LLD International Amateur Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့ထွက်ခွာ

 

ရန်ကုန်   မေ  ၂၈


စင်ကာပူနိုင်ငံ Laguna National Golf Re-sort Club ၌ ၂၀၂၂ ခုနှစ် မေ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ ကျင်းပမည့် LLD International Amateur Championship ဂေါက်သီးရိုက် ပြိုင်ပွဲ ယှဉ်ပြိုင်ရန်   မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် မေ ၂၈ ရက် နံနက်ပိုင်း က ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ     တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 


ပြိုင်ပွဲဝင်           မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကျော်ကိုကိုချစ် (ဒုတိယဥက္ကဋ္ဌ၊ မျိုးဆက် သစ် လူငယ်ဂေါက်သီးအားကစားသမားများ ဆပ်ကော်မတီ) အားကစားသမားများအဖြစ် မင်းစစ်သွေး၊  ထွန်းသူရိန်၊ ရဲလွင်ဦး၊ ဖိုးလမင်း နှင့် ကျော်ကိုကိုချစ်တို့    ပါဝင်ကြသည်။ ယင်းပြိုင်ပွဲသို့  သြစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာအပါအဝင် နိုင်ငံ ကိုးနိုင်ငံမှ ကစားသမား ၅၁ ဦး ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ   ဂေါက်သီး အဖွဲ့ချုပ်သည် ကစားသမားများ     ပြိုင်ပွဲ အတွေ့အကြုံရစေရန်    နိုင်ငံတကာပြိုင်ပွဲ များသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပြီး ယခု ပြိုင်ပွဲမှာလည်း မြန်မာဂေါက်သီးရိုက်ကစားသမားများအတွက် အကျိုးရှိမည့် ပြိုင်ပွဲလည်း ဖြစ်သည်။


ကိုညီလေး၊ ဓာတ်ပုံ-MGF