လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

 

ရန်ကုန်   ဩဂုတ်   ၁၃


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်    (၈)    ပထမနေ့အဖြစ် ရှမ်းယူနိုက်တက်နှင့်    ဧရာဝတီ အသင်းတို့ သြဂုတ် ၁၃ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက် အသင်းက    တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 


ယခုရာသီတွင်      လက်ရှိ ချန်ပီယံ  ရှမ်းယူနိုက်တက်အသင်း သည်     ရှစ်ပွဲဆက်အနိုင်ရလဒ်နှင့် အတူ      ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။   ဧရာဝတီအသင်းမှာမူ    ဒုတိယ မြောက်          ရှုံးပွဲကြုံတွေ့ခဲ့  သည်။

 


ရှမ်းယူနိုက်တက်  အသင်းက ပွဲချိန် ၃၃ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး    တောင်ပံကစားသမား   နန္ဒကျော် က သွင်းယူခဲ့သည်။     
ရှမ်းယူနိုက်တက်   အသင်း သည်      ရမှတ်  ၂၄  မှတ်ဖြင့် ဆက်လက်ဦးဆောင်လျက်ရှိပြီး ဧရာဝတီအသင်းက  ရှစ်ပွဲကစား၊ လေးပွဲနိုင်၊  နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ်     ၁၄ မှတ်     ရရှိထား သည်။    ပွဲစဉ် (၈)  ဒုတိယနေ့ကို  သြဂုတ်  ၁၄   ရက်      (ယနေ့) ဆက်လက်   ကျင်းပမည်ဖြစ်ပြီး     ရန်ကုန်အသင်းနှင့်      ဟံသာဝတီ အသင်း   ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။                          

ရဲရင့်လွင်
ဓာတ်ပုံ - MNL