
ပီအက်စ်ဂျီအသင်းနှင့် နိစ်အသင်းတို့၏ ပြင်သစ်ဖလား ၁၆ သင်း အဆင့်ပွဲစဉ်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပီအက်စ် ဂျီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီအသင်းအနေဖြင့် နိစ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံး အဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံး အဖြတ်တွင် ငါးဂိုး- ခြောက်ဂိုးဖြင့် နိစ် အသင်းက အနိုင်ရရှိကာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ သည်။
ယခုပွဲစဉ်တွင် ပီအက်စ်ဂျီအသင်း သည် မက်ဆီ၊ အီကာဒီ၊ ဒရက်ဇ်လာတို့ တိုက်စစ်အတွဲကို အသုံးပြုကာ နိစ် အသင်းကို ရင်ဆိုင်လာခဲ့ပြီး အားထားရ သည့် တိုက်စစ်ကစားသမား အမ်ဘာပေ ကို လူစားဝင် ကစားသမားအဖြစ် အသုံး ပြုခဲ့သည်။
ပီအက်စ်ဂျီအသင်းသည် နိစ် အသင်းကို ခြေအသာ၊ ဂိုးကန်သွင်းမှု အသာဖြင့် ကစား နိုင်ခဲ့သော်လည်းအသင်း ကစားသမားများ အဆုံးသတ်အားနည်း မှု၊ ပြိုင်ဘက်ခံစစ်နှင့် ဂိုးသမားတို့ ကောင်းမွန်စွာ ဟန့်တားရှင်းထုတ်နိုင်ခဲ့ သည့်အတွက် သွင်းဂိုးများ မမြင်တွေ့ခဲ့ရ ခြင်း ဖြစ်သည်။ ယခုပွဲစဉ်ကို အနိုင်ရရှိ ခဲ့သော နိစ်အသင်းသည် ပြင်သစ် ဖလား ကွာတားဖိုင်နယ်၌ မာဆေးလ် အသင်းနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် လာမည့် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး နိစ်အသင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ကလီမွန့်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
အောင်ဇော်