
ရန်ကုန် ဒီဇင်ဘာ ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ကူဝိတ်နိုင်ငံ၏အကြီးအကဲ (ဘုရင်) His Highness Sheikh Nawaf al-Ahmad al-Jaber al-Sabah ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ကွယ်လွန်သွားခြင်းအတွက် ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ် ၆၂/ဘီရှိ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံရုံးတွင် ဖွင့်လှစ် ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ် တွင် ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်လက်မှတ် ရေးထိုးသည်။
သတင်းစဉ်