ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်းသင်ခန်းစာများ

Type

မြင့်မြတ်

====

 

ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ မိမိဘဝနဲ့ မိမိလူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်အောင် စံနှုန်းတွေနဲ့အညီ ကြိုးစားနေထိုင်နေကြရတဲ့သူတွေချည်းပါပဲ။ ဒီလိုကြိုးစားရာမှာ အတိတ်ကိုလည်း မေ့ထားလို့မရတဲ့အပြင် ထိုအတိတ်ဆီကပဲ သင်ယူလေ့လာစရာတွေ၊ သင်ခန်းစာယူစရာတွေ အများကြီးရှိနေတဲ့အတွက် ရယူတတ်မယ်ဆိုရင် လွန်စွာအကျိုးရှိပါလိမ့်မယ်။ အတိတ်က ကိုယ့်အမှားတွေကို သုံးသပ်အဖြေရှာနိုင်ဖို့အပြင်  သူများရဲ့အမှားမှလည်း သင်ခန်းစာယူနိုင်မှ၊ လေ့လာနိုင်မှသာ ပစ္စုပ္ပန်ကိုတန်ဖိုးထားတတ်ပြီး အနာဂတ်စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ 
ကမ္ဘာ့မြေပေါ် နောက်ထပ် Failed state တစ်ခု 
မပေါ်ပေါက်ရေး သမိုင်းပေးတာဝန် 
မြန်မာနိုင်ငံဆိုတာ    ကိုယ့်သမိုင်းကြောင်းနဲ့ ကိုယ်၊ ကိုယ့်အစဉ်အလာနဲ့ကိုယ်  ရပ်တည်နေတာ ဖြစ်တယ်၊၊ ကိုယ့်နိုင်ငံတော်ဟာ  ကမ္ဘာ့အကြီးဆုံး၊ အားအကောင်းဆုံး၊   အဖွံ့ဖြိုးဆုံး   လူသားအရင်း အမြစ်ကြီးနှစ်ခုအကြားမှာ   တည်ရှိနေပါတယ်။ သဘာဝကပေးထားတဲ့ ရေခံမြေခံနဲ့  ပေါကြွယ်ဝတဲ့ သယံဇာတများစွာပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ အင်အားကြီးတွေက သူတို့အကျိုးစီးပွားအတွက် အာရုံစိုက်မှုခံနေရပြီး geopolitics အရလည်း key player တစ်ခုဖြစ်နေတဲ့အတွက် ကိုယ့်နိုင်ငံရဲ့ အနေ အထားကို ဘယ်လိုမှမေ့ထားလို့ မရပါဘူး။ 
သူတို့အကျိုးစီးပွားအတွက် အသည်းအသန် လိုအပ်လာပြီဆိုရင် စစ်တိုက်ဖို့  ဝန်မလေးတတ်ကြ တဲ့ Power struggle တွေကြားမှာ ကြားမညပ်ဖို့ အမြဲသတိထားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမီးလောင်   သားကောင်ချနင်း၊    မတရား ချောက်တွန်း၊    အမှုဆင်အနိုင်ကျင့်၊   မျောက်ပြ ဆန်တောင်း၊ မျက်ရည်ချူပြီး  ထောင်ချောက်ဆင် လိုသူတွေကြားမှာ   ရှင်သန်ရပ်တည်နေရတဲ့   နိုင်ငံ တစ်နိုင်ငံအနေနဲ့  ကမ္ဘာ့မြေပေါ်မှာ   နောက်ထပ် ကျဆုံးနိုင်ငံ(Failed state)တစ်ခု ထပ်မံမပေါ် ပေါက်စေရေးဟာ နိုင်ငံသားအားလုံးရဲ့ သမိုင်းပေး တာဝန်တစ်ရပ်လည်းဖြစ်ပါတယ်။  ဒါကြောင့် ကျွန်တော်တို့ဟာ အတိတ်က အီရတ်၊  လစ်ဗျား၊  ဆီးရီးယားနိုင်ငံတွေရဲ့ ကျဆုံးခြင်းသမိုင်းဖြစ်စဉ် တွေဆီက သင်ခန်းစာတွေကို ထုတ်နုတ်ကြည့်နိုင်ဖို့ ယနေ့ခေတ်မှာ အထူးလိုအပ်လာပါတယ်။ 
အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနမူနာ
အီရတ်၊ လစ်ဗျား၊ ဆီးရီးယားစတဲ့ နိုင်ငံတွေမှာ နိုင်ငံခြားတပ်တွေ ဝင်ရောက်မွှေ‌နှောက်လို့ မီးဟုန်း ဟုန်းတောက်ခဲ့တဲ့အခြေအနေတွေ၊ ဘဝပျက်သွား ခဲ့တဲ့ ပြည်သူတွေကိုကြည့်ပြီး   သင်ခန်းစာယူတတ် ရပါမယ်။ စစ်ကိုခေါ်ခဲ့ကြလို့ စစ်ပွဲတွေကို  လက်ခံ ခဲ့ကြတယ်။ အမုန်းတရားတွေမွေးခဲ့ကြလို့ ပဋိပက္ခ တွေဆိုက်ခဲ့ကြရတယ်။ 
အမှန်ခံ‌ရတာက ကြားကအပြစ်မဲ့မြေစာပင် ပြည်သူလူထုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေ၊ ဗုံးဒဏ်၊ အမြောက်ဒဏ်အောက်က မီးလောင်ပြင် တစ်စစီနဲ့ အသက်မဲ့မြို့တွေ ရွာတွေ၊ ပျက်သုဉ်းသွား တဲ့    မူလလူ့အဖွဲ့အစည်းရဲ့   ယဉ်ကျေးမှုတွေ၊ ပြန်လည်ကုစားရခက်သွားတဲ့     လူမှုစံနှုန်းတွေ အများကြီးပေးဆပ်လိုက်ကြရတယ်။ ဆုံးရှုံးမှုတွေ ကို ပြန်လည်ကုစားဖို့ ခုထိနာလန်မထူနိုင်သေးပါဘူး။ အချင်းချင်းလည်း   စည်းလုံးညီညွတ်မှုတွေပြိုကွဲ သွားပြီး ယခုအချိန်အထိ တိုက်လို့ခိုက်လို့မပြီးကြ သေးပါ။ ကိုယ့်နိုင်ငံရဲ့အဆီအနှစ်တွေကို ထုတ်ယူ ခံခဲ့ကြရပြီး အချင်းချင်းရန်တိုက်ပေးတာခံခဲ့ကြရ တဲ့အတွက် မဖြေရှင်းနိုင်သေးတဲ့ ဇာတ်ရှုပ်ကြီးထဲမှာ ပြည်သူတွေသာ  အရှုံးသမားဖြစ်နေကြရတယ်။ သိမ်းပိုက်ခံနိုင်ငံတွေဟာ ကျဆုံးနိုင်ငံ(Failed state) တွေဖြစ်သွားကြရတယ်ဆိုတာ   သဘောပေါက်သင့် ပါတယ်။
အတိတ်သင်ခန်းစာအပိုင်း(၁)အီရတ် 
သမိုင်းအစဉ်အလာကြီးမားပြီး   ဒေသတွင်း ဩဇာကြီးမား၊ ချမ်းသာကြွယ်ဝတဲ့   အီရတ်နိုင်ငံရဲ့ ကြမ္မာဆိုးဟာ ရှစ်နှစ်ကြာ အီရန်နဲ့   စစ်ပွဲအပြီးမှာ စတင်ခဲ့တယ်လို့ဆိုရပါမယ်။ ၁၉၉၁ မှာ အီရတ်ဟာ ကူဝိတ်ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ ကူဝိတ်ဆိုတာ  ယခင်က  အီရတ်ပိုင်ဖြစ်ခဲ့တယ်။ ရေနံကြောင့်ပဲ  အမေရိကန်က  ကူဝိတ်ကို   အီရတ် လက်အောက် ကျရောက်ခွင့်မပေးခဲ့ခြင်းဖြစ်တယ် ဆိုတာ သမိုင်းဖြစ်စဉ်ပြန်လှန်ကြည့်ရင်    သိပါလိမ့် မယ်။ ထို့နောက် ဒုတိယအကြိမ်    ပါရှန်ပင်လယ် ကွေ့စစ်ပွဲကို ရင်ဆိုင်ရပြီး အရှုံးရလဒ်နဲ့အတူ ၁၃ နှစ်ကြာ အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုဒဏ် ကို အလူးအလဲခံခဲ့ရတယ်။   အင်အားချည့်နဲ့သွားတဲ့ အီရတ်နိုင်ငံတော်ကြီးဟာ   ၂၀၀၃ ခုနှစ်မှာတော့ အမေရိကန်နဲ့      ဗြိတိန်မဟာမိတ်တပ်တွေရဲ့ ဝင်ရောက်တိုက်ခိုက်         အပိုင်သိမ်းပိုက်ခြင်းကို ခံလိုက်ရတော့တာပဲဖြစ်ပါတယ်။ 
အလွယ်တကူ သိမ်းပိုက်ခံရခြင်းရဲ့ မြင်သာသော အကြောင်းတရားများ 
အမေရိကန်က အီရတ်ကို ကျူးကျော်တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ်က  သမ္မတ ဂျော့ဘွတ်ရှ်လက်ထက် မှာဖြစ်ခဲ့တယ်။ မခိုင်လုံတဲ့စွပ်စွဲချက်တွေအောက်မှာ အီရတ်ဟာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရတယ်။ အမေရိကန်ရဲ့ အဓိကအကြောင်းပြချက်က အီရတ်မှာ ဖျက်အား ပြင်း နျူကလီးယား  ဇီဝဓာတုလက်နက်ကြီးတွေ ရှိတယ်ဆိုတဲ့ CIA ရဲ့  သတင်းပေးပို့မှုအမှားတွေနဲ့ အီရတ်နယ်မြေတွေမှာ  အကြမ်းဖက်အယ်လ်ကေဒါ တွေကို    ခိုလှုံအခြေချခွင့်ပေးထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေပါပဲ။ 
အီရတ်ကို အမေရိကန်ဦးဆောင်တဲ့  မဟာမိတ် တပ်တွေ အလွယ်တကူဝင်တိုက်ပြီး  တစ်နိုင်ငံလုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခြင်းကို  လေ့လာတဲ့ အခါ နိုင်ငံတွင်း    စည်းလုံးညီညွတ်မှုမရှိတာကို တွေ့ရသလို   အီရတ်တပ်မတော်နဲ့  ပြည်သူတွေရဲ့ မျိုးချစ်စိတ်ကင်းမဲ့မှု၊ အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန်ရဲ့  အာဏာရှင်ဆန်ပြီး  မောက်မာခက်ထန်မှု၊  အနောက်အုပ်စုရဲ့ နိုင်ငံရေးစစ်ရေးထောင်ချောက်ကို မမြင်နိုင်လောက်အောင် စစ်ရေးစွမ်းရည်၊   စည်းရုံး ရေးစွမ်းရည်မပြည့်ဝမှု စတဲ့အချက်တွေကို လေ့လာ သင်ခန်းစာယူကြရမှာပဲဖြစ်ပါတယ်။ 
တမင်ဖန်တီးထားသည့် ထောင်ချောက်နှင့်အတူ ဖိတ်ခေါ်ခံရတတ်သည့်ကျူးကျော်စစ် 
နိုင်ငံရေးအရ     စည်းလုံးညီညွတ်မှုမရှိတာက တော့ အဆိုးရွားဆုံးလို့ဆိုရပါမယ်။ ဂိုဏ်းဂဏကွဲ၊ ကာ့ဒ်လူမျိုးကွဲ၊ ဆွန်နီ- ရှီးယိုက် ဘာသာကွဲတွေနဲ့ အပြန်အလှန် လက်စားချေ ဖိနှိပ်သတ်ဖြတ်မှုတွေ ဟာ မပျောက်ကင်းနိုင်တဲ့နာတာရှည်ရောဂါတစ်ခု လိုပါပဲ။     မဖြေရှင်းနိုင်တဲ့  ရေရှည်ပဋိပက္ခဟာ ပြည်တွင်းစည်းလုံးညီညွတ်မှုကိုပါ      ပြိုကွဲသွားစေ ပါတယ်။ ကျဉ်းထဲကျပ်ထဲရောက်ရင်    အဖြေပေါ်ပါ တယ်။ ကိုယ့်လူသူ့ဘက်သား၊ သူ့လူကိုယ့်ဘက်သား အဖြစ်နဲ့  တောင့်တင်းလှပါတယ်ဆိုတဲ့  အီရတ် တပ်မတော်ကြီးအနေနဲ့ မဟာမိတ်အနောက်အုပ်စု တပ်တွေကို   လွယ်လွယ်ကူကူအရှုံးပေးလိုက်ရတဲ့ အချက်ဟာ သင်ခန်းစာယူစရာပါပဲ။ 
အရေးထဲ   အရာပေါ်ဆိုသလို   အီရတ်စစ်သား တွေရဲ့   မျိုးချစ်စိတ်ကင်းမဲ့မှုကိုလည်း  ထည့်တွက် ရပါမယ်။ မိမိအင်အားကို အလွန်အကျွံအထင်ကြီး၊ အင်အားကိုအဆမတန်သုံး၊ လူနည်းစုသူပုန်တွေကို အီရတ်တပ်ဖွဲ့တွေက  ဓာတုအဆိပ်ပါတဲ့   ဗုံးတွေ ကြဲပြီး အရပ်သားတွေကိုပါ  တိုက်ခိုက်မိတဲ့ဖြစ်စဉ် ဖြစ်ရပ်‌တွေကြောင့် ဆန့်ကျင်ဘက်အင်အားစုတွေ အပေါ်   ကမ္ဘာကအာရုံစိုက်မှုနဲ့ ကရုဏာသက်မှုကို ရရှိသွားစေနိုင်တယ်ဆိုတာကို  သတိပြုရပါမယ်။ 
