
အကြမ်းဖက်သူများ ခိုအောင်းနေထိုင်လှုပ်ရှားမှုမရှိစေရေး လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ
နေပြည်တော် စက်တင်ဘာ ၂၂
ဩဂုတ် ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆)ရပ်ကွက် (၄၄)လမ်း တိုက်အမှတ်(၁၆) သုံးလွှာ၌ ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ သိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ တိုက်ခန်းအတွင်းမှ ဝေဖြိုးအောင်၊ သီဟကောင်းဆက်နှင့် ပိုးကျော့ကျော့ခန့်တို့ကို လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ နှစ်ချောင်း၊ ဗြောက်အိုးထုပ်များ၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်အား သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဖမ်းဆီးရမိ
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော တရားခံများ၏ထွက်ဆိုချက်နှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၁၅ ရက်တွင် လသာမြို့နယ် (၆)ရပ်ကွက် (၂၂)လမ်း တိုက်အမှတ် (၃၆)ခြောက်လွှာအား ဝင်ရောက်ရှာဖွေခဲ့ရာ သော်ဇင် စိုး၊ ကျော်နိုင်အောင်(ခ) အဇဲနှင့် မင်းဖြိုးသော်တို့ သုံးဦးကို လက်လုပ် သေနတ် နှစ်လက်၊ ၉ မမ ကျည် နှစ်တောင့်၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ညနေ ၄ နာရီခန့်တွင် လမ်းမတော်မြို့နယ် (၇)ရပ်ကွက် လမ်းမတော်လမ်း တိုက်အမှတ်(၅၃)ဘေးလမ်းကြား၌ အောင်မျိုးသူ (ခ)သာဂိ ကို လက်ပစ်ဗုံးသုံးလုံးနှင့်လည်းကောင်း၊ လှိုင်မြို့နယ် ပါရမီလမ်း ပညာပါရမီရိပ်သာ အခန်းအမှတ်(၁၀၁)၌ ထက်ဆွေဖြိုး၊ စိုးသီဟမင်းနှင့် ဂျိုးဇက်ဗန်လျန်မှုန် (ခ) ဂျိုးဇက်တို့ သုံးဦးကို ၉ မမ ကျည် ၁၀ တောင့်၊ ၅.၅၆ ကျည် တစ်တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ နေသွေး၊ ကျော်ကိုကို၊ ကျော်မင်းထွန်းတို့ သုံးဦးကို ဗဟန်း မြို့နယ်ရှိ ယုဇနဟိုတယ်၌လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်တို့ နှစ်ဦးကို ရန်ကုန်မြို့ အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိ
အထက်ပါ ဖမ်းဆီးရမိဖြစ်စဉ်များ တွင် အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင် ပတ်သက်သူ စုစုပေါင်း တရားခံ ၁၂ ဦးကို လက်လုပ်သေနတ် နှစ်လက်၊ ၉ မမကျည် ၁၂ တောင့်၊ ၅.၅၆ ကျည် တစ်တောင့်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး လေးလုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့အနက် အောင်မျိုးသူသည် KNLA တပ်မဟာ(၅) နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းကို လည်းကောင်း၊ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန် တို့သည် မိုးဗြဲမြို့အနီးရှိ NLD ပါတီဝင် များဦးဆောင်သော ကယားပြည်နယ် သပိတ်ကော်မတီမှဖွင့်လှစ်သည့် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းကို လည်းကောင်း တက်ရောက်ခဲ့ကြောင်း၊ အဆိုပါဖမ်းဆီး ရမိတရားခံများမှ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုး၊ ဇော်ဇော်ဟန်၊ သော်ဇင်စိုး၊ ကျော်နိုင်အောင်၊ အောင်မျိုး သူနှင့် ကျော်မင်းထွန်းတို့ ကိုးဦးသည် မင်းသက်နောင် (ခ) စဒမ်ကြီး (ခ) မုတ်ဆိတ်ကြီး (ဖမ်းဆီးရန်ကျန်)၏ စည်းရုံးမှုအရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ရန်ကုန်မြို့ပြ ပြောက်ကျားတော်လှန်ရေး အဖွဲ့ (Yangon Urban Guerrilla Revolution-YUG) လက်အောက်ခံ နွေဦးစစ်သည် (Spring Soldier-SS)အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးကို လုပ်ကြံ
တရားခံ မင်းဖြိုးသော်၊ နေသွေး၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်တို့သည် မေ ၁၀ ရက်တွင် မင်းသက်နောင်၏ စေခိုင်း ချက်အရ မြေနီကုန်း(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ရန် အတွက် နေအိမ်ရှေ့တွင် လက်လုပ်ဗုံး နှစ်လုံးအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲ၍ လည်းကောင်း၊ မင်းသက်နောင်၊ မင်းဖြိုး သော်နှင့် ကျော်ကိုကိုတို့သည် ဩဂုတ် ၂၈ ရက်တွင် လှိုင်မြို့နယ် (၁၂)ရပ်ကွက် အင်းစိန်လမ်းရှိ Idol bar အနီး မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံရှေ့ ပလက်ဖောင်း ပေါ်တွင် လက်လုပ်ဗုံးတစ်လုံးအား ဖုန်း ဖြင့် ချိတ်ဆက်ဖောက်ခွဲ၍လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချိတ်ဆက်ပို့ဆောင်ပေးခဲ့
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက်နိုင်ရေး အတွက် NLD ပါတီမှ ၂၀၁၅ ခုနှစ် စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်ဟောင်းဖြစ်သူ သော်တာအောင် က ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် သော်တာအောင်သည် အဆိုပါသင်တန်းဆင်းအဖွဲ့များ ပြန်လည် ရောက်ရှိချိန်တွင်လည်း ရန်ကုန်မြို့တွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ အများ ပြည်သူ ထိခိုက်သေကျေစေရန် ရည်ရွယ် ၍ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်ကြားလေ့ကျင့်ပေး
စိုးသီဟမင်း၊ ထက်ဆွေဖြိုးနှင့် ဂျိုးဇက်ဗန်လျန်မှုန်တို့သည် ကျော်ထက် အောင် (ဖမ်းဆီးရန်ကျန်)နှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် လှိုင်မြို့နယ် ပါရမီလမ်းရှိ စိုးသီဟမင်း၏နေအိမ်၌ ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်ကာ လက်လုပ်ဗုံး၊ လက်လုပ်မိုင်း စသည့်ဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများ ပြုလုပ်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ရာတွင် အသုံးပြုရန် လက်လုပ် သေနတ်ပြုလုပ်ခြင်းများ သင်ကြား လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စေခိုင်းချက်အရ
အစွန်းရောက်လူငယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ ထားသော CRPH၊ NUG အဖွဲ့များနှင့် NLD ပါတီဝင်များ၊ ယင်းပါတီကို ထောက်ခံ အားပေးသူများမှ တရားမဝင်ဖွဲ့စည်းထား သည့် အကြမ်းဖက်အဖွဲ့အစည်းများ၏စေခိုင်းချက်အရ မြို့နယ်အချို့တွင် ပြည်သူလူထုအား ထိခိုက်ပျက်စီးစေရန်၊ မြို့ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်စေရန် ရည်ရွယ်ကာ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အုပ်ချုပ် ရေးမှူးများကို အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ချိတ်ဆက် ၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ လက်နက်/ခဲယမ်း များ စုဆောင်းခြင်း၊ အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် လူစုဆောင်းခြင်းများ ကိုပါ ပြုလုပ်လာသောကြောင့် အကြမ်းဖက်သူများ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများ ကို ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်ဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေး သူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်