
ရန်ကုန် မေ ၁၀
ဆီးဂိမ်း Kun Khmer ပြိုင်ပွဲကို မေ ၁၀ ရက်က ဆက်လက်ကျင်းပရာ အမျိုးသမီး ၄၈ ကီလိုတန်းတွင် မေသဇင်ထူး ငွေတံဆိပ်ဆုရရှိခဲ့သည်။
မေသဇင်ထူးသည် ယင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ စတင် ယှဉ်ပြိုင်ရပြီး ကမ္ဘောဒီးယားကစားသမားကို ၃၀-၂၇ မှတ်ဖြင့် အနိုင် ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲကို မေ ၁၀ ရက်က ကျင်းပရာ မေသဇင်ထူးသည် ဗီယက်နမ်ကစားသမား သီကင်ယန်နှင့် တွေ့ဆုံခဲ့ရာ ၂၉-၂၈ မှတ်ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။
ရဲရင့်လွင်