လပေါင်းနှစ်ဆယ်ကြာ ပိတ်ထားခဲ့ပြီးနောက် အမေရိကန်နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးပြီဖြစ် 

Type
11

 

 

နှင်းမိုးအိမ်

 

အမေရိကန်ပြည်ထောင်စုသည်    ကိုဗစ် - ၁၉ ကူးစက်မှုအန္တရာယ်ကြောင့်      ပိတ်ထားခဲ့ရသည့်  လေကြောင်း၊   ကုန်းကြောင်း      နယ်စပ်များကို  ကာကွယ်ဆေးအပြည့်      ထိုးပြီးသူများအတွက် ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သည်။
အဆုံးသတ်သွားပြီဖြစ် 
တစ်ကမ္ဘာလုံးအနှံ့တွင် ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်များကြောင့် မိသားစုများ  ခွဲခွာနေရ သည်မှာလည်း    အဆုံးသတ်သွားပြီဖြစ်သည်။ အမေရိကန်သည်  နယ်စပ်များကို    လပေါင်း ၂၀ ကြာ ပိတ်ထားခဲ့ရပြီးနောက်  ယခုအခါ    ပြန်လည် ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။   နယ်စပ်များ ပိတ်ထားရခြင်းကြောင့် ဆိုးရွားခဲ့ရသည့်    ခရီးသွား လုပ်ငန်းသည်လည်း        ပြန်လည်ရှင်သန်နိုင်တော့ မည်ဖြစ်သည်။  
နှစ်ခြိုက်ခြင်းမရှိ 
၂၀၂၀ ပြည့်နှစ်အစောပိုင်းက  အမေရိကန်သမ္မတ ဟောင်း   ဒေါ်နယ်ထရမ့်နှင့်  ယခုလက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့က နယ်စပ်ကန့်သတ်မှုများ  ချမှတ်ခဲ့ ခြင်းဖြစ်သည်။  အဆိုပါကန့်သတ်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန်ခံရပြီး ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသည့်    နောက်ဆက်တွဲ    အကျိုးဆက်လည်း ဖြစ်သည်။ 
ကန့်သတ်ချက်များထားခြင်းကို   ဥရောပနှင့် အမေရိကန် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကနေဒါ နှင့် မက္ကဆီကိုနိုင်ငံတို့တွင်  နှစ်ခြိုက်ခြင်းမရှိပေ။ ကိုဗစ်- ၁၉    ကူးစက်မှုလျော့ကျစေရေး   ကြိုးပမ်း အားထုတ်မှုတစ်ခုအဖြစ် အမေရိကန်နယ်စပ်များကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပိတ်ထားခဲ့ပြီး ဥရောပ သမဂ္ဂ ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့ အပါအဝင်    ကမ္ဘာ့နေရာအစိတ်အပိုင်းများမှ   ခရီး သည်များ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက် ခြင်းကို   ကန့်သတ်ခဲ့သည်။  
စိတ်အားထက်သန်နေကြ 
ကုန်းကြောင်းမှ ခရီးသွားလာသည့် မက္ကဆီကို နှင့်  ကနေဒါနိုင်ငံတို့မှ    ခရီးသွားများမှာလည်း ပိတ်ပင်ခံခဲ့ရသည်။ လပေါင်းများစွာကြာ ကန့်သတ် မှုများကြောင့်  ပုဂ္ဂိုလ်ရေးရာအရသော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း   ထိခိုက်ခံစား ခဲ့ရသည်။ 
အသက် ၆၃ နှစ်အရွယ် အယ်လစ်ဆင်ဟင်နရီ ကမူ ခက်ခဲသည့်ကာလကို ဖြတ်ကျော်ခဲ့ရကြောင်း  အေအက်ဖ်ပီသို့ ပြောသည်။ သားဖြစ်သူနှင့် တွေ့လို သည်ဟုလည်း ပြောကြားခဲ့သည်။    ဗြိတိန်အမျိုး သမီးတစ်ဦးသည် နိုဝင်ဘာ ၈ ရက်တွင် နယူးယောက် မြို့ရှိ   သားဖြစ်သူကို      သွားရောက်တွေ့ဆုံမည်ဟု ပြောသည်။   ၎င်းတို့   သားအမိ  ခွဲနေရသည်မှာ လပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။   ခွဲခွာနေရသည့် မိသားစုများမှာလည်း   မိသားစုဝင်  အချင်းချင်း ပြန်လည်တွေ့ဆုံကြရန်  စိတ်အားထက်သန်နေကြ သည်။ 
လေယာဉ်ကြီးများအသုံးပြုရန်စီစဉ် 
နွေရာသီကာလမှစတင်ကာ     အမေရိကန် ပြည်ထောင်စုမှ   ဥရောပသို့    ခရီးသွားလာရန်မှာ ဖြစ်နိုင်သော်လည်း ဗီဇာဖြင့်နိုင်ငံခြားတွင် နေထိုင် နေကြသည့်  အမေရိကန်များမှာ     နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန်  အာမခံချက်မရှိချေ။    ခရီး သွားလာလိုမှု        မြင့်တက်လာသည့်အတွက် လေကြောင်းလိုင်းများသည်လည်း     ပျံသန်းမှုခရီးစဉ် များကို တိုးမြှင့်လျက်ရှိသည်။ လေယာဉ်ကြီးများ   အသုံးပြုကြရန်လည်း အစီအစဉ်ရှိသည်။ 
စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရ 
ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ခြင်းဖြင့် ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့ရသည့်   လေကြောင်း ခရီးသွားလုပ်ငန်း   ပြန်လည်ဦးမော့လာစေရေး အတွက်လမ်းစဖြစ်လာသည်။ အမေရိကန်ပြည်နယ် ကြီးများဖြစ်သည့် တက္ကဆက်ပြည်နယ်နှင့်  ကယ်လီ ဖိုးနီးယားပြည်နယ်တို့မှ   မြို့ကြီးများတွင်   ကိုဗစ်-၁၉ ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် စီးပွား ရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ 
ပြန်လည်စတင်နိုင်တော့မည် 
ဒေသတွင်းစီးပွားရေးလုပ်ငန်းများလည်း ပုံမှန် အနေအထား ပြန်လည်ရောက်ရှိလာစေရေးအတွက် မျှော်လင့်နေကြသည်။  ထိုစဉ်    ကနေဒါနိုင်ငံမှ သက်ကြီးရွယ်အိုများသည် မြောက်ပိုင်းဒေသ ဆိုးရွား သည့်ဆောင်းတွင်းကို  ရှောင်ရှားနိုင်ရေးအတွက် ဖလော်ရီဒါသို့  နှစ်စဉ် ကားဖြင့်ခရီးထွက်ခြင်းများ ပြန်လည်စတင်နိုင်တော့မည်ဖြစ်သည်။   အမေရိကန် နိုင်ငံက   ဖယ်ရှားပေးလိုက်သည့်   ခရီးသွားလာမှု ကန့်သတ်ချက်မှာ   နိုင်ငံပေါင်း ၃၀ ကျော်အတွက်  သက်ရောက်မှုရှိမည်ဖြစ်သည်။  
အနီးကပ်စောင့်ကြည့်မည် 
ခရီးသွားများ၏ကာကွယ်ဆေးထိုးထားမှု အခြေ အနေကို အမေရိကန်အာဏာပိုင်များက   အနီးကပ် စောင့်ကြည့်မည်ဖြစ်ပြီး ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ပြသရန်   လိုအပ်မည်ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်မှစတင်ကာ အမေရိကန်ပြည်ထောင် စုသို့ လေကြောင်းမှ လာရောက်မည့် ခရီးသည်များ  ကာကွယ်ဆေးအပြည့်     ထိုးပြီးကြောင်းနှင့်    ခရီး မထွက်မီ    သုံးရက်အတွင်း    စစ်ဆေးထားသော ဆေးလက်မှတ်ပါရမည်ဖြစ်သည်။ လေကြောင်းလိုင်း များသည်လည်း ခြေရာခံလိုက်သည့်စနစ်အတွက် ပြင်ဆင်ထားရန် လိုအပ်သည်။
ပထမအဆင့် 
ကုန်းမြေနယ်စပ်များ  ဖွင့်လှစ်ခြင်းကို   အဆင့် နှစ်ဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။  ပထမအဆင့် တွင် အရေးမကြီးသည့် ခရီးသွားလာခြင်းဖြစ်သည့် မိသားစုခရီးသွားခြင်းနှင့်  အပန်းဖြေခရီးထွက်ခြင်းတို့ အတွက်   ကာကွယ်ဆေးထိုးထားရန်    လိုအပ် သည်။ သို့သော်လည်း အရေးပေါ်ခရီးစဉ်များအတွက် ကာကွယ်ဆေးအပြည့် မထိုးရသေးသူများကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ဒုတိယအဆင့် 
ဒုတိယအဆင့်တွင်မူ ဇန်နဝါရီလမှစတင်ကာ အမေရိကန်ပြည်ထောင်စုအတွင်းသို့    ကုန်းပိုင်းမှ ဝင်ရောက်မည့်ခရီးသွားများအားလုံးသည် ကာကွယ် ဆေးအပြည့်ထိုးထားရန်     လိုအပ်မည်ဖြစ်သည်။ထိုအချိန်ရောက်လျှင်    အရေးကြီးသည့်   ခရီးစဉ် ဖြစ်စေ၊ အရေးမကြီးသည့် ခရီးစဉ်ဖြစ်စေ ကာကွယ် ဆေးထိုးပြီးမှသာ     သွားလာခွင့်ရမည်ဖြစ်သည်။  အမေရိကန်အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲမှု ဌာနနှင့်    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက     ခွင့်ပြု ပေးထားသည့် ကာကွယ်ဆေးအမျိုးအစားထိုးထားသူများကို အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပေးမည်ဟု   ကျန်းမာရေးအာဏာပိုင်များက  ပြော သည်။
ခွင့်ပြုပေးထားသည့်ကာကွယ်ဆေးများ 
ခွင့်ပြုပေးထားသည့် ကာကွယ်ဆေးများထဲတွင်  အက်စ်ထရာဇနီကာ၊   Johnson  &   Johnson၊ မော်ဒါးနား၊    ဖိုက်ဇာ ၊   ကိုဗက်ဆင်း၊   ဆီနိုဖမ်းနှင့် ဆီနိုဗက်ကာကွယ်ဆေးများ  ပါဝင်သည်။ ဥရောပ တွင်     ကိုဗစ်- ၁၉ ကူးစက်မှုများ    ပြန်လည် ဦးမော့လာမှုနှင့်ပတ်သက်၍  အမေရိကန်အာဏာပိုင် များက  မည်သည့်မှတ်ချက်မျှ   မပေးခဲ့ပေ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးသည် ဥရောပတွင်  ကူးစက်မှု များ ပြန်လည်များပြားလာခြင်းကို  စိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။      ။
ကိုးကား- အေအက်ဖ်ပီ