
“ရွှေစာတော် ပြန်မေးလို့
မြတ်လေးတဲ့ စံပယ်။
မေထုန်ဆို ရာသီကူး
ပွင့်ဖူးဝတ်မှုန်နံ့ သင်းပျံ့တော့တယ်။
ကောင်းကင်လယ်
ထက်ဝယ်ဘုံက။
ဇေဋ္ဌခေါ် ရွှေကြယ်မင်းငယ်
လင်းတဲ့ချိန်ပ ။ ။
(ဖိုးသူတော်ဦးမင်း)
မိမိတို့ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအစဉ် အလာ မြန်မာမှုပြက္ခဒိန်အရ ဆယ့်နှစ်လရှိသည့် အနက် နယုန်လသည် တတိယမြောက်လပေ တည်း။ ရှေးစာဆိုတော်များသည် မြန်မာ့ဆယ့်နှစ် လ ရာသီဘွဲ့များကို အစဉ် အလာမပျက် ဖွဲ့ဆိုကြရာ တောတောင် ရေမြေသဘာဝပတ်ဝန်းကျင်ကို သာမက သာမန်လူများ မသိနိုင်သော ရာသီ၊ နက္ခတ်၊ ဗေဒင် အခေါ်အဝေါ် ရာသီရုပ်၊ ရာသီပန်း၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း စသည်ဖြင့် စာကဗျာဖတ်သူတို့ အကျိုးများဖွယ် ထည့်သွင်းရေးစပ်ဖော်ပြလေ့ရှိပါ သည်။
ဤသည်မှာ ရှေးစာဆိုတို့၏ ပုံစံတကျဟု ဆိုရ လောက်အောင် လေ့လာတွေ့ရှိရသော အချက်ဖြစ် သည်။ ယင်းသို့သော အကြောင်းကြောင့်လည်း စာဖတ်သူများအဖို့ လစဉ်အလိုက်ရာသီ နက္ခတ်၊ ကြယ်နှင့် တာရာ ဂြိုဟ်သနင်း အခေါ်အဝေါ်များကို တကူးတက လေ့လာစရာ မလိုဘဲကဗျာကို ဖတ်ရှု လိုက်ရုံဖြင့် သိရှိသွားရသည်။ ကျေးဇူးများလှ ပါ၏။ ရှေးစာဆိုတို့၏ မြော်မြင်မှု အကျိုးတရားဟု ဆိုရပါမည်။
သို့ဖြင့် ရှေးစာဆိုတို့တွင် တိုရှင်း လိုရင်း စာတိုလေးများဖြင့် သံပေါက်ကဗျာရေးလေ့ရှိ သော ကင်းဝန်မင်းကြီး၏ နယုန်လဘွဲ့ သံပေါက်ကို ကနဦးပြလိုပါသည်။
“နယုန်မာသ၊ မေထုန်ကျ၊ ဇေဋ္ဌရောင်စုံကျင်း။
"စံပယ်မြတ်လေး၊ ရနံ့မွှေး၊ စာမေး သဘင်ခင်း'' ဟုဆိုသည်။ “နယုန်” ဟူသော ဝေါဟာရအရ “န” သည် အချိန်ကာလကို ဆိုသည်။ “ယုန်” ဟူသည် ကား သက်ဆင်း၊ ကျကြွေ၊ ရွာကျ” စသည်ဖြင့် ဆရာသတိုး သောင်းကဆိုသဖြင့် “မိုးရွာခြင်း” ဟု လိုက်လျောညီထွေ ဆိုနိုင်ပါသည်။ ချုပ်၍ဆိုရပါက “မိုးရွာသောလ” ဟု အဖြောင့်အတိုင်းဆိုရပါမည်။
သူရိန်နေမင်း ပူရှိန်ပြင်းကို လွင့်ပြယ် စေသော အကျိုးငှာ မိုးပန်း မိုးပွင့်တို့က ငြိမ်းအေးစေသော သရုပ်ပီပြင်လာစေသောသဘောကို ဆိုသည်။ ကဆုန်လ အပူရုပ်သိမ်း၊ အငြိမ်းမိုးပွင့်တို့ဖြင့် အများ ပြည်သူ နှလုံးစိတ်ဝမ်း ကျေနပ် နှစ်သိမ့်မှုကိုပေးသော အခြေအနေဟု ဆိုရမည်ဖြစ်သည်။ ထိုနည်းတူ ဤ ကာလသည် “နယုန်မိုးသေး မြက်သား မွေး” ဆိုသည် နှင့်အညီ အပူကင်းပျောက် မိုးနံ့ကို ရှူရှိုက်ရသည်နှင့် ခြောက်သယောင်းနေသော မြက်ခင်းပြင်သည် ရွက်ညွန့်ထိုးကာ ပုရစ်ပျိုးလာကြ ပြီလည်းဖြစ်သည်။
