ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုများ ကျူးလွန်

နေပြည်တော်  ဇန်နဝါရီ   ၁၂


ကယားပြည်နယ်    လွိုင်ကော်မြို့    မိုင်းလုံး ရပ်ကွက်ရှိ အစိုးရနည်းပညာတက္ကသိုလ် (GTU)နှင့် ဗုဒ္ဓဥယျာဉ်တစ်ဝိုက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ  စိမ့်ဝင်ရောက်ရှိနေကြောင်း  အကြမ်းဖက်အဖွဲ့အစည်းများကို မလိုလား၊ လက်မခံ သည့် ဒေသခံပြည်သူများ၏  သတင်းပေးပို့ချက် အရ  ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက  သွားရောက်၍ ဖော်ထုတ်ချေမှုန်း ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ   အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် လူနေအဆောက် အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေး ဆိုင်ရာအဆောက်အဦများကို    အကာအကွယ် ရယူ၍လည်းကောင်း၊  ရပ်ကွက်အတွင်းရှိဒေသခံ များအား   အန္တရာယ်အတွင်းမှဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏    ပစ်ခတ်မှုအောက် ရောက်ရှိစေခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လူသားတံတိုင်းအဖြစ် အသုံးပြုခံရသည့် အပြစ်မဲ့ ပြည်သူများ     ထိခိုက်ဒဏ်ရာရမှု   မရှိစေခြင်းငှာ အတတ်နိုင်ဆုံးရန်သူ ပစ်မှတ်များကိုသာ အနည်းဆုံး ပစ်အားအသုံးပြု၍   ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ 


ထိုသို့ထိတွေ့မှုရှိနေစဉ်အတွင်း ဇန်နဝါရီ ၁၁  ရက် မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် KNPP  အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား အကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိစေပြီး  မြို့အတွင်း ၌ ဖရိုဖရဲဖြင့် ဆူပူမှုများဖြစ်စေရေးအတွက်   လူနေ ရပ်ကွက်များအတွင်း နေရာ သုံးနေရာခွဲ၍ လက်နက် ကြီး/ လက်နက်ငယ်များဖြင့်   အကျဉ်းထောင်အား  အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေး  တပ်ဖွဲ့ဝင်များက အကျဉ်းသားများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး  မိမိကိုယ်မိမိ  ခုခံကာကွယ်ပိုင်ခွင့် အတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဇန်နဝါရီ  ၁၁ ရက်  ညနေပိုင်းနှင့် ယနေ့   မွန်းလွဲပိုင်းတို့တွင်   အပစ် အခတ်ရပ်တန့်လျက် အနောက်ဘက်နှင့်အရှေ့တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့  အကြမ်းဖက် အုပ်စုနှင့် လက်နက်ကိုင်သောင်းကျန်းသူများ ဆုတ်ခွာ မှုကို  သိလျှင်သိချင်း  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်  လက်နက် ကြီး၊ လေကြောင်းပစ်ကူများဖြင့်  ပိုင်းဖြတ်ပစ်ခတ်  ခဲ့သည်။ 


ထို့ပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းတွင်လည်း  မှုံပြာ ကျေးရွာ၊ ဘာဒိုကျေးရွာ၊ ဘုရားဖြူကျေးရွာများဘက်မှ စိုက်ခင်းများနှင့်    လမ်းကြောင်းများကိုအသုံးပြု၍  အင်အားအလုံးအရင်း  ထပ်မံဖြည့်တင်းလာခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့်    ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် အကြမ်းဖက်အဖွဲ့များ ဖရိုဖရဲဖြင့် တောင်ဘက် နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 
ဖြစ်စဉ်များတွင်  ဒေသခံပြည်သူများ   ထိခိုက် ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက်အဦတချို့နှင့် အကျဉ်းထောင်မှ  အိပ်ဆောင်တချို့  ထိခိုက်ပျက်စီး ခဲ့သည်။ 
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များ၏ အဆိုပါလုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင် သော  ပစ်မှတ်များမဟုတ်ဘဲ   ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက် အဦများကို  အကာအကွယ်ရယူ   ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက် အန္တရာယ်ဇုန်မှကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်  အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   စစ်ရေးရည်ရွယ်ချက် အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ် မဟုတ်သည့် အပြစ်ကြွေးချွေးဖြင့်ဆပ်လျက်ရှိသော အကျဉ်းသား  အကျဉ်းသူ  ရာဂဏန်းမျှရှိသည့် နယ်ဘက်အကျဉ်းထောင်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည်တိုက်ခိုက်ခြင်းဖြစ်၍  ဂျီနီဗာကွန်ဗန်းရှင်းများ နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု   (War Crime)    ကျူးလွန်ရာရောက်ပြီး    အဆိုပါ စစ်ရာဇဝတ်မှုများအတွက်      အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင် ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက် စွာ အရေးယူနိုင်ရေး  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။          

  သတင်းစဉ်