
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ် ကမ်းမြောင်ဒေသဖြစ်ပြီး မြစ်ချောင်းနှင့် ကျွန်းများ ပေါများသည်။ တိုင်းဒေသကြီးကို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင် သုံးခရိုင်ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်များထဲ တွင် ထားဝယ်ခရိုင်သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားဝင်အတည်ပြုချိန်မှစ၍ သတ်မှတ်ထား သော တနင်္သာရီတိုင်းအတွင်း ပါဝင်သည်။ လူများ စတင်နေထိုင်သည်မှာ နှစ်ပေါင်း ၄၀၀၀ ကျော်ရှိပြီဖြစ်သော်လည်း အမှန်စင်စစ် တနင်္သာရီတိုင်းသည် ၁၈၂၄ ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲပြီးချိန်နောက်ပိုင်းမှ စတင် ခေါ်ဝေါ်ခဲ့ပြီး ထားဝယ်၊ မြိတ် စသည်တို့မှာ ယခင်ကပင် ထင်ရှားကျော်ကြားခဲ့သည့် မြို့များဖြစ်သည်။ တနင်္သာရီတိုင်းတွင် သာဂရမြို့ဟောင်းသည် ရှေးအကျဆုံး မြို့ဟောင်းဖြစ်ပြီး ထားဝယ်မြို့အား ခေါ်ဝေါ် ခြင်းဖြစ်သည်။
m ရှေ့ဖုံးမှ
၁၈၂၃ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်တွင် ထားဝယ်ခရိုင်သည် ပီနံဘုရင်ခံ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိခဲ့ပြီး အေဒီမိန်းဂီး (AD Maingy) က ထားဝယ်နယ်နှင့် မြိတ်နယ်ကို ဝန်ရှင်တော် မင်းကြီး (တိုင်းမင်းကြီး) အုပ်ချုပ်သည့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီး တနင်္သာရီတိုင်းအဖြစ် သတ်မှတ်သောအခါ ထားဝယ်မြို့သည် တိုင်းမြို့တော်ဖြစ်လာသည်။
မြိတ်ခရိုင်သည် မွန်ပြည်နယ်အပါအဝင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော နယ်ခြားဒေသတစ်ခုလည်းဖြစ်သည်။ ခရစ်နှစ် ၁၈၃၄ ခုနှစ်အထိ တနင်္သာရီတိုင်းအတွင်း ကျိုက္ခမီ၊ ရေး၊ ထားဝယ်၊ မြိတ်ဟု လေးခရိုင်ထားရှိပြီး အိန္ဒိယ ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြိတ်ခရိုင်ကို ခြောက်မြို့နယ် ခွဲခြားသတ်မှတ်၍ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီလေးမြို့နယ်မှာ မြိတ်ခရိုင်အတွင်း ပါဝင်ပြီး ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့သည် ကော့သောင်းခရိုင်အဖြစ် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် သီးခြားပေါ်လွင်လာခဲ့သည်။
ကော့သောင်းခရိုင်သည် ယခင်မြိတ်ခရိုင်တွင် ပါဝင်ပြီး ၆-၁-၁၉၉၂ ရက်နေ့တွင် ကော့သောင်းနှင့် ဘုတ်ပြင်း နှစ်မြို့နယ်ပါဝင်သည့် ကော့သောင်း ခရိုင်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၁)အရ ဖွဲ့စည်းခဲ့သည်။ ၁-၁-၂၀၀၃ ရက်နေ့တွင် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ခမောက်ကြီးမြို့ကိုလည်းကောင်း၊ ဘုတ်ပြင်း မြို့နယ်တွင် ၁-၄-၂၀၀၄ ရက်နေ့၌ ကရသူရိမြို့နှင့် ၁-၁-၂၀၀၃ ရက်နေ့တွင် ပြည်ကြီးမဏ္ဍိုင်မြို့ကိုလည်းကောင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။
