
ချမ်းမြေ့မောင်
စီးပွားရေးမြို့တော်ရန်ကုန်နှင့် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာ ရေး၊ ကုန်စည်ပို့ဆောင်ရေးတို့တွင် အချက်အချာ ကျသည့် မန္တလေးမြို့တို့သည် ၃၈၅ မိုင် ကွာဝေး သည်။ ယခင်က ရန်ကုန်မှ မန္တလေးကို ရထား၊ ကား တို့ဖြင့် ၁ဝ နာရီကျော် အချိန်ပေး၍ သွားလာခဲ့ရ သည်။
အမြန်လမ်း စတင်ဖောက်လုပ်
၂၀၀၅ ခုနှစ်တွင် အများပြည်သူ လွယ်ကူ မြန် ဆန်စွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ က ရန်ကုန်-နေပြည်တော် အမြန်လမ်းကို စတင် ဖောက်လုပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထို့အတူ ၂၀၀၇ ခုနှစ်တွင် နေပြည်တော်မှ မန္တလေး စကားအင်းအဝိုင်းအထိ အမြန်လမ်း စီမံ ကိန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နှင့် ၂ဝ၁၁ ခုနှစ် မတ်လ ၂၃ ရက်တို့တွင် ထပ်မံဖွင့်လှစ်ပေးခဲ့ရာ ရန်ကုန်မှ မန္တလေးကို ကားဖြင့် အချိန်တိုအတွင်း အလွယ် တကူသွားလာနိုင်ကြပြီဖြစ်သည်။
ထိုသို့ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်စေရန် အမြန်လမ်းမကြီး၌ စီမံဆောင် ရွက်လျက်ရှိသည်များကို စာရေးသူအနေဖြင့် နေပြည်တော် တိုးဂိတ်အနီးရှိ အမြန် လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ သွား ရောက်၍ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့သလို လုပ်ငန်းခွင်ရှိရာ အမြန်လမ်းမကြီးတစ်လျှောက်သို့ လည်း သွားရောက်လေ့လာဖြစ်ခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ရန်ကုန် အမှတ် (၃) လမ်းဆုံမှ မန္တလေး တံခွန်တိုင် အထိ လမ်းမိုင် ၃၆၆ မိုင် ၃ ဖာလုံရှိပြီး အလယ် ကျွန်းနှင့် တစ်ဖက်စီတွင် ၂၅ ပေ အကျယ် ယာဉ် သွားလမ်းပါရှိသော ကွန်ကရစ်လေးလမ်းသွား ခွဲခြားလမ်းမကြီးဖြစ်သည်။
သတိပေးဆိုင်းဘုတ်များ
အမြန်လမ်းဟုခေါ်သော်လည်း လမ်းအင်ဂျင် နီယာများနှင့် တာဝန်ရှိသူတို့က သတ်မှတ်ပေးသည့် အမြန်နှုန်းဖြင့်သာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းဖြင့် မောင်းရမည်ဟု သတ်မှတ်ထားသည်။ အန္တရာယ် ရှိနိုင်သဖြင့် အချို့နေရာတွင် ကီလိုမီတာ ၁ဝဝ အထိ မောင်းနှင်နိုင်သည်။ အချို့နေရာတွင် ကီလိုမီတာ ၈၀ ဖြင့်သာမောင်းပါဆိုသည့် သတိပေးဆိုင်းဘုတ် များကို စိုက်ထူထားသည်။
အထူးအနေဖြင့် “သတ်မှတ်ပေးထားသော မိုင် ထက် ကျော်လွန်မောင်းနှင်ပါက အသက်ဆုံးရှုံးနိုင် ပါသည်” ဆိုသည့် ဆိုင်းဘုတ်များကိုလည်း ယာဉ် မောင်းသူများ ဆင်ခြင် သတိပြုနိုင်ကြစေရန် အလို့ ငှါ စိုက်ထူထားသည်ကို တွေ့ရသည်။
ထို့ပြင် “ရှေ့တွင် လမ်းကွေ့ရှိသည်၊ အရှိန်လျှော့ မောင်းပါ”ဆိုသည့် ဆိုင်းဘုတ်များ၊ လမ်းကွေ့ လမ်းညွှန် အမှတ်အသားများ၊ ညအခါလင်းလက်ပြီး ကွေ့ရန်လမ်းညွှန်ပြသပေးသည့် အလိုအလျောက် မီးလုံးများ၊ မီးခြောက်များ၊ ရောင်ပြန်လမ်းညွှန်များ စသည်ဖြင့် လမ်းအသုံးပြု သွားလာနေသော မော် တော်ယာဉ်များ အန္တရာယ်မကြုံတွေ့စေရန်အတွက် တာဝန်ရှိသူများက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထား သည်ကို အမြန်လမ်း အသုံးပြုသွားလာကြသူများ မြင်တွေ့ကြမည်ဖြစ်သည်။
အဆင့်မြှင့်တင်ပြုပြင်မှုများ
ယခုအခါ အဆိုပါအမြန်လမ်းမကြီး၏ လမ်း အကျယ်ချဲ့ခြင်း၊ ကွန်ကရစ်လမ်းပေါ်၌ အဆင့်မြင့် နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းလယ်ကျွန်းများ နှိမ့်ချပြုပြင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ မြေသား လမ်းပခုံး မြှင့်တင်ခြင်း၊ အမြန်လမ်းမကြီးအနီးရှိ ကျေးလက်ပြည်သူများအတွက် ကျေးရွာ ကုန်ထုတ် လမ်းများ ဖောက်လုပ်ပေးခြင်းတို့ကို ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွက် အမြန် လမ်းမကြီးတစ်လျှောက် ကတ္တရာ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းအတွက် ၁၁မိုင် ၃ဖာလုံ၊ ကတ္တရာကွန် ကရစ်လမ်းမျက်နှာပြင် ပျက်စီးနေသောနေရာများ ကို Milling Machine ဖြင့် ခြစ်ထုတ်ခြင်းနှင့် ခြစ် ထုတ်ပြီးသော နေရာများတွင် ကတ္တရာကွန်ကရစ် ပြန်ခင်းခြင်းလုပ်ငန်း ၁၁ မိုင် ၆ ဖာလုံ၊ ကျေးရွာချင်း ဆက် ကုန်ထုတ်ဆက်သွယ်ရေးလမ်း ဖောက်လုပ် ခြင်းလုပ်ငန်း ၁၄ မိုင် ၂ ဖာလုံ၊ ယာဉ်သွားလာမှု အန္တရာယ် ကင်းရှင်းစေရန် လမ်းလယ်ကျွန်း De- pressed နေရာများတွင် Guard Rail ကာရံခြင်း လုပ်ငန်း ၂၂ မိုင်ခန့်အပြင် Road Safety လုပ်ငန်း စဉ်ဖြစ်သော ဘယ်ကွေ့/ညာကွေ့ Sign၊ Chevron၊ U-Turn Sign၊ Object Marker၊ သတိပေးဆိုင်း ဘုတ်၊ အသိပေးဆိုင်းဘုတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ရောင်ပြန်မီးခြောက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ အမြန်လမ်းမကြီးကောင်း မွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း အသီးသီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်း ဦးစီးဌာန ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်း သိမ်းပြုပြင်ကြီးကြပ်ရေးအဖွဲ့က လူအင်အား၊ စက် ကိရိယာအင်အားများဖြင့် ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိခဲ့ရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ယခင် ကွန်ကရစ်ထုအခြေခံလွှာ ခြောက်လက်မ ထု နှင့် အခြေခံလွှာ ၁၂ လက်မထု တည်ဆောက်ပြီးဖြစ်၍ ယခုအခါ အပွန်းခံလွှာအဖြစ် Riding Quality ကောင်းမွန်စေရန် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ် ငန်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယာဉ်ရပ်နားစခန်းများ
ထို့ပြင် အမြန်လမ်းမကြီးတွင် ယာဉ်မောင်းများ၊ တစ်နာရီလျှင်တစ်ကြိမ် နားနေနိုင်ရန် ယာဉ်ရပ်နား စခန်းနှင့် အများသုံး သန့်စင်ခန်းများကိုလည်း ဆောင်ရွက်ထားရှိသည်။ မိုင် ၃၉/၄ (ဘောနတ်ကြီး ယာဉ်ရပ်နားစခန်း)၊ မိုင်၇၆/ဝ (၇၆-မိုင် Mini Rest Camp)၊ မိုင်၁၁၅/ဝ(ဖြူး ယာဉ်ရပ်နားစခန်း)၊ မိုင် ၂ဝ၁/၃(နေပြည်တော်ယာဉ်ရပ်နားစခန်း)၊ မိုင် ၂၈၄/ ၄ (သီးကုန်း ယာဉ်ရပ်နားစခန်း)နှင့် မိုင် ၃၅၂/၆ (စကားအင်းယာဉ်ရပ်နားစခန်း)တို့ကို ဖွင့်လှစ် ထားရှိသည်။
