လစ်ဗျားနိုင်ငံ၌ ရေနံနှင့်ဓာတ်ငွေ့များ ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဟုဆို 


 

ထရီပိုလီ  နိုဝင်ဘာ  ၂၃
လစ်ဗျားနိုင်ငံသည်    လာမည့် ငါးနှစ်တာကာလ       ကျော်လွန် သည့်အခါ ရေနံနှင့်ဓာတ်ငွေ့ထုတ် လုပ်မှုများကို   တိုးမြှင့်သွားရန် အတွက်  နည်းလမ်းများရှာဖွေ နေသည်ဟု     ရေနံနှင့်ဓာတ်ငွေ့ ဝန်ကြီး     မိုဟာမက်အာဝင်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။  ရေနံထုတ်လုပ်မှုကိုတစ်နေ့လျှင်စည်ပေါင်း ၂ ဒသမ ၁ သန်းအထိ တိုးမြှင့်     ထုတ်လုပ်သွားရန်နှင့်  သဘာဝဓာတ်ငွေ့    ထုတ်လုပ်မှု    တိုးမြှင့်ထုတ်လုပ်သွားရန်  အစီ အစဉ်ရှိသည်ဟု          ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 
မြို့တော်     ထရီပိုလီတွင် ကျင်းပသည့်  လစ်ဗျားစွမ်းအင် နှင့်စီးပွားရေး  ထိပ်သီးဆွေးနွေး ပွဲတွင်  ယခုလို   ပြောကြားခဲ့ခြင်း ဖြစ်သည်။  ရေနံကြွယ်ဝမှုအပေါ် တွင်            ရင်းနှီးမြှုပ်နှံမှုများကို အားပေးကြောင်း  ၎င်းက    ပြော သည်။  ထို့ပြင်   လစ်ဗျားနိုင်ငံ သည်ရေနံချက်လုပ်မှုကို တိုးမြှင့် သွားရန်နှင့်    ဒေသတွင်း   ပူးပေါင်း ဆောင်ရွက်မှုများပါလုပ်ကိုင်သွားမည်ဟု   ပြောသည်။    ရေနံနှင့် ဓာတ်ငွေ့မှာ        လစ်ဗျားနိုင်ငံ၏ အခွန်ငွေအတွက် အဓိက  အရင်း အမြစ်များဖြစ်သည်။    သို့သော် လည်း     လွန်ခဲ့သည့်နှစ်အတွင်း လက်နက်ကိုင်     ပဋိပက္ခများ ကြောင့်     ရေနံလုပ်ကွက်များ ပိတ်ထားခဲ့ရပြီး  အဆိုပါကဏ္ဍ တွင်         ထိခိုက်မှုများစွာရှိခဲ့ သည်။ 
ဆင်ဟွာ