
နေပြည်တော် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ရင်းဘုတ်ကျေးရွာနှင့် ပြင်ချောင်းကျေးရွာ တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ရက် တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ လောင်းလုံးမြို့နယ်အတွင်းရှိ ရင်းဘုတ်ကျေးရွာ၊ ပြင်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်တစ်ဝိုက်တို့ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဇူလိုင် ၂၂ ရက်က နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ပြီး ထိုသို့ လုံခြုံရေးဆောင်ရွက်ရာ တွင် ၎င်းကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နယ်မြေလုံခြုံ ရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် လုံခြုံရေးဆောင်ရွက်ရာ နေရာဒေသများအနီးရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်း နှင့် ပြည်သူများကိုဖမ်းဆီးခြင်း စသည့်လှုံ့ဆော် ဝါဒဖြန့်သတင်းမှားများဖြင့် အများပြည်သူ စိုးရိမ်ထိတ်လန့်လာစေပြီး တည်ငြိမ်အေးချမ်း မှုပျက်ပြားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်