ဤလတွင် ရက်အားဖြင့် ၃၀။ နာရီအားဖြင့် နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီ ရှိပေရာ နေ့တာရှည်၍ ညတာ တိုသော အခါ ဖြစ်ပါ၏။ ရာသီအလိုအားဖြင့် ကင်းဝန် မင်းကြီး၏ သံပေါက်လင်္ကာ ပါအတိုင်း “နယုန်မာသ၊ မေထုန်ကျ'' ဟု ဆိုခဲ့ပြီးဖြစ်သည်။ စန်းပြည့်နက္ခတ် အလိုကမူ “ဇေဋ္ဌ” နက္ခတ်နှင့်ယှဉ်ကာ လာသောတာ ရာမှာ “မြင်းတာရာ” ဟူ၏။ အနောက်တိုင်း ရှေးဟောင်းဂရိတ် နက္ခတ်ပညာရှင်တို့က အင်္ဂါဂြိုဟ် ၏ ပြိုင်ဘက်ဟု အနက်အဓိပ္ပာယ်ရသော (Antares) ဟု ဇေဌကို အမည်မှည့်ခေါ်ကြသည်။ ရာသီရုပ် သည်ကား “မေထုန်” ဖြစ်ရာ အဓိပ္ပာယ်က “အပျို၊ လူပျို” ဖြစ်ပါ၏။
ရာသီရုပ် “မေထုန”နှင့်ပတ်သက်၍ လေ့လာမိသမျှ ဆိုရသော်..။ ဝေါဟာရ လိနတ္ထဒီပနီကျမ်းတွင် နရယုဂ သဒ္ဓါပျက်၍''နယုန်” ဖြစ်သည်ဟု ဆိုသည်။ နရယုဂ ၏ အဓိပ္ပာယ်မှာ “မိန်းမ၊ ယောက်ျား” အစုံကိုဆို သည်။ မြန်မာလအမည်များကျမ်းကို ရေးသားပြုစု သည့် “ဦးဘိုးလတ်” ကမူ နရယုဂသည် ပါဠိအလို မဟုတ်။ ပါဠိအလို “မိန်းမ၊ ယောက်ျား” ဟူသည်မှာ “မေထုန” သာ ဖြစ်ရာ “နံယုန်” မှလာသော “နယုန်” သည် မြန်မာစကားဝေါဟာရသက်သက်သာ ဟုဆိုသည်။
ဤသို့သော သဘောများကြောင့် ရှေးကျောက်စာ များပါ နံယုန်ခေါ်သော နယုန်သည် “မိုးရွာချိန်၊ မိုးကျချိန်” ဟုသာ ဖြစ်သည်။ ထိုနယုန်သည် မေထုန သံဝါသဟုဆိုအပ်သော မင်္ဂလာအမှု မပြုရသော၊ မပြု ကောင်းသောလပင်ဖြစ်သည်။
စာတော်ပြန်ပွဲသဘင်
အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓသာသနာစင်စစ်ထွန်းကားသဖြင့် အများပြည်သူ တို့အဖို့ ကံကောင်းသည်ဟု ဆိုရမှာဖြစ်သည်။ ပုဂံ ခေတ် အနော်ရထာမင်းကြီး လက်ထက်တော်အခါ မှစ၍ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားလာခဲ့သဖြင့် မြန်မာနိုင်ငံ မြို့တိုင်း ရွာတိုင်းတွင် အနည်းဆုံး ထုံးဖွေး ဖွေးစေတီ တစ်ဆူ၊ ဘုန်းတော်ကြီးကျောင်း တစ် ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း ရှိစမြဲပင်။
ရဟန်းသံဃာများနှင့် သီလရှင်တို့သည် ဘုရားရှင် ၏ တရားတော်များနှင့် ဒေသနာ အဆုံးအမများကို နာယူကြသည့် သာသနာ့ဝန်ထမ်းများဖြစ်သည့် အလျောက် ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒ သာသနာတော် သုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိကြသည်။ ပရိယတ္တိကို ကျင့်ကြံအားထုတ်ရင်း ပရိယတ္တိစာပေ များကို သင်အံကျက်မှတ်ပြီး စာပြန်ခဲ့ကြသည်မှာ ရှေးယခင် မြန်မာမင်းဧကရာဇ်များ လက်ထက်တော် အခါကတည်းကပင် ဖြစ်၏။ ထိုစဉ် ယခုကဲ့သို့ နယုန်လ သို့ ရောက်လေတိုင်း ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၌ စာတော် ပြန်ပွဲများ ကျင်းပကြသည်။
ရှေးက ရှင်လောင်း၊ ပဉ္စင်းလောင်းများ စာမေးပွဲ မေးပုံကို ကုန်းဘောင်မင်းဆက် ရာဇဝင်တော်ကြီး တွင် “၁၂၃၆ ခု နယုန်လဆန်း ၈ ရက်နေ့ကစ၍ ဝါဆိုလဆန်း ၈ ရက်နေ့တိုင် မန္တလေးတောင်အနီး သုဓမ္မာဇရပ်တော်နှင့် စန္ဒာမုနိဘုရားပြင်ယံရှိ ဇရပ် တော်များတွင် ဝဲ၊ ယာခွဲ၍ တံဆိပ်တော်ရ ဆရာ တော်၊ သံဃာ တော်တို့ ကြပ်မတ်လျက် ပထမကျော်၊ ပထမကြီးက တစ်ကျိပ်ကိုး၊ ပထမလတ်၊ ပထမငယ် စသောအတန်းအဆင့်ရှိသည့် ပထမစာတော်ပြန် ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်များ ဦးရေ တစ်ထောင်တို့ တစ်လတိုင်တိုင် ပထမစာတော် ပြန်ဆိုမြဲ ပြန်ဆိုကြရသည်ဟု ဆိုပါ၏။ ဤသို့သော ထုံးတမ်းအစဉ်အလာကို ယနေ့ခေတ် ယနေ့အချိန် တိုင်အောင် နိုင်ငံတော်အကြီး အကဲများဦးဆောင်ကာ ဝတ်မပျက် ကျင်းပလာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော်က
ငြိမ်းချမ်းရေးတရား
ယင်းသို့သော နယုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာသည် မဟာဝုန်တောတွင် လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့အား မဟာသမယ သုတ်တော်ကို ဟောကြားတော်မူသော လလည်းဖြစ်၏။ ဤသည်မှာ နယုန်လ၏ ထူးခြား သောအချက်ပင် ဖြစ်သည်။
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလမှာ နယုန်လအခါသမယ၌ လောက လူတို့ရွာတွင် မိုးခေါင်ရေရှားဖြစ်ခိုက် ကြုံ၏။ ကပ္ပိလဝတ်နှင့် ကောလိယတိုင်းသားတို့ စိုက်ပျိုးရေးအားကိုး အားထား ပြုရာ ရောဟဏီမြစ်မှ ရေကိုသွယ်ယူကြရာမှာ မညီ မညွတ်ဖြစ်ကာ စစ်ပြင်သည့် အဆင့်သို့ ရောက်လေ၏။
အမှန်က ယင်းနှစ်ပြည်ထောင်တို့သည် အိမ်နီးချင်း ဖြစ်၍ နှစ်ပြည်ထောင်စလုံး ဗုဒ္ဓနွယ်တော် သာကီဝင် မင်းမျိုးတို့ချည်းသာ ဖြစ်၏။ ဂေါတမဘုရားရှင်၏ ဆွေတော် မျိုးတော်များသာဖြစ်၏။ နှစ်နိုင်ငံအကြား ရောဟဏီမြစ်ရေကို အမှီပြုလျက် (ရေသွင်း- ရေရှင်) လယ်ယာကိုင်းကျွန်းများဖြင့် အသက်မွေးနေထိုင် ကြလျက်ရှိကြကုန်၏။
ယခုရာသီ အချိန်ကဲ့သို့ ကဆုန်၊ နယုန် ရေကုန် ချိန်ဖြစ်၍ ရေမလုံလောက်ရှိသည်တွင် တောင်သူ ဦးကြီးများ ရောဟဏီ မြစ်ရေ လယ်သွင်းရေလုကြရာ မှ အရေးအခင်းတစ်ရပ် စတင်ခဲ့ခြင်းဖြစ်သည်။ ပထမတွင် သံတမန်ရေးရာနည်းဖြင့် ဖြေရှင်း ကြသေး၏။ သို့သော်မရ။ နှစ်ပြည်ထောင်တို့ သည် စစ်ပွဲကြီးတစ်ရပ်ကို ဆင်နွှဲကြရေးအသွင်ထိ ကြီးထွားရောက်ရှိသွားလေ၏။
ဤအခြင်းအရာသည် နယုန်လပြည့်နေ့ နံနက် အရုဏ်မတက်မီ ဘုရားရှင်မှာ ထင်မြင်လာ၏။ အချိန်မီတားဆီးရန် ကိုယ်တော်တိုင် ဈာန်သမာ ပတ်ဖြင့် ကြွသွားတော်မူ၏။ နှစ်ဖက်စလုံးမှ ရန်ငြိုးအစွပ်အစွဲ ကင်းစေရန် နှစ်ပြည်ထောင် နယ်ခြားအရပ်ဖြစ်သော ရောဟဏီ မြစ်ရေပြင်၏ အလယ်ဗဟိုတည့်တည့် ကောင်းကင်ယံဝယ် ထက်ဝယ်ဖွဲ့ခွေ တည်တော်မူ၍ ရောင်ခြည်တော် ခြောက်သွယ် အံ့ဖွယ်တို့ဖြင့် ဖြန့်ကြက်ထွန်းလင်း စေတော်မူလိုက်၏။
စစ်ပွဲကြီးတစ်ရပ် ဆင်နွှဲတော့မည့်ဆဲဆဲ ရဲရဲ တောက် နှစ်ပြည်ထောင် စစ်သည်ရဲမက်တို့သည် အံ့အားသင့်စွာ တွေ့မြင် ငေးမောနေကြစဉ်အခိုက် ဇာတ်တော် (၆) ရပ်ဖြင့် ငြိမ်းချမ်းရေးမူ (၆) ချက်ကို တစ်ဆက်တည်း မနားတမ်းဟောကြားမိန့်မြွက်တော်မူလေ၏။ အကျဉ်းချုပ်သည်ကား-
၁။ ပန္ဒနဇာတ်-ဒေါသ မာန အာဃာတ တရား သုံးပါး၏ မကောင်းကျိုးများကို သိကြသင့် ကြောင်း၊ အမျက်သို ရန်ငြိုးအဖွဲ့မှားခြင်း၏ ရလဒ်အန္တရာယ်ကြီးမားလှကြောင်း။ ဥပမာ-ဝက်ဝံနှင့် ကြို့ပင် စောင့်နတ်တို့ အသေးအဖွဲ ရန်စငယ်မှစ၍ ခိုက်ရန်ဖြစ်ကြရာ နှစ်ဦးစလုံး ပျက်စီးပြီး ဘဝအဆက်ဆက် ရန်ငြိုးထား အကျိုး နည်းခဲ့ကြကြောင်း။ အရာမဟုတ် သည်၌ အငြင်းမပွားကြရန် သင်ခန်းစာကို ပေးထားသော သာဓကဇာတ်ဖြစ်သည်။
၂။ ပထဝီဥန္ဒြယ (=ဒုဒ္ဒုဘ) ဇာတ်-တစ်ဆင့်ပြော ပယောဂ လှုံ့ဆော်စကားဖြင့် အငြင်းအခုံ မပြုသင့်ကြောင်း၊ ကြားသိရသော သတင်း စကားကို ချင့်ချိန်စူးစမ်း၍ ယုံသင့်မှ ယုံရန်၊ မချင့်မချိန် မစူးမစမ်း ယုံလွယ်မှားက အများ သတ္တဝါ ဘေးရောက်ခဲ့ဖူးကြောင်း။ ဥပမာ-ယုန်သူငယ်၏ မဆင်မခြင် သတင်းစကား ယုံမှားမိကြ၍ ဒုက္ခဖြစ်တော့မည့်ဆဲဆဲ ခြင်္သေ့မင်း၏ စူးစမ်းဆင်ခြင်တရားကြောင့် ဘေးကင်းကြပုံဇာတ်ကို ပြဆိုထားသည်။
စာမျက်နှာ ၉ သို့ m
- Log in to post comments