ထိုတနင်္သာရီတိုင်းဒေသကြီးတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်ထောင်စုလမ်းသုံးလမ်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသော တိုင်းဒေသကြီးလမ်း ၂၉ လမ်း စုစုပေါင်း ၃၂ လမ်း၊ လမ်းမိုင်အရှည် ၁၀၇၈ မိုင် ၃ ဖာလုံ ၃၉၄ ပေနှင့် ပေ ၁၈၀ နှင့်အထက် တံတား ၂၇ စင်း၊ ပေ ၁၈၀ အောက်တံတား ၉၁၅ စင်း၊ Box Culvert ၂၂၆၂ စင်းနှင့် Pipe Culvert ၄၈၄ စင်း၊ စုစုပေါင်းတံတား ၃၆၈၈ စင်းတို့ကို တာဝန်ယူတည်ဆောက်ပြုပြင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးဖြစ်သော ဘုရားကြီး-မော်လမြိုင် - ထားဝယ် - မြိတ်- ဘုတ်ပြင်း-ကော့သောင်းလမ်းသည် ၃၉၅ မိုင် ၄ ဖာလုံ အရှည် ရှိပြီး မလွှဲတောင်-ထားဝယ်အပိုင်း၊ ထားဝယ်-ပလောက်အပိုင်း၊ ပလောက်-ပုလော-မြိတ်အပိုင်း၊ မြိတ်-တနင်္သာရီ-ထုံခါအပိုင်း၊ ထုံခါ-ဘုတ်ပြင်း အပိုင်းနှင့် ဘုတ်ပြင်း-ကော့သောင်းအပိုင်းတို့ရှိသည့် အနက် မလွှဲတောင် - ထားဝယ်အပိုင်းအား လမ်း အထူးအဖွဲ့ ၂၃ ကလည်းကောင်း၊ ထားဝယ်-ပလောက်အပိုင်းအား ထားဝယ်ခရိုင်ကလည်းကောင်း၊ ပလောက်-ပုလော-မြိတ်အပိုင်းနှင့် မြိတ်-တနင်္သာရီ -ထုံခါအပိုင်းတို့အား မြိတ်ခရိုင်မှလည်းကောင်း၊ ထုံခါ - ဘုတ်ပြင်းအပိုင်းအား လမ်းအထူးအဖွဲ့ ၂၄ မှလည်းကောင်း၊ ဘုတ်ပြင်း - ကော့သောင်းအပိုင်း ကို ကော့သောင်းခရိုင်ကလည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
လမ်းအထူးအဖွဲ့ ၂၃ မှ တာဝန်ယူဆောင်ရွက် လျက်ရှိသော မလွှဲတောင် - ထားဝယ်အပိုင်း မိုင် ၂၄၅/၆ ဒသမ ၅ မှ ၃၂၈/၃ ဒသမ ၅ အထိ စုစုပေါင်း ၈၂ မိုင် ၅ ဖာလုံ အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်၌ ၂၄ ပေအကျယ် AC လမ်း ၂၅ မိုင် ၃ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၅၇ မိုင် ၂ ဖာလုံသာရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၂၄ ပေအကျယ် AC လမ်း ၄၇ မိုင် ၂ ဒသမ ၂ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၃၅ မိုင် ၂ ဒသမ ၇၉ ဖာလုံအထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ထားဝယ်ခရိုင်က တာဝန်ယူဆောင်ရွက်သော ထားဝယ်- ပလောက်အပိုင်း မိုင် ၃၂၈/၃ ဒသမ ၅ မှ ၃၉၅/၃ ဒသမ ၅ အထိ စုစုပေါင်း ၆၇ မိုင် သုည ဖာလုံတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်၌ ၂၄ပေအကျယ် AC လမ်း ၁ မိုင် ၂ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၆၄ မိုင် ၆ ဖာလုံနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ၁ မိုင် သုည ဖာလုံသာ ရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၂၄ ပေအကျယ် AC လမ်း ၂၇ မိုင် ၅ ဒသမ ၅ ဖာလုံ၊ ၁၈ပေအကျယ် ကတ္တရာလမ်း ၅ မိုင် သုည ဒသမ ၅ ဖာလုံနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ၃၄ မိုင် ၂ ဖာလုံအထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
၎င်းနောက် မြိတ်ခရိုင်မှ တာဝန်ယူဆောင်ရွက် သော ပလောက်- ပုလော - မြိတ်အပိုင်းနှင့် မြိတ်-တနင်္သာရီ-ထုံခါအပိုင်း မိုင် ၃၉၅/၃ ဒသမ ၅ မှ ၅၃၁/၆ ဒသမ ၅ အထိ စုစုပေါင်း ၁၃၆ မိုင် ၃ ဖာလုံ တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်၌ ၂၄ ပေအကျယ် AC လမ်း ၂၀ မိုင် ၇ ဒသမ ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကွန်ကရစ်လမ်း ၁၅ မိုင် သုည ဒသမ ၅ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၃၃ မိုင် ၄ ဖာလုံနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ၆၆ မိုင် ၇ ဖာလုံအထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ထို့အပြင် လမ်းအထူးအဖွဲ့ ၂၄ က တာဝန်ယူ ဆောင်ရွက်သော ထုံခါ-ဘုတ်ပြင်းအပိုင်း မိုင် ၃၅၁/ ၆ ဒသမ ၅ မှ ၆၁၁/၃ ဒသမ ၅ အထိ စုစုပေါင်း ၇၉ မိုင် ၅ ဖာလုံ၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်၌ ၁၂ပေ အကျယ်ကတ္တရာလမ်း ၁၂ မိုင် ၃ ဖာလုံ၊ ၁၈ ပေ အကျယ်ကတ္တရာလမ်း ၂၀ မိုင် ၁ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၀ မိုင် ၂ ဖာလုံနှင့် ကျောက် လမ်း ၄၉ မိုင် ၀ ဖာလုံသာ ရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၂၄ ပေအကျယ် ကွန်ကရစ် လမ်း ၉ မိုင် ၄ ဒသမ ၂၅ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂၉ မိုင် ၁ ဒသမ ၉၆ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၃၈ မိုင် ၉ ဒသမ ၁၉ ဖာလုံ နှင့် ၂၄ ပေအကျယ် ကျောက်လမ်း ၁ မိုင် ၅ ဒသမ ၆ ဖာလုံအထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ သည်။
ကော့သောင်းခရိုင်မှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ဘုတ်ပြင်း-ကော့သောင်းအပိုင်း မိုင် ၆၁၁/၃ ဒသမ ၅ မှ ၇၄၁/၂ ဒသမ ၅ အထိ စုစုပေါင်း ၁၂၉ မိုင် ၇ ဖာလုံတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်၌ ၂၃ ပေအကျယ် ကွန်ကရစ်လမ်း ၁၈ မိုင် ၃ ဒသမ ၆၄ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၆၃ မိုင် ၁ ဒသမ ၀၆ ဖာလုံသာရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်ကုန်အထိ ၂၂ ပေအကျယ် ကတ္တရာကွန်ကရစ် AC လမ်း ၄၈ မိုင် ၂ ဒသမ ၃ ဖာလုံ၊ ကွန်ကရစ်လမ်း ၁၈ မိုင် ၃ ဒသမ ၆၄ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂၇ မိုင် ၀ ဒသမ ၇၇ ဖာလုံနှင့် ၂၄ပေ အကျယ် ကတ္တရာလမ်း ၃၆ မိုင် သုည ဒသမ ၂၉ ဖာလုံတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ဘုရားကြီး- မော်လမြိုင် - ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်းလမ်းသည် မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထား သော အဓိကလမ်းမကြီးဖြစ်သည်။ ယခင်ဆယ်စု နှစ်များက ရေလမ်းခရီးရှပ်ပြေးယာဉ်ကိုသာ အားထားခဲ့ရာမှ ယခုအချိန်၌ လမ်းမကြီးအား အချိန်တိုတောင်းစွာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ ၎င်းလမ်းတွင် ယာဉ်အန္တရာယ်ဖြစ်စေနိုင်သော မျက်ကွယ်ကွေ့/ မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်၍ လမ်းဖြောင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ (မလွှဲတောင်မှ ကော့သောင်းအထိ) လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူ ချောမွေ့လာပြီး ၎င်းလမ်းပေါ်ရှိကျေးရွာများတွင် နေထိုင်လျက်ရှိသော ဒေသခံတိုင်းရင်းသားများ ရေးမြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့ စသည့်မြို့ကြီးများနှင့် လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခွင့် အလမ်းများ အစစအရာရာတိုးတက်အဆင်ပြေလာ မည်။ ထို့အပြင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုအဆင်ပြေစွာဆောင်ရွက် နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိလာမည် ဖြစ်သည်။တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝ သယံဇာတပေါများသည့်တိုင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသည့်ဒေသဖြစ်သည်။
လေညာ-ရတနာပုံလမ်း
