လားရှိုးမြို့နယ်၌ လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

 

နေပြည်တော်   ဧပြီ   ၁၉


ရှမ်းပြည်နယ်  (မြောက်ပိုင်း)     လားရှိုးမြို့နယ်၌  လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားသည်။

 


ဖြစ်စဉ်မှာ ဧပြီ ၁၇ ရက် ည ၈ နာရီခန့်က လားရှိုး မြို့နယ်  တာပုံကျေးရွာနေ မအေးဖွေး(၃၈)နှစ်သည် နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ သန်းလွင်(၄၁)နှစ်က အရက်သေစာ သောက်စားမူးယစ်ကာ သစ်သားခုံဖြင့် မအေးဖွေးကို ရိုက်နှက်သဖြင့် မအေးဖွေးက သစ်သား ခုံကိုလုယူပြီး    ပြန်လည်ရိုက်နှက်ခဲ့သောကြောင့် သန်းလွင်တွင်  ဒဏ်ရာများရရှိကာ  သေဆုံးသွားခဲ့ သဖြင့် မအေးဖွေးအား လားရှိုးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား