လတ်တလောဖြစ်ပွားနေသော ဆူပူဆန္ဒပြ အကြမ်းဖက်လုပ်ရပ်များ၏နောက်ကွယ်မှ မူးယစ်ဆေးဝါးအန္တရာယ်

Type

အောင်ရှင်း

 

ကျွန်တော်တို့    မြန်မာနိုင်ငံမှာ   မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို  အစိုးရ အဆက်ဆက်  “အမျိုးသားရေးတာဝန်”  တစ်ရပ် အဖြစ် သတ်မှတ်ပြီး နှိမ်နင်းခဲ့ကြပါတယ်။ သို့ပေမယ့် လည်း  ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှု ဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာများနဲ့ အခြား သော  မူးယစ်ဆေးဝါးဆိုင်ရာ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အမြင့် ဆုံးနိုင်ငံများထဲတွင် ပါဝင်နေဆဲဖြစ်ပါတယ်။ UNODC ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်တဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ             အစီရင်ခံစာမှာ COVID-19 ဖြစ်ပွားနေပေမယ့်        မူးယစ်ဆေးဝါး ကုန်သွယ်မှု     ကျဆင်းမသွားကြောင်းနဲ့   မူးယစ် ဆေးဝါးဂိုဏ်းတွေက ကုန်သွယ်မှုတွေကို တိုးချဲ့နေ တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှု လျော့ကျလာပေ မယ့် မက်သာဖက်တမင်း (Methamphetamine) ထုတ်လုပ်မှုနဲ့   တရားမဝင်ကုန်ကူးတဲ့ဈေးကွက် ကြီးမားကျယ်ပြန့်လာကြောင်း ဖော်ပြထားပါတယ်။ ဒီလိုကျယ်ပြန့်လာတဲ့ စိတ်ကြွဆေးပြားဈေးကွက်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ် ခဲ့တဲ့  ဆန္ဒပြမှုများ၊   အကြမ်းဖက်မှုဖြစ်စဉ်များရဲ့ နောက်ကွယ်မှာလည်း ကြီးမားစွာ သက်ရောက်မှုရှိ နေတယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေအထောက် အထားတွေ အခိုင်အမာရှိနေပါတယ်။


မူးယစ်ဆေးဝါးကို အသုံးချပြီး အကြမ်းဖက်မှု တွေ၊ ဆူပူအုံကြွမှုတွေ   ဖန်တီးတာဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီး အစောပိုင်း ကာလတွေကတည်းက   အစိုးရကိုဆန့်ကျင်တဲ့ သူတွေ     အသုံးပြုခဲ့တဲ့နည်းဖြစ်တယ်ဆိုတာကို သြစတြေးလျနိုင်ငံသား နိုင်ငံရေးလေ့လာသူ Mr.B ဆိုတဲ့ မြန်မာတစ်ဦးရေးသားသည့် “မြန်မာနိုင်ငံ၏ အကျပ်အတည်း ရက် ၁၀၀ ကာလအတွင်း ပြည်ပ ရောက်မြန်မာနိုင်ငံသားတစ်ဦး၏ မက်သာဖက် တမင်း  ဆေးစွဲနေသော   စစ်သွေးကြွလူငယ်များ ဆိုင်ရာဆန်းစစ်ချက်နှင့်       မျက်မြင်တွေ့ရှိချက်” ဆောင်းပါးမှာ “Generation Z ခေါ် ဂိမ်းသမား၊ ဆေးကြောင်   ဆယ်ကျော်သက်များရဲ့  မူမမှန်