လက်စတာကို အနိုင်ရပြီး အမှတ်ပေးဇယားကို အာဆင်နယ်ဆက်လက်ဦးဆောင်

 

ပရီမီယာလိဂ်ပွဲစဉ်   (၂၅)  အဖြစ် ဖေဖော်ဝါရီ  ၂၅ ရက်   ည ၉  နာရီ ခွဲက     ယှဉ်ပြိုင်ကစားခဲ့သည့်  လက်စတာနှင့်      အာဆင်နယ် အသင်းတို့ပွဲစဉ်တွင်  အာဆင်နယ်                 က တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။  အဆိုပါပွဲစဉ်သို့  ပွဲကြည့် ပရိသတ် ၃၂၀၀၀ ကျော် လာရောက်  ကြည့်ရှုခဲ့သည်။

 


အာဆင်နယ်ဂိုးရ


လက်စတာအသင်း၏ တုံ့ပြန် ကစားပုံ     ကောင်းမွန်မှုကြောင့်  အာဆင်နယ်အသင်း   သွင်းဂိုးရရှိ ရေး ရုန်းကန်ခဲ့ရသည်။  ပွဲချိန် ၂၇ မိနစ်တွင် အာဆင်နယ်အသင်းမှ ထရိုဆတ်   ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ ရသည်။   ပွဲချိန် ၄၆ မိနစ်တွင် ထရိုဆတ်၏ ဖန်တီးမှုကို မာတင် နယ်လီ  ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ သည့်အတွက် အာဆင်နယ်အသင်း သွင်းဂိုးရရှိခဲ့သည်။ ထို့နောက်ပိုင်း တွင်    အာဆင်နယ်အသင်းက ဘောလုံး     ပိုင်ဆိုင်မှုအသာဖြင့် လက်စတာ       အသင်းဘက်သို့ ဂိုးကန်သွင်းမှု ခပ်စိတ်စိတ်ပြုလုပ် လာနိုင်ခဲ့သည်။ 

 


ပွဲချိန် ၆၂ မိနစ်တွင် တိုင်လီမန်းစ်  နှင့်   ဗာဒီတို့   ဝင်လာပြီးနောက် လက်စတာအသင်း၏ ကစားအား  လှုပ်လှုပ်ခတ်ခတ်    ရှိလာခဲ့ပြီး ပြိုင်ဘက်  အာဆင်နယ်အသင်းကို   အခက်တွေ့အောင်   ကစားနိုင်ခဲ့ သည်။ အာဆင်နယ်အသင်းသည်  ယခုပွဲ အနိုင်ရရှိမှုကြောင့်  ရမှတ် ၅၇ မှတ် ရရှိလာပြီဖြစ်သည်။

 


အခြားသော ပွဲစဉ်ရလဒ်များ


အခြားသော  ပွဲစဉ်ရလဒ်များ တွင်   အက်စ်တွန်ဗီလာအသင်း က အဲဗာတန်အသင်းကို    နှစ်ဂိုး ပြတ်ဖြင့်နိုင်ပြီး      ဝက်စ်ဟမ်း အသင်းက နော်တင်ဟမ်အသင်း ကို    လေးဂိုးပြတ်ဖြင့်  အနိုင်ရ သည်။
လိဒ်စ်အသင်းက ဆောက်သမ် တန်   အသင်းကို  တစ်ဂိုး  - ဂိုးမရှိ  ဖြင့်  အနိုင်ရရှိခဲ့သည်။  

 

အောင်ဇော်