လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်

Type
1

ချမ်းမြေ့မောင်

 

ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်။ တိုင်းဒေသကြီးတစ်ခုလုံး ၃၉၆၇ ဒသမ ၈၆ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေမှာ ခုနစ်ဆယ့်ရှစ်သိန်းကျော် ရှိသည်။ တိုင်းဒေသကြီးအတွင်း လမ်းပေါင်း ၅၂ လမ်း၊ မိုင်ပေါင်း ၆၂၉ မိုင် ရှိသည်။

 

အထင်ကရ    နေရာများဖြစ်သည့်   ရွှေတိဂုံ စေတီတော်နှင့် ဆူးလေ၊ ဗိုလ်တထောင်၊ စွယ်တော် ဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးစေတီ၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ မယ်လမု၊ ကျောက် တန်းရေလယ်ဘုရားတို့သည် ထင်ရှားသောဘုရား များဖြစ်သလို    ပြည်သူ့ရင်ပြင်နှင့်    တိရစ္ဆာန် ဥယျာဉ်တို့သည်လည်း     အထင်ကရနေရာများ ဖြစ်သည်။
အထောက်အကူပြုလျက်ရှိ
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရန်ကုန်မြို့ မှ မြန်မာတစ်ပြည်လုံးသွား၍ရသည့် အဝေးပြေး ကားဂိတ်ကြီးရှိသလို ရေလမ်းခရီးအတွက် ရန်ကုန် ဆိပ်ကမ်းနှင့်   သီလဝါဆိပ်ကမ်းတို့   ရှိသည်။ လေကြောင်းကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာရန်ကုန် လေဆိပ်ကြီးရှိသည်။ ဤအရာများက  ရန်ကုန်မြို့ ကို စီးပွားရေးမြို့တော်အဖြစ် အဓိက အထောက် အကူပြုလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး   လမ်းဦးစီးဌာနသည် ဒေသအတွင်း လမ်းများမှ ပြည်ထောင်စုအဆင့်မှ စီမံခန့်ခွဲသော လမ်း ၁၆ လမ်းနှင့် တိုင်းဒေသကြီး အဆင့်မှ စီမံခန့်ခွဲသော လမ်း ၃၆ လမ်း စုစုပေါင်း ၅၂  လမ်း၊    လမ်းအရှည်မိုင်စုစုပေါင်း   ၆၂၉   မိုင် ၆ ဖာလုံတို့ကို  အကောင်အထည်ဖော်   ဆောင်ရွက် လျက်ရှိရာ  ကတ္တရာကွန်ကရစ် AC လမ်း ၁၁၃ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၂၆၈ မိုင် ၂ ဖာလုံ၊ ကွန်ကရစ် လမ်း ၂၄၁ မိုင်  ၆  ဖာလုံ၊  ကျောက်လမ်း  ၄  မိုင် ၆ ဖာလုံနှင့် မြေလမ်း ၄ ဖာလုံ ဆောင်ရွက်ပြီးစီး ပြီဖြစ်သည်။  တံတားအစင်းရေ   စုစုပေါင်း ၁၁၄၉  စင်းရှိရာ အရှည် ၁၈၀ ပေ အထက် အစင်း ၃၀၊ ပေ ၁၈၀ အောက်နှင့် ပေ ၁၀၀ အထက် ၂၄ စင်း၊ ပေ ၁၀၀ အောက်နှင့် ပေ ၅၀အထက် ၈၃ စင်း၊ ၅၀ ပေ အောက် ၁၀၁၂ စင်းဖြစ်သည်။  စီမံချက်အနေဖြင့် ၁၂ ပေမှ ၁၈ ပေ အကျယ်လမ်းချဲ့ခြင်း ၄ လမ်း၊ ၁၈ ပေမှ ၂၄ ပေအကျယ် လမ်းချဲ့ခြင်း လမ်း ၃၀ ၊ ၂၄ ပေအကျယ်မှ ၄၈ ပေ အကျယ်လမ်းချဲ့ခြင်း ၁၇ လမ်းနှင့် ၄၈ ပေအကျယ်မှ ၇၂ ပေ အကျယ် လမ်းချဲ့ ခြင်း ၁ လမ်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထပ်မံတိုးချဲ့ဆောင်ရွက်
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ   ငါးနှစ်တာကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး   လမ်းဦးစီးဌာနမှ   တာဝန်ယူ ဆောင်ရွက်သောလမ်းပိုင်းတွင်   ကတ္တရာလမ်းမှ ကတ္တရာကွန်ကရစ် AC လမ်းသို့ အဆင့်မြှင့်တင်ခြင်း၊ ၃၄ မိုင် ၄ ဖာလုံ၊  မြေလမ်းအဆင့်မှ  ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း ၁၈ မိုင် ၃ ဖာလုံနှင့် ကွန်ကရစ် လမ်းခင်းခြင်း ၁၄၂  မိုင်  ၆ ဖာလုံ၊ သစ်သားတံတားမှ   သံကူကွန်ကရစ်တံတားသို့ ၆၈ စင်းနှင့် Box Culvert ၂၅ စင်း၊ တံတားသစ် စုစုပေါင်း ၉၃ စင်းကို တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးသို့ ဆက်သွယ်သည့်  တံတား ကြီးတစ်စင်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းအထူးအဖွဲ့ (၁၄)က တာဝန်ယူဆောင်ရွက်လျက်ရှိသော ကွမ်းခြံ ကုန်းမြို့ရှောင်လမ်း မိုင်(၀/၀-၂/၄) သည်  ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ များအတွက်  လမ်းပန်းဆက်သွယ်ရေးနှင့်   ဒေသ အတွင်း    ကုန်စည်စီးဆင်းမှု      ပိုမိုမြန်ဆန်စေရေး၊ ဒေသထွက်ပစ္စည်းများ    လွယ်ကူစွာဖြန့်ဖြူးနိုင် ရေး၊ နိုင်ငံအတွင်းရှိ  လမ်းကွန်ရက်များ   ဖွံ့ဖြိုး တိုးတက်စေရေး၊  ကွမ်းခြံကုန်းမြို့တွင်း     ယာဉ် အန္တရာယ်ကင်းရှင်းစေရေးတို့ကို    ရည်ရွယ်၍ ဖောက်လုပ်ခြင်းဖြစ်သည်။ အဆိုပါ မြို့ရှောင်လမ်း အား ၂၁-၅-၂၀၁၉  ရက်နေ့တွင် စတင်   လမ်းအူ ကြောင်းရှာဖွေတိုင်းတာခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီး လမ်းဦးစီးဌာနမှတစ်ဆင့်  ဆောက်လုပ်ရေး ဝန်ကြီးဌာန (ရုံးချုပ်)၊ လမ်း/လေယာဉ်ကွင်းဒီဇိုင်း နှင့် ပုံထုတ်ဌာနခွဲသို့   တင်ပြ၍   လမ်းပုံထုတ်အဖွဲ့ များမှ   Geometric   Design    တိုင်းတာပုံထုတ်ခဲ့ သည်။  


အဆိုပါမြို့ရှောင်လမ်းအား    ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်    စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ    ပထမဦးစွာ    မြို့ရှောင်လမ်း   လမ်းနယ်အကျယ် ပေ ၃၀၀ အတွင်း ကျရောက် နေသော လယ်မြေ ၇၉ ဒသမ ၄၇ ဧကအတွက် မြေယာလျော်ကြေးပေးချေခြင်းလုပ်ငန်း ဆောင် ရွက်ခဲ့ပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင် ဆောင်ရွက်ခြင်းနှင့်  လမ်းအပေါ်ယံ    မျက်နှာပြင် မြေညံ့များဖယ်ရှားခြင်း     (Top Soil Removal) လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
လျာထားစီမံလျက်ရှိ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အပြီးတွင်  မြေယာ လျော်ကြေးပေးချေခြင်း၊ မြေသားတာပေါင်  တည် ဆောက်ခြင်းလုပ်ငန်းနှင့် ပေ (၅ x ၅ x  ၆၀)  Box  Culvert ၆ စင်း  တည်ဆောက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။   ယခု ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁ မိုင် ၂ ဖာလုံ အား ပေ ၄၀ အကျယ် မြေသားတာပေါင်  တည်ဆောက် ခြင်း၊ ထု-အခြေခံလွှာတည်ဆောက်ခြင်း၊ ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ ပေ ၃၀ အကျယ် RC တံတား နှစ်စင်း၊ ၁၀ ပေအကျယ်   Twin Box Culvert တစ်စင်း၊ ၁၀ ပေအကျယ် Single Box Culvert တစ်စင်းနှင့် ပေ (၅ x ၅ x ၆၀) Box Culvert  ရှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမည်ဖြစ်သည်။ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် ကျန် ၁ မိုင်၂ ဖာလုံအား ပေ ၄၀ အကျယ် မြေသား တာပေါင်တည်ဆောက်ခြင်း၊  ထု-အခြေခံလွှာ တည် ဆောက်ခြင်း၊ ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်း ခြင်း၊ တော်ပုလဲတံတားအကျယ်  ၃၁ ပေ၊ အရှည်  ပေ ၂၄၀ တည်ဆောက်ခြင်းနှင့် ယင်းတံတားချဉ်းကပ် လမ်း  တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် လျာထားစီမံလျက်ရှိသည်ဟု သိရ သည်။
အချိန်တိုအတွင်း သွားလာနိုင်
အဆိုပါလမ်း    ဆောင်ရွက်ပြီးစီးပါက     ရန်ကုန် တောင်ပိုင်းခရိုင်      ကွမ်းခြံကုန်းမြို့နယ်အတွင်း   ကော့မှူး - ကွမ်းခြံကုန်းလမ်းမှတစ်ဆင့်   ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ    ဒေးဒရဲမြို့၊     ဖျာပုံမြို့၊ ဘိုကလေးမြို့၊ ကျိုက်လတ်မြို့ အစရှိသည့်   မြို့များ နှင့်  ပင်လယ်ကမ်းခြေဒေသများအထိ   သွားလာနိုင် မည် ဖြစ်သည်။ ၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့်  စိုက်ပျိုးမွေးမြူရေးနှင့်  ရေလုပ်ငန်း ထွက်ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့် တစ်နိုင်ငံလုံး သို့ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး သွင်းကုန်၊ ထုတ် ကုန်အမျိုးမျိုးတို့ကိုလည်း   ရန်ကုန်မြို့မှ  တစ်ဆင့် တင်သွင်းလာခြင်းဖြင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မား လာမည် ဖြစ်သည်။ ထို့အပြင် ကုန်တင်ယာဉ်ကြီးများ နှင့် ခရီးသည်တင်ယာဉ်များသည်လည်း ကွမ်းခြံကုန်း မြို့တွင်းသို့ ဖြတ်သန်းသွားလာရန်မလိုဘဲ အချိန်တို အတွင်း လွယ်ကူလျင်မြန်စွာ  သွားလာနိုင်မည်  ဖြစ်သည်။
ထို့အပြင်  ငှက်ကြီးဒေါင်  - သောင်ခုံလမ်းသည် (၀ ကီလိုမီတာမှ ၁၆ ဒသမ ၀၉၃ ကီလိုမီတာအထိ) ၁၆ ဒသမ ၀၉၃ ကီလိုမီတာရှိပြီး   မြို့နယ်-ကျေးရွာ များ ဆက်သွယ်သည့်လမ်းဖြစ်သည်။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က    စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ကွမ်းခြံကုန်း  -  လက်ခုပ်ကုန်းလမ်းမကြီးနှင့် ဆက်သွယ်ထားသောလမ်း ဖြစ်သည်။    
အဆိုပါလမ်းအား     ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်လမ်းဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ရရှိရန်ပုံ ငွေများဖြင့် ဆောင်ရွက်ခဲ့ရာ  ပေ အကျယ်ကွန်ကရစ် လမ်းမိုင်(၀/၀-၀/၇) အထိ ၀ မိုင် ၇ ဖာလုံ၊ တစ်ဖက် ၃ ပေအကျယ် ကွန်ကရစ်ဘီးလမ်းမိုင် (၀/၇-၁/၆) အထိ ၀ မိုင် ၇ ဖာလုံ၊ ၁၈ ပေ  အကျယ်ကွန်ကရစ် လမ်း မိုင် (၁/၆-၆/၀) အတွင်း  ၄  မိုင် ၂  ဖာလုံ၊ ၁၆ ပေ အကျယ် ကျောက်ချောလမ်းမိုင် (၆/၀-၆/၃) အတွင်း  ၀ မိုင် ၃ ဖာလုံ၊ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းမိုင် (၆/၃-၉/၄) အတွင်း ၃ မိုင် ၁ ဖာလုံ၊ ၂၀ ပေ အကျယ် Cement Stabilized မိုင် (၉/၄-၉/၅) အတွင်း ၁ ဖာလုံ၊  ၁၈  ပေအကျယ်  မြေသားလမ်းမိုင်   (၉/၅-၁၀/၀) အတွင်း ၃ ဖာလုံ ဆောင်ရွက်နိုင်ခဲ့သည်။
လွယ်ကူစွာဖြန့်ဖြူးနိုင်
တိုက်ကြီး-ဥတို-ချောင်းသုံးခွ-အဖျောက်လမ်း သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း  တိုက်ကြီး မြို့နယ် လမ်းဦးစီးဌာနမှ  တာဝန်ယူဆောင်ရွက် လျက်ရှိသော လမ်းဖြစ်သည်။  ရန်ကုန်တိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ    ပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုမြန်ဆန်စေ ရန်နှင့် ဒေသထွက်ပစ္စည်းများ လွယ်ကူစွာဖြန့်ဖြူး နိုင်ရန်အတွက်   ရည်ရွယ်ဖောက်လုပ်ခြင်း   ဖြစ် သည်။


(ဆက်လက်ဖော်ပြပါမည်)