
နေပြည်တော် ဇွန် ၁၇
KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့် မှုများဖြစ်စေရန် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၆ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် KKO (ခွဲထွက်) အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်အတွင်းသို့ မြို့၏အရှေ့ မြောက်ဘက် မီတာ ၂၅၀၀ ခန့်မှ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင် များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် အရှေ့ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။
ဖြစ်စဉ်တွင် အကြမ်းဖက် သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အမှတ်(၇)ရပ်ကွက် ဂန္ဓမာလမ်းတွင် နေထိုင် သည့် ဒေသခံပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တစ်ဆင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က ဇွန် ၂၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြို့၏ အရှေ့တောင် ဘက် မီတာ ၂၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်း မဲ့ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ည ၁၀ နာရီခန့်တွင် အကြမ်း ဖက်သမားများသည် အရှေ့တောင် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲမှု ကြောင့် သိမ်ဇရပ်မြို့ ရွာလေး ကွက်သစ်တွင် နေထိုင်သည့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ ရပြီး အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်။ ဒဏ်ရာရရှိသူများအား သိမ်ဇရပ် တိုက်နယ်ဆေးရုံ၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။
ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက် များအတွင်းသို့ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် KKO (ခွဲထွက်) အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ၏ လုပ်ရပ်သည် လူမဆန် သည့် ယုတ်မာရိုင်းစိုင်းသော အစွန်းရောက် အကြမ်းဖက် လုပ်ရပ်ဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများသို့ ရည်ရွယ်ချက် ရှိစွာဖြင့် အကြမ်း ဖက်တိုက်ခိုက် ခဲ့ခြင်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်လိုအပ်သည့် တုံ့ပြန် မှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်