
ပရီမီယာလိဂ်ပွဲစဉ် (၁၈) အဖြစ် ဒီဇင်ဘာ ၁၉ ရက် နံနက် အစော ပိုင်းက လိဒ်စ်အသင်းနှင့် အာဆင်နယ်အသင်းတို့ လိဒ်စ်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုအနိုင်ပွဲ ကြောင့် ၁၈ ပွဲကစားပြီး ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၄) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
လိဒ်စ်အသင်းသည် ယခုပွဲစဉ်မတိုင်မီ မန်စီးတီးအသင်း၊ ချယ်လ်ဆီးအသင်းတို့နှင့် တွေ့ဆုံထားပြီး ဂိုးပြတ်ရှုံးနိမ့်ထားသလို ယခုပွဲစဉ်တွင် အာဆင်နယ်အသင်းကို ထပ်မံဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် အတွက် နောက်ဆုံးသုံးပွဲတွင် သုံးပွဲစလုံး ဂိုးပြတ် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရ သည်။ အာဆင်နယ် အသင်းက ယခုပွဲစဉ်တွင် ဂိုးပြတ်အနိုင် ရရှိမှုကြောင့် နောက်ဆုံးသုံးပွဲ တွင် သုံးပွဲစလုံး ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့သည်။
လိဒ်စ်အသင်းသည် ယခု ပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် အာဆင်နယ် အသင်းကို ဖိအားပေးကစားနိုင် ခဲ့သည်ကို တွေ့ရသည်။ သို့သော် လည်း ဂိုးကန်သွင်းမှု၊ ဂိုးပေါက် တည့်မတ်မှုတွင် အာဆင်နယ် အသင်းက အသာရယူနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် လာကာဇက်၏ ဖန်တီးမှုမှ မာတင် နယ်လီက သွင်းယူပေးနိုင်ခဲ့သလို ဒုတိယဂိုးကိုလည်း ပွဲချိန် ၂၆ မိနစ်တွင် ရှာကာ၏ ဖန်တီးမှုမှ မာတင်နယ်လီကပင် သွင်းယူ ပေးနိုင်ခဲ့သည်။ လိဒ်စ်အသင်း သည် သွင်းဂိုးနှစ်ဂိုး ခွင့်ပြုပေး လိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ အသင်းကစား သမားများ အဆုံးသတ်သေချာမှု ကြောင့် ဝေးကွာခဲ့ရသည်။ အာဆင် နယ်အသင်းအတွက် တတိယဂိုး ကို ပွဲချိန် ၄၂ မိနစ်တွင် ဆာကာက သွင်းယူပေးနိုင်ခဲ့သည့် အတွက် ပထမပိုင်းကို အာဆင်နယ်အသင်း က သုံးဂိုး-ဂိုး မရှိဖြင့် ဦးဆောင် နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် လိဒ်စ် အသင်း ကစားအားတက်လာပြီး ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ အဆိုပါချေပဂိုးကို ပွဲချိန် ၇၅ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် ရာဖင်ဟာက သွင်းယူပေးနိုင်ခဲ့ သည်။ သို့သော်လည်း ပွဲချိန် ၈၄ မိနစ်တွင် အာဆင်နယ် အသင်းက စတုတ္ထဂိုး ရရှိခဲ့ရာ စမစ်ရိုဝီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးကန်သွင်းမှု ပြုလုပ် နိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသော ကြောင့် အာဆင်နယ် အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်း ဖြစ်သည်။
လိဒ်စ်အသင်းသည် ယခု ပွဲစဉ်ရှုံးနိမ့်မှုကြောင့် ၁၈ ပွဲကစား ပြီး ရမှတ် ၁၆ မှတ်ဖြင့် တန်းဆင်း ဇုန်အထက်တွင် ရပ်တည်နေ သည်။ ထို့အပြင် လိဒ်စ်အသင်း သည် တန်းဆင်းဇုန်အသင်းနှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေ သည့်အတွက် လာမည့်ရာသီ ပရီမီယာလိဂ်တွင် တင်ကျန်ရန် လက်ကျန်ပွဲစဉ်များကို နိုင်ပွဲ ရရှိရေး အားစိုက်ကစားရတော့ မည်ဖြစ်သည်။
လိဒ်စ်အသင်းသည် လာမည့် ပွဲစဉ်တွင် အသင်းကြီး လီဗာပူး အသင်းနှင့် ထပ်မံယှဉ်ပြိုင် ကစား ရမည်ဖြစ်ပြီး ပြိုင်ဘက် အာဆင် နယ်အသင်းက လိဂ်ဖလားပြိုင်ပွဲ တွင် ဆန်းဒါးလန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်ဖြစ်သည့် နယူး ကာဆယ်နှင့် မန်စီးတီးတို့ ပွဲတွင် မန်စီးတီးက လေးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ မန်စီးတီး တို့ အဝေးကွင်းဖြစ်သော်လည်း နယူးကာဆယ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ၅ မိနစ် တွင် ဒိုင်ယက်က သွင်းယူပေး သည်။ ပွဲချိန် ၂၇ မိနစ်တွင် ကန်ဆယ်လိုက ဒုတိယဂိုးသွင်းယူ ကာ ပထမပိုင်းကို ဦးဆောင်ခဲ့ သည်။
ဒုတိယပိုင်းတွင်လည်း မန်စီး တီးတို့ကပင် ဖိအားပေးကစား နိုင်ခဲ့ပြီး ၆၃ မိနစ်တွင် မာရက်ဇ် နှင့် ၈၆ မိနစ်တွင် စတာလင်းတို့က သွင်းယူပေးကာ ပွဲအပြီး လေးဂိုး- ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲစဉ် ၁၈ အပြီး ရမှတ် ၄၄ မှတ်ဖြင့် ဇယားထိပ်၌ မန်စီးတီးတို့ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ဝုလ်ဖ်နှင့် ချယ်ဆီးတို့ပွဲတွင် ဂိုးမရှိ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
အောင်ဇော်