လွိုင်ကော်မြို့ရှိ ဆရာ ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်    ဩဂုတ်    ၂၂
ကယားပြည်နယ်   လွိုင်ကော်မြို့   မင်းစုရပ်ကွက်   အမှတ်(၁)   အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ ဆရာမများနှင့် ဒေါတမရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ဒေါတမ)ရှိ  ဆရာ ဆရာမများ အား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို      ယနေ့နံနက်ပိုင်းကအဆိုပါကျောင်းများ၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမ ကြီးများနှင့်  ဆရာ   ဆရာမများ   တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်  တာဝန်ရှိသူများက ဆရာ ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက် ဖွယ်ရာများကို  ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ များက လက်ခံရယူကြသည်။
ယင်းနောက် ဆရာ  ဆရာမများ၏ တင်ပြချက် များကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး   ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားသည်။
ဆက်လက်၍    အဆိုပါကျောင်းများရှိ    ဆရာ ဆရာမများနှင့်  ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့် ကြက်သားဆန်ပြုတ်များ တိုက်ကျွေး ခဲ့ကြကြောင်း သတင်းရရှိသည်။           
သတင်းစဉ်