးဟုပြောသည်။ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများကမူ တတိယအကြိမ် ကာကွယ်ဆေးထိုးပေးခြင်းမှာ ပြုလုပ်သင့်သည်ဟု ပြောဆိုကြသည်။
စွမ်းဆောင်ရည်ကျဆင်းလာ 
 ဂျပန်နိုင်ငံနှင့် နိုင်ငံရပ်ခြားများတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများတွင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း တွေ့လာရသည်။ လေ့လာမှုများအရ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ခြောက်လ အကြာတွင် စွမ်းဆောင်ရည်မှာ  ကျဆင်းလာသည်ဟု ပြသလျက် ရှိသည်။      ။
ကိုးကား- ကျိုဒို