လေညာ- ရတနာပုံလမ်းသည်လည်း ဘုရား ကြီး- မော်လမြိုင် - ထားဝယ် - မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း (ထုံခါ- ဘုတ်ပြင်း အပိုင်း) ၅၇၈ မိုင် ၇ ဒသမ ၁ ဖာလုံမှ ခွဲထွက်ပြီး ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ထိုင်းနိုင်ငံနယ်စပ်အထိ ဆက်သွယ်သောလမ်းဖြစ်သောကြောင့် ပြည်ကြီး မဏ္ဍိုင်မြို့ ၀/၀ မိုင်မှ ထိုင်း- မြန်မာနိုင်ငံနယ်စပ်- ကျောက်တိုင် ၃၈/၇ မိုင်တွင် အဆုံးသတ်သည်။ လမ်းအရှည်မှာ ၃၈ မိုင် ၇ ဖာလုံရှိ သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အကုန်တွင် ယခင်မြေသားလမ်း ပေ ၄၀ အကျယ်သာရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၂၃ ပေ အကျယ် ကွန်ကရစ် လမ်း ၁၆ မိုင် ၁ ဒသမ ၆ဖာလုံ အထိ လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။ နှစ်အလိုက် လျာထားရေးဆွဲသော ရန်ပုံငွေရရှိမည်ဆိုပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အကုန်တွင် ၂၃ ပေအကျယ် ကွန်ကရစ် လမ်းခင်းရန် ကျန်ရှိနေသည့် ၂၂ မိုင် ၅ ဒသမ ၃၈ ဖာလုံကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အလယ်စခန်း-ရွာသစ်-လှည်းဂိတ်-သဲချောင်း-မျောက်ချော-နဂါးအိုင်- ကွန်ကြားဒိန်-ခရိုင်-မွန်-သုံးခွလမ်း
အလယ်စခန်း- ရွာသစ်- လှည်းဂိတ်-သဲချောင်း - မျောက်ချော-နဂါးအိုင်- ကွန်ကြားဒိန်-ခရိုင်-မွန်-သုံးခွလမ်းသည် မြို့နယ်-ကျေးရွာများ ဆက်သွယ် သည့်လမ်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲသည့်လမ်းဖြစ်သည်။ ၎င်းလမ်းသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကုန်တွင် ၁၂ပေ အကျယ် ကွန်ကရစ်လမ်း ၁မိုင် ၃ ဖာလုံ၊ ၁၂ပေ အကျယ် အမာခံလမ်း ၂၀ မိုင် သုည ဖာလုံ၊ ၁၂ ပေအကျယ် မြေလမ်း ၉ မိုင် ၁ ဖာလုံသာရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၁၂ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင် ၃ ဖာလုံ၊ ၁၈ ပေအကျယ် ကျောက်လမ်း ၃ မိုင် သုညဖာလုံ၊ ၁၂ ပေအကျယ် အမာခံလမ်း ၁၀ မိုင် ၁ဖာလုံနှင့် ၃၄ ပေ အကျယ် မြေလမ်း ၁၆ မိုင် သုညဖာလုံအထိ လမ်း အဆင့်မြှင့်တင် ဆောင်ရွက် ခဲ့ပါသည်။ ၂၀၂၂-၂၀၂၃မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်စာလျာထားသော ရန်ပုံငွေများရရှိခဲ့ပါက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်ကုန်တွင် ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ရန် လျာထား သည်ဟု သိရသည်။
ထားဝယ်-မေတ္တာလမ်း
ထားဝယ်- မေတ္တာလမ်းသည် နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီးဖြစ်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း -မေတ္တာ - ထီးခီးလမ်းနှင့် ဆက်စပ် သွားသည့်လမ်းဖြစ်သည်။ အဆိုပါလမ်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲသော လမ်းဖြစ်ပြီး လမ်းမိုင်အရှည်မှာ ၃၃ မိုင် ၇ ဖာလုံ ရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်၌ ၂၃ ပေ အကျယ် AC လမ်း ၁ မိုင် သုညဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂၉ မိုင် ၄ ဖာလုံနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ၃ မိုင် ၃ ဖာလုံသာ ရှိခဲ့သော်လည်း ၂၄ ပေအကျယ် ACလမ်း ၁ မိုင် ၄ ဖာလုံ၊ ၁၈ ပေ အကျယ်ကတ္တရာလမ်း ၂၃ မိုင် ၁ ဒသမ ၂ ဖာလုံနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ၉ မိုင် ၁ ဒသမ ၈ ဖာလုံအထိ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments