
မန်ယူအသင်းသည် လက်စတာအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ် ကစားသမား တိုင်လီမန်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မန်ယူနည်းပြ တန်ဟတ်သည် အဆိုပါ လက်စတာ ကွင်းလယ် ကစားသမားကို ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီကတည်းက ခေါ်ယူ ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ တိုင်လီမန်းစ်သည် လက်စတာအသင်း၌ ယခုနှစ်ရာသီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ပွဲစဉ်အားလုံးတွင် ပါဝင် ကစားခွင့်ရရှိထားသူ ဖြစ်သည်။ တိုင်လီမန်းစ်နှင့် လက်စတာအသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ကိုးလကျော်သာ ကျန်ရှိနေ သောကြောင့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ပြင်ပကလပ်များ အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးနှင့်အတူ အကြိုသဘောတူစာချုပ် ချုပ်ဆို နိုင်တော့မည် ဖြစ်သည်။
အဆိုပါ ကွင်းလယ်ကစားသမားကို မန်ယူအသင်းအပြင် အာဆင် နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
မိုးဇက်