အမြန်လမ်းမကြီးတွင် ဖြစ်ပွားနေသည့် ယာဉ် မတော်တဆမှုများကို ဆန်းစစ်ကြည့်ပါက အရှိန် များ၍သော်လည်းကောင်း၊ ဘီးပေါက်၍သော်လည်း ကောင်း၊ ယာဉ်မောင်း အိပ်ငိုက်၍သော်လည်းကောင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွား လျက်ရှိရာ လမ်းလယ်ကျွန်းအမြင့် (Raised Me- dian)ကြောင့်ပါ ကားတစ်စီးနှင့်တစ်စီး ကျော်တက် ရာတွင် လမ်းလယ်ကျွန်းရှိ Road Curb ကို တိုက်မိ ပြီး မတော်တဆမှုများ ဖြစ်ပေါ်ခြင်း မဖြစ်ရအောင် လမ်းလယ်ကျွန်းပုံစံကို Raised Median မှ De- pressed Median သို့ ပြောင်းလဲတည်ဆောက် လျက်ရှိသည်။
လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်လာ ခြင်းနှင့်အတူ အမြန်လမ်းမကြီးတွင် အိမ်စီး ကား များအတွက် တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ၊ ကုန် တင်ယာဉ်များအတွက် တစ်နာရီလျှင် ၆ဝ ကီလို မီတာ၊ ခရီးသည်တင် Expressယာဉ်ကြီးများအတွက်
တစ်နာရီလျှင် ၉၀ ကီလိုမီတာထက် ပိုမမောင်းရန် အရှိန်နှုန်းသတ်မှတ်ထားသည်။
တစ်စက္ကန့်သွားသည့် အမြန်နှုန်း
ယာဉ်မောင်းသူအများစုသည် မိမိမောင်းနှင် နေသောကား၏ တစ်စက္ကန့်လျှင် သွားသည့် အမြန်နှုန်းကို သတိမပြုမိကြဘဲ မောင်းနှင်နေကြ သည်ကိုလည်း လေ့လာတွေ့ရှိရသည်။ ကီလို ၁ဝဝ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ပေ ၉ဝ၊ ကီလို ၁၁ဝ နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်း သည် ပေ ၁ဝဝ၊ ကီလို ၁၂ဝ နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ပေ ၁၁ဝ၊ ကီလို၁၃၀နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ပေ ၁၂ဝ၊ ကီလို ၁၄၀ နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်း သည် ၁၂၆ ပေ၊ ကီလို ၁၅ဝ နှုန်း မောင်းပါက တစ် စက္ကန့်သွားနှုန်းသည် ၁၃၅ ပေ၊ ကီလို ၁၆ဝ နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၄၄ ပေခန့် သွားနိုင်ကြောင်းတို့ကို ယာဉ်မောင်းသူတို့ သိရှိကာ ဆင်ခြင်သတိပြုနိုင်ရန် လိုအပ်သည်။
အမြန်လမ်းအသုံးပြုသူများအတွက် သတိပေး ဆိုင်းဘုတ်များဖြင့် မည်သို့ပင် လမ်းညွှန်နေစေ ကာမူ လမ်းကောင်းသည်၊ ကားရှင်းသည်ဆိုကာ အရှိန်နှုန်းကို သတိမပြုမိဘဲ သတ်မှတ်ထားသည် ထက် ပိုမိုမောင်းနှင်နေကြသည်များလည်း ရှိနေ သည်။
ကြိုတင်မှန်းဆ၍မရသည့် အခြေအနေ တစ်ခုခုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွား နိုင်ရာ ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ထား သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အတိ အကျ လိုက်နာခြင်းဖြင့် လိုရာခရီးကို ဘေးကင်း စွာ ရောက်ရှိနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရ ခြင်းဖြစ်သည်။ ။
- Log in to post comments