လက်ဘနွန်နိုင်ငံမှ ဆီးရီးယားဒုက္ခသည်များ၏ အခက်အခဲများ

Type
99

 

နှင်းမိုးအိမ်

 

လက်ဘနွန်နိုင်ငံ      ဘူ့ဂျ်ဘရာ့ဂျ်နက်စခန်းတွင် နေထိုင်နေသည့်     ယိုလာအယ်ရှာအစ်ဖ်သည် ဆီးရီးယားမှ  ထွက်ပြေးလာသည့်   ဒုက္ခသည်တစ်ဦး ဖြစ်သည်။ 
အခက်အခဲများနှင့်ပြည့်နှက် 
လက်ဘနွန်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် နေထိုင် ရသည့် ၎င်း၏ဘဝမှာ မသေချာမှုများ၊  အခက်အခဲ များဖြင့် ပြည့်နှက်နေသည်။ နောက်တစ်ရက်တွင် ဘာဆက်ဖြစ်မည်ကိုမသိဘဲ နေ့ရက်များကို    ရှင်သန် နေရသည်။  နောက်တစ်နေ့အတွက် အစားအစာ သေချာပါ့မလားဟုလည်း စိုးရိမ်စွာနေထိုင်နေရ သည်။ ၎င်းသည် လွန်ခဲ့သည့်  ၁၀   နှစ်ကတည်းက  ဆီးရီးယားပြည်တွင်းစစ်ကြောင့်   ထွက်ပြေးလာသူ ဖြစ်ပြီး ဒုက္ခသည်စခန်းတွင် ခင်ပွန်းသည်၊ ကလေး ငါးယောက်နှင့်အတူ နေထိုင်သည်။ 
ညစာမစားရဘဲအိပ်ရ 
၎င်းတို့နေထိုင်သည့်စခန်းမှာ   ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် ရှိသည်။  ညစာ မစားရဘဲ အိပ်ရသည့်   ညများလည်း   ရှိသည်ဟု ယိုလာက ပြောသည်။ ယိုလာသည် ၎င်း၏ မီးဖို ချောင်အတွင်းသို့    ဝင်သွားခဲ့ပြီး   ဟောင်းနွမ်းနေသည့် ရေခဲသေတ္တာထဲတွင် လှီးထားသော  ခရမ်းချဉ်သီး တစ်ပန်းကန်၊    ဒိန်ချဉ်သေတ္တာတစ်ခုနှင့်     ဆီ တစ်ပုလင်းသာရှိကြောင်း ပြသခဲ့သည်။
ရေခဲသေတ္တာအတွင်း အခြားဘာပစ္စည်းမှ မရှိ သည်ကိုလည်း ပြသခဲ့သည်။ ၎င်း၏   အမျိုးသား ဖြစ်သူ  ပိုက်ဆံရှာလာမှသာ  ဟင်းချက်စရာဝယ်နိုင် မည်ဖြစ်ပြီး ကလေးများကို  အစာကောင်းကောင်း ကျွေးနိုင်မည်ဖြစ်သည်။ 
ပိုက်ဆံလုံလောက်မှုမရှိ 
သို့မဟုတ်ပါက    စားစရာပင်မရှိဟု    ၎င်းက ဆင်ဟွာသို့ ပြောသည်။ ၂၀၂၁ ခုနှစ်  ဧပြီလတွင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့  ပြုလုပ်ခဲ့သည့် အကဲဖြတ်မှုအရ ဆီးရီးယားဒုက္ခသည်မိသားစုများ ၏  ၉၉ ရာခိုင်နှုန်းမှာ  အစားအစာ   သို့မဟုတ် အစားအစာဝယ်ယူရန် ပိုက်ဆံ လုံလောက်မှုမရှိဟု ဖော်ပြထားသည်။ ဆီးရီးယားဒုက္ခသည် မိသားစုများ မှာ  အစားအစာဝယ်ယူရန်အတွက်    ပိုက်ဆံချေးငှား ခြင်း    သို့မဟုတ် အကြွေးဝယ်ယူခြင်းတို့     ပြုလုပ်ရ သည်။  နဂိုကမှ   အခြေအနေဆိုးရွားနေရသည့် ဆီးရီးယားဒုက္ခသည်များအတွက်   အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း  ရှားပါးခြင်းတို့ ကြောင့်လည်း အခြေအနေ      ပိုမိုဆိုးရွားလာစေခဲ့ သည်။ 
အလုပ်အကိုင်ရှားပါး 
လက်ဘနွန်နိုင်ငံတွင်   ၎င်းတို့နိုင်ငံသားများ အတွက်  အလုပ်အကိုင်ဈေးကွက်ကို   အကာအကွယ် ပေးထားရာ    ဆီးရီးယားဒုက္ခသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသည်။ ယိုလာ သည်  ၎င်းတို့စခန်းရှိ အလုပ်ရုံတွင် စက်ချုပ်သမား အလုပ်လုပ်ကိုင်ပြီး   ၎င်းချုပ်သမျှ  အထည်အတွက် ပိုက်ဆံရသည်။   ၎င်း၏    ခင်ပွန်းသည်ဖြစ်သူမှာ ၎င်းတို့    စခန်းအနီးတစ်ဝိုက်တွင်     အထမ်းသမား အဖြစ် အလုပ်လုပ်ကိုင်သည်။ 
အိမ်နီးနားချင်းများနှင့် အနီးတစ်ဝိုက်တွင်နေထိုင်ကြသူများထံမှ    အထုပ်များကို   သယ်ဆောင် ပေးခြင်းဖြင့် အခကြေးငွေရအောင် ဖန်တီးရသည်။ 
ထောက်ပံ့ကြေးငွေမှာလုံလောက်မှုမရှိ 
၎င်းတို့မိသားစုသည် တစ်လလျှင် အမေရိကန် ဒေါ်လာ ၆၀ ခန့်ဖြင့် လောက်ငအောင် နေထိုင်ကြ သည်။ ၎င်း၏ အမျိုးသားရှာဖွေသည့် ဝင်ငွေနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှပေးသည့် ထောက်ပံ့ ကြေးငွေဖြင့်    ရပ်တည်နေခြင်းဖြစ်သည်။   တချို့ သောမိသားစုများမှာ  အစားအသောက်အထောက် အပံ့သာ ရရှိနေချိန်တွင်  အခြားသော မိသားစုများက မူ အေဂျင်စီများထံမှ  ငွေကြေးထောက်ပံ့မှုကို    ရရှိ သည်ဟု ယူအင်န်အိတ်ချ် စီအာမှ ပြောရေးဆိုခွင့်ရှိသူ လီဆာအဘူခါလက်က ရှင်းပြသည်။ ယိုလာကမူ ၎င်းရရှိသည့်   ထောက်ပံ့ကြေးငွေမှာ  လုံလောက်မှု မရှိဟု ပြောသည်။
ငွေကြေးအနည်းငယ်သာကျန် 
 လက်ဘနွန်နိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေသည့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့်လည်း ၎င်း၏ အခြေအနေမှာ   ပိုမိုဆိုးရွားခဲ့ရသည်။ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အစားအသောက်ဈေးနှုန်း မှာ ၄၀၀ ရာခိုင်နှုန်းအထိ    တိုးမြင့်သွားရသည်။  ပုဂ္ဂလိက  မီးစက်အဖွဲ့ကို    လက်ဘနွန်ငွေကြေး ၇၅၀၀၀၀ ပေးရပြီး အိမ်ငှားခအတွက် လက်ဘနွန် ငွေကြေး ၂၅၀၀၀၀ ပေးဆောင်ရသည်။ အဆိုပါ ပိုက်ဆံများနုတ်လိုက်လျှင် ကလေးများကို ကျွေးမွေး ရန် ငွေကြေးအနည်းငယ်သာ ကျန်တော့သည်ဟု ၎င်းက ပြောသည်။ 
အိမ်ခန်း၏အခြေအနေ 
အခန်းနှစ်ခန်းသာပါသည့် အိမ်တွင်   နေထိုင်ရ သည်။  ၎င်းနေထိုင်ရာ အိမ်သို့  မိလ္လာပိုက်လိုင်းများ နှင့် အမှိုက်ပုံများကို    ဖြတ်ကျော်၍     လာခဲ့ရသည်။  ၎င်းတို့အိမ်မှာ အခြေခံကျန်းမာရေး လိုအပ်ချက်ပင် ပြည့််စုံမှုမရှိချေ။      ကလေးငယ်များ      ကစားရာ ပတ်ဝန်းကျင်အနီးတွင်လည်း     မီးကြိုးပျက်များ ကျနေပြီး လျှပ်စစ်အန္တရာယ်လည်းရှိသည်။  ယိုလာ ၏ အိမ်အခြေအနေမှာ အကောင်းကြီး မဟုတ်လှပေ။ အမိုးများ၊ နံရံများမှာလည်း ပေါက်ပြဲနေပြီး အခန်း များတွင်လည်း  မှိုစွဲနေသည်။  
ကလေးများကိုကျောင်းမအပ်နိုင် 
၎င်းတို့မိသားစုမှာ   မွေ့ယာအပေါက်အပြဲနှင့် အိပ်စက်ရပြီး   နေ့ဘက်တွင်   ထိုင်ခုံများကိုအခန်း ထောင့်တွင် စုစည်းထားရသည်။     မီးအားရသည့် အချိန်အနည်းငယ်အတွင်း   ကလေးများအတွက် ဖျော်ဖြေရေးအဖြစ်  တီဗွီတစ်လုံး   ဖွင့်ပြထားသည်။ ယိုလာအတွက်  အဆိုးဆုံးအခြေအနေမှာ ကလေး များကို ကျောင်းမအပ်နိုင်ခြင်းပင်ဖြစ်သည်။  နိုင်ငံ အတွင်း ကိုဗစ် -  ၁၉ ကပ်ရောဂါပျံ့နှံ့နေစဉ်အတွင်း အွန်လိုင်းမှ  သင်ကြားမှုအတွက်   လျှပ်စစ်ပစ္စည်း များ ထောက်ပံ့ပေးနိုင်ခြင်းမရှိသကဲ့သို့ အင်တာနက် ဆက်သွယ်မှုလည်း ရရှိအောင် လုပ်မပေးနိုင်ချေ။ 
ပညာရေးရပ်တန့်လိုက်ရ 
 နေထိုင်ခွင့်အတွက်     သက်တမ်းတိုးရန်ပင် ငွေကြေးမရှိသည့်အတွက် ကျောင်းများက   လာမည့် စာသင်နှစ်အတွက် ၎င်းကလေးများကို ကျောင်းအပ် ခွင့်မပြုခဲ့ဟု ၎င်းက ဆက်ပြောသည်။  ယူနီဆက်ဖ် ၏ ခန့်မှန်းမှုအရ ဆီးရီးယားဒုက္ခသည် မိသားစု ၂၂ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ကလေးများကို စာသင် ကျောင်းသို့  မပို့နိုင်ဘဲ လုပ်ငန်းခွင်သို့သာ ပို့ဆောင် ရသည်ဟု  သိရသည်။ ၃၅ ရာခိုင်နှုန်းမှာမူ   ၎င်းတို့ ကလေးများ၏ ပညာရေးကို ရပ်တန့်ပစ်လိုက်ရသည်။ 
 ကလေးများကိုအလုပ်လုပ်ခိုင်း 
ယိုလာတွင်လည်း     ၎င်း၏   သားတစ်ဦးမှာ အလူမီနီယံဆိုင်တွင် အလုပ်သွင်းပေးထားရသည်။ အခြားသော   ကလေးများကိုလည်း   လက်ဘနွန် ငွေကြေးအနည်းငယ်ရရှိစေရေး   ဈေးဆိုင်တွင် အမှိုက်လှဲခိုင်းသည်။ ယိုလာအတွက် တစ်ခုတည်း သော အိပ်မက်မှာ ကလေးများအနာဂတ်လှပစေရေး အတွက်     သင့်လျော်သော     ကျောင်းပညာရေး ထောက်ပံ့ပေးနိုင်ရန်ပင်ဖြစ်သည်ဟု     ဆင်ဟွာသို့ ပြောသည်။ 
သင့်လျော်သည့်ပညာရေးမရ 
လူ့အခွင့်အရေးတွင်   အရေးအကြီးဆုံးအချက် ချိုးဖောက်ခံထားရပြီး အဆိုပါအချက်မှာ ကလေးများ အတွက်   သင့်လျော်သည့်  ပညာရေးမရရှိခြင်းပင် ဖြစ်သည်ဟု   ၎င်းက  ဆက်ပြောသည်။ ဆီးရီးယား နိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လအတွင်း ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ဆီးရီးယားဒုက္ခသည် ၁ ဒသမ ၅ သန်း ကျော်မှာ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ လက်ဘနွန်နိုင်ငံလူဦးရေ၏   လေးပုံတစ်ပုံနီးပါး ရှိသည်။      လက်ဘနွန်နိုင်ငံသည်     လက်ရှိတွင် ကမ္ဘာပေါ်၌      ဒုက္ခသည်အများဆုံး   လက်ခံထားရာ နိုင်ငံလည်းဖြစ်သည်။
ကိုးကား- ဆင်ဟွာ