အကျိုးဆက်က အနောက်အုပ်စုရဲ့ ဖန်တီးထား တဲ့   တစ်ဖက်သတ်မီဒီယာထောင်ချောက်ထဲ ဝင်သွားပြီး တိုင်းရင်းသားတွေအပေါ် စစ်ဆင်နေတဲ့ အီရတ်တပ်ဖွဲ့တွေရဲ့    စစ်ဆင်ရေးဧရိယာမှာ လေယာဉ်မပျံသန်းရဇုန်  (no fly zone) အဖြစ် အနောက်အုပ်စုရဲ့ စိတ်ကြိုက်သတ်မှတ်ခြင်းခံခဲ့ရတာပါပဲ။    အနောက်အုပ်စုအကွက်ထဲဝင်သွားပြီး    ကျူးကျော်စစ်ကို ဖိတ်ခေါ်သလိုဖြစ်သွားတာက တော့ အီရတ်ခေါင်းဆောင်တွေရဲ့   ဆင်ခြင်တုံတရား နဲ့  အမြော်အမြင်နည်းမှုလို့သာဆိုရမှာပါပဲ။ 
ပြည်ပသိမ်းပိုက်ခံရမှုကြောင့် 
သွယ်ဝိုက်ပေးဆပ်ခဲ့ကြရတဲ့ဘဝများ 
အီရတ်နိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်လောက်ကစပြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့  ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး အထက်တန်းနဲ့လူလတ်တန်းစား အ‌ရေအတွက်ဟာလည်း ဒေသတွင်းမှာ အများဆုံး ဖြစ်ပါတယ်။     ကမ္ဘာ့ဘဏ်ရဲ့မှတ်တမ်းများအရ လူတစ်ဦးချင်းဝင်ငွေလည်း       မြင့်မားခဲ့တယ်။ အဲဒီအချိန်၊    အဲဒီကာလမှာ   ပိုပြီးလုံခြုံတဲ့ဘဝနဲ့ ကောင်းမွန်လှတဲ့ ကျန်းမာရေးစနစ်တစ်ခုကို အီရတ်နိုင်ငံသားတွေ ပိုင်ဆိုင်ထားပြီးသားလည်း    ဖြစ်ပါတယ်။ 
ဒါပေမဲ့ အီရတ် - အမေရိကန်   စစ်ပွဲအပြီး ဆယ်စုနှစ်တစ်စုအကြာမှာ    စီးပွားရေးပိတ်ဆို့မှုနဲ့ အကြမ်းဖက်မှုဒဏ်ကြောင့်      ဒေသတွင်းက အကောင်းဆုံး  ကျန်းမာရေးစနစ်ကြီးတစ်ခုဟာ ဗုန်းဗုန်းလဲကျသွားပြီး အထူးသဖြင့် မိခင်နဲ့ကလေး သေဆုံးနှုန်းဟာ မြင့်တက်လာခဲ့ပါတယ်။ ကာလ ဝမ်းရောဂါလို  ကူးစက်ရောဂါတွေ  ပြန်လည် ခေါင်းထောင်လာခဲ့တယ်။ အီရတ်မှာရှိတဲ့   နိုင်ငံခြား တပ်တွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုနဲ့ ပြည်ပလက်ဝေခံ အီရတ်အစိုးရအတွင်း   ခြစားလာဘ်စားမှုတွေ အောက်မှာ စီးပွားရေးဟာ ဆုတ်ယုတ်ပျက်ပြားသွား ပြီး ဆင်းရဲမွဲတေမှုက ၂၂ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။      

 
Nစာမျက်နှာ ၆ မှ
မဖြေရှင်းနိုင်တဲ့ နိုင်ငံရေးကလဲ့စားချေမှု၊  ပဋိပက္ခ တွေနဲ့ လူမှုစီးပွားဘဝ နာတာရှည်ရောဂါပေါင်းစုံ ကို နှစ်ရှည်လများ အီရတ်ပြည်သူတွေ ခံစားနေ ရတာ ယနေ့ထိတိုင်ပါပဲ။ 
အထူးသဖြင့်  ဆင်းရဲချမ်းသာ    ကွာဟချက် အလွန်ကြီးမားလာခြင်းပဲဖြစ်တယ်။ ပြဿနာက လမ်းတံတားစတဲ့   အခြေခံအဆောက်အအုံတွေ ပျက်စီးယိုယွင်းမှု၊   စစ်ပွဲ‌တွေကြောင့်    နည်းပညာ နောက်ကျမှုနဲ့အတူ အီရတ်ပြည်သူတွေရဲ့ အဓိက အားထားရာဖြစ်တဲ့လယ်ယာကဏ္ဍဟာ  လုံးဝ  နာလန်မထူနိုင်ဖြစ်ပြီး အစာရေစာမလုံလောက်မှု ဒဏ်ကို အမေရိကန်ဝင်ရောက်ပြီး ၁၀ နှစ်ခန့်အထိ   အပြင်းအထန်ခံစားခဲ့ကြရပါတယ်။     
အာဟာရချို့တဲ့မှုဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ကြရ
ဆက်ဒမ်ဟူစိန်လက်ထက်  အမေရိကန်စီးပွား ရေးပိတ်ဆို့မှုဒဏ်   ခံနေရစဉ်အတွင်းမှာတောင်  အစိုးရက ပြည်သူတွေကို   အခြေခံစားကုန်သောက် ကုန်တွေကို လစဉ် အခမဲ့ဖြည့်စွက်ထောက်ပံ့နိုင်ခဲ့လို့     အစာရေစာပြတ်လပ်မှုနဲ့   ငတ်မွတ်မှုဒဏ်ကို မခံစားခဲ့ကြရဘူး။ အမေရိကန်ဝင်အပြီးမှာတော့ အီရတ် ငါးနှစ်အောက်ကလေး ၂၂  ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစား ခဲ့ကြရတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မှတ်တမ်းတစ်ခုအရလည်း သိရပါတယ်။ 
ပညာရေးနိမ့်ကျ
ပညာရေးဘက်      လှည့်ပြန်တော့လည်း အမေရိကန်မဝင်ခင်က    အီရတ်ပြည်သူတွေရဲ့ တစ်ဦးချင်းစာတတ်မြောက်မှုနဲ့   ကျောင်းနေနှုန်း အခြေအနေဟာ   ဒေသတွင်းမှာ  အကောင်းဆုံးမှာ ရှိရာက နိုင်ငံခြားတပ်တွေဝင်ရောက်ပြီးနောက်ပိုင်း နှောင့်နှေးသွားခဲ့ပါတယ်။
ဦးနှောက်ယိုစီးမှုပြဿနာ ရင်ဆိုင်ခဲ့ကြရ
 ဗုံးဒဏ်ကြောင့် စာသင်ကျောင်းတွေ ပျက်စီး၊ ပညာတတ်တွေဟာ စစ်သွေးကြွတွေရဲ့  အသတ်ခံ ရပြီး နိုင်ငံခြားကိုထွက်ကုန်ကြလို့ ဦးနှောက်ယိုစီးမှု ပြဿနာကို ရင်ဆိုင်ခဲ့ကြရတယ်။  လူတစ်ဦးမှာ ရသင့်ရထိုက်တဲ့ အမိုးအကာနဲ့  စားရေသောက်ရေ စတဲ့ မရှိမဖြစ်ဝန်ဆောင်မှုကိုတောင် မရနိုင်တော့ တဲ့အတွက် ရွှေ့ပြောင်းဒုက္ခသည်တွေအဖြစ်နဲ့ နေကြရတဲ့    ပြည်သူတွေရဲ့အခြေအနေဟာ   သေဒဏ်ကျအကျဉ်းသားတွေလိုဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရေနံကြွယ်ဝတဲ့နိုင်ငံက      ပြည်သူ တွေကိုယ်တိုင် လျှပ်စစ်နဲ့ ကိုယ်ပိုင်ဂျင်နရေတာကို ကိုယ်တိုင်ဈေးကြီးပေးဝယ်သုံးကြရပြီး ဆိုးရွားလှ တဲ့ ဒီဇယ်အနံ့တွေနဲ့အတူ ယခင်လှပခဲ့တဲ့ အီရတ် မြို့ကြီးတွေရဲ့ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှုဟာ လေထု၊ မြေထုညစ်ညမ်းမှု‌တွေနဲ့အတူ ပျောက်ကွယ် ခဲ့ရပါတယ်။
ကျူးကျော်သိမ်းပိုက်ခံရမှုနဲ့အတူ     နှစ်ပေါင်း တစ်သောင်းကျော်သက်တမ်းရှိ အီရတ်သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များစွာလည်း ပျောက်ဆုံး၊ ပျက်စီး၊    ဖျက်ဆီးခံလိုက်ရတဲ့     အခြေအနေ ရောက်သွားခဲ့ပါတယ်။ အခိုးခံရ၊ လက်သရမ်းပြီး ဖျက်ဆီးခံရတဲ့အပြင်   အစိုးရရဲ့   လျစ်လျူရှုမှုတွေ ကြောင့် ရှေးဟောင်းမြို့ပြတစ်ခုဖြစ်တဲ့  မက်ဆိုပို တေးနီးယန်းယဉ်ကျေးမှုပြယုဂ် “ဘေဘီလုံ”လည်း လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ 
အသိနောက်ကျခဲ့ရပြီး လုံခြုံမှုမရှိတော့တဲ့ 
အီရတ်ပြည်သူတွေရဲ့ဘဝ ...


ကနဦးမှာ အီရတ်ပြည်သူတွေဟာ အမေရိကန်နဲ့ အနောက်အုပ်စုအပေါ်  မျှော်လင့်ချက်အကြီးအကျယ် ထားခဲ့ကြပြီး     သူတို့ရဲ့   ကယ်တင်ရှင်အဖြစ် သဘောထားခဲ့ကြတယ်။    ဒီမိုကရေစီပေးမယ့် သူတော်ကောင်းတွေအဖြစ်   ထင်မှတ်ခဲ့ကြတယ်။ ဆက်ဒမ်ဟူစိန်ရဲ့ကျဆုံးခန်းနဲ့အတူ  စစ်ပွဲဟာလည်း မြန်မြန်ပြီးမြောက်သွားမယ်လို့ ခပ်ပေါ့ပေါ့တွက်ဆ ထားခဲ့ကြဟန်တူပါတယ်။ 


ဒါပေမဲ့ သူတို့ရဲ့အထင်နဲ့အမြင်ဟာ  လွဲနေ မှန်းသိတဲ့အချိန်မှာ အရာရာဟာ   နောက်ကျသွားခဲ့ပြီ ဖြစ်တယ်။   လုံခြုံမှုမပေးနိုင်တဲ့အပြင် ဒုက္ခဆင်းရဲမှု တွေကိုသာ နေ့စဉ်ကြုံကြရတော့တယ်။ ဘဂ္ဂဒက်မှာ လူနပ်ချမ်းသာတွေပေါ်လာပေမယ့်   တစ်ဦးချင်း လုံခြုံမှုဟာ လုံးဝအဖတ်ဆယ်မရတော့တဲ့အခြေ အနေ ရောက်သွားရတယ်။ 


ဆက်ဒမ်ခေတ်မှာကြောက်ရတာက  အာဏာ ရှင်တစ်ဦးတည်းကိုဖြစ်ပေမယ့်  မဟာမိတ်တပ်တွေ နဲ့ လက်ဝေခံ       အီရတ်အစိုးရအောက်မှာတော့ ကြောက်ရသူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေး ပါပဲ။ ဘာသာမှား၊  အယူမှား၊  မွေးရပ်မြေမှား၊ အမည် ပေးမှားလို့ စစ်သွေးကြွတွေရဲ့လက်ချက်နဲ့ အသတ် ခံရသူပေါင်းဟာ ဆက်ဒမ်ခေတ် ၁၉၉၁ - ၂၀၀၃ ခုနှစ် ကာလထက်  အမေရိကန်သိမ်းပိုက်အပြီး ၂၀၀၆ ခုနှစ်   တစ်နှစ်တည်းမှာတင်    အဆမတန် မြင့်တက်သွားခဲ့ပါတယ်။  ထိုကာလ အီရတ်မြို့လမ်း တွေပေါ်မှာ စစ်သွေးကြွမျိုးစုံတို့သာ  ကြီးစိုးနေတာ ကြောင့် အသေခံဗုံးခွဲမှုများ၊  ပြန်ပေးဆွဲသတ်ဖြတ် မှုတွေအောက်က    ပြည်သူတွေရဲ့ဘဝတွေဟာ သွေးပျက်စရာအတိဖြစ်ခဲ့ကြရတယ်။   အသေခံ ဗုံးကွဲမှုတွေနောက်မှာ အပြစ်မဲ့ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေဟာ        ပိုပြီးထိခိုက်ခံစားကြရပါ တယ်။ 


နိုင်ငံအစိတ်စိတ်အမြွှာမြွှာဖြစ်သွား


ဆွန်နီဖြစ်တဲ့     ဆက်ဒမ်ဟူစိန်လက်ထက်မှာ အဖိနှိပ်ခံဖြစ်ခဲ့တဲ့ ရှီးယိုက်မူဆလင်တွေဟာ အမေရိကန်  ထောက်ခံတဲ့      ရှီးယိုက်ဗဟိုအစိုးရတွေအဖြစ် ပြန်လည်ကြီးစိုးလာခဲ့ကြပြီး  ဆွန်နီတွေကို ပြန် ကလဲ့ စားချေ၊ တစ်ခါ ဆွန်နီတွေဖြစ်တဲ့ အယ်လ်ကေဒါ(ယခု ISIS) တွေရဲ့   တန်ပြန် ခြိမ်းခြောက်မှုကို ပြန်ခံရပြီး ISIS နဲ့ အီရတ်ရှီးယိုက် အစိုးရရဲ့   တိုက်ပွဲတွေဖြစ်ပွား လာခဲ့တယ်။   ယခုလို ညီညွတ်မှုမရှိချိန်မှာ     အီရတ်   ကာ့ဒ်လူမျိုးတွေကလည်း ရှေးယခင်ကတည်းက တောင်းဆိုတိုက်ပွဲ ဝင်နေတဲ့    သူတို့ရဲ့နယ်မြေပိုင်နက် ကို    ပြန်လည်ရယူတိုက်ခိုက်ပြီး ကိုယ်ပိုင်ဒေသနဲ့ ကိုယ်ပိုင်အစိုးရ ဖွဲ့ခဲ့ကြတယ်။  “ရေနစ်သူဝါးကူထိုး”   ဆိုသလို အစိတ်စိတ်အမြွှာမြွှာဖြစ်နိုင်  သို့မဟုတ် ဖြစ်နေတဲ့    အီရတ်နိုင်ငံရဲ့အခြေအနေတွေကို    အလွယ်တကူ မြင်နိုင်မယ်လို့ထင်ပါတယ်။ 
ကြိုတင်တွက်ဆမိဟန်မတူ 

အမှန်တော့ အီရတ်ပြည်သူတွေဟာ နိုင်ငံခြား တပ်တွေ   သူတို့နိုင်ငံထဲ    ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုအပေါ်   တန်ဖိုးကြီးကြီးပေးဆပ်ရမယ် ဆိုတာ ကြိုတင်တွက်ဆမိဟန်မတူပါဘူး။ ဆက်ဒမ် ဟူစိန်ကိုမုန်းတဲ့စိတ်နဲ့ အနောက်အုပ်စုတပ်ဖွဲ့တွေကို လွယ်လင့်တကူခေါ်သွင်းခဲ့ကြတယ်။ 
တိုက်ရိုက်ပေးဆပ်လိုက်ရတာက  ပြည်သူတွေရဲ့ အသက်တွေ၊    စည်းစိမ်ဥစ္စာတွေပါပဲ။   ပြည်ပ ကျူးကျော်တပ်နဲ့    သူ့ရဲ့မဟာမိတ်တွေ၊    အီရတ် စစ်ဘက်နဲ့ရဲတပ်ဖွဲ့နဲ့    ဆန့်ကျင်ဘက်ပုန်ကန်သူ တွေအကြား  အပြန်အလှန်တိုက်ခိုက်မှု၊ ဗုံးခွဲဗုံးကြဲမှု တွေ၊   အသေခံဗုံးခွဲမှုတွေ၊   မီးရှို့မှုတွေကြောင့် အရပ်သားပြည်သူ တစ်သိန်းရှစ်သောင်းနဲ့  နှစ်သိန်း ကြား    သေဆုံးခဲ့ကြရတယ်လို့  ဆိုပါတယ်။ ဒီထက် မက  ပိုများတဲ့ကိန်းဂဏန်းအရေအတွက်အထိ ရှိနိုင် တယ်လို့လည်း ဖော်ပြထားကြပါတယ်။ 
မည်သည့်ပြည်ပကျူးကျော်မှုမဆို 
စည်းလုံးညီညွတ်မှုနဲ့ အင်အားချို့တဲ့ရသည်သာ... 
 နောက်ဆုံးတော့    ၂၀၁၁ ခုနှစ်  သမ္မတ ဂျော့ဘွတ်ရှ်လက်ထက်မှာ အမေရိကန်တပ်တွေဟာ အီရတ်က အပြီးအပိုင်  ပြန်လည်ဆုတ်ခွာသွားပြီး စစ်ပွဲလည်း အဆုံးသတ်ခဲ့ရပါတော့တယ်။ အင်အား ချည့်နဲ့လာတဲ့  နိုင်ငံတစ်နိုင်ငံအတွက်တော့ ပြည်ပ နိုင်ငံတွေရဲ့အလွယ်တကူလွှမ်းမိုးချုပ်ကိုင်ခံရနိုင်ခြေ များနေဆဲပါ။   အမေရိကန်   ထွက်ခွာသွားပေမယ့် အိမ်နီးချင်းအီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုခံနေရဆဲဖြစ်ပြီး    နိုင်ငံတွင်း  ရှီးယိုက်-   ဆွန်နီအကွဲအပြဲက နိုင်ငံစည်းလုံးညီညွတ်မှုကို    ထိခိုက်ပြီး    နိုင်ငံကို မတည်မငြိမ်ဖြစ်စေတယ်ဆိုတာ သင်ခန်းစာယူ စရာဖြစ်ပါတယ်။ 
ဆိုရရင်တော့  အီရတ်နိုင်ငံရဲ့   အတိတ်သမိုင်း သင်ခန်းစာတွေဟာ   ယူတတ်မယ်ဆိုရင်   အလွန် တန်ဖိုးရှိမှာဖြစ်ပါတယ်။ အမေရိကန်ဘက်မှာ လည်း သင်ခန်းစာယူစရာတွေ   အများကြီးပါ။ ဖျက်အားပြင်းလက်နက်ကြီးတွေရှိတယ်ဆိုတဲ့    သတင်းမှားတွေအခြေခံပြီး ဒေါ်လာ ထရီလီယံချီ   သုံးခဲ့တဲ့စစ်ပွဲမှာ  မည်သည့်အကျိုးရလဒ်ကိုမှ မရခဲ့ဘူးဆိုတာ   အမေရိကန်တွေကိုယ်တိုင်   ဝန်ခံပြီးဖြစ်ပါတယ်။  သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒကို   ပြန်လည်သုံးသပ်ခဲ့ရတယ်။   ကျူးကျော်လိုသူ တို့ရဲ့     မဟာဗျူဟာအမှားတစ်ခု‌ကြောင့် နိုင်ငံတစ်ခု မီးလောင်တိုက်သွင်းခံရသလိုဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေများစွာ သေကျေပျက်စီးရ မယ့်အ‌ရေးကို      အင်အားကြီးနိုင်ငံတွေကိုယ်တိုင် က ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ 


တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရ
အီရတ်ပြည်သူတွေကိုယ်တိုင်လည်း     သူတို့ မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီအစစ်အမှန်ကို မရခဲ့ သလို  ပေးဆပ်မှုတန်ဖိုးကြီးကြီးနဲ့    တစ်ဝက် တစ်ပျက်    ဒီမိုကရေစီနဲ့သာ     ရောင့်ရဲနေကြရပါလား ဆိုတဲ့ အချက်ကို   ပြန်လည်သုံးသပ်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ 

မိမိနိုင်ငံနဲ့ မိမိလူမျိုး 
ထာဝရ ရှင်သန်ရပ်တည်နိုင်ရေး    
အဓိကအချက်အနေနဲ့    ပထဝီနိုင်ငံရေးအရ ရွှေ့ကွက်၊   ကစားကွက်တွေကို   နားလည်သဘော ပေါက်ကြဖို့၊     အတိတ်ရဲ့  သမိုင်းဖြစ်စဉ်တွေကို သင်ခန်းစာယူတတ်ဖို့နဲ့ မိမိနိုင်ငံနဲ့ မိမိလူမျိုး ထာဝရရှင်သန်ရပ်တည်နိုင်ရေးအတွက် မျိုးချစ် စိတ်နဲ့တကွ   လုံလောက်တဲ့အသိဉာဏ်ပညာ၊   အ‌မြော်အမြင်ကြီးမားမှုနဲ့   ဆင်ခြင်တုံတရား သည်သာ အရေးကြီးဆုံးဖြစ်ပါကြောင်း ‌တင်ပြ လိုက်ရပါတယ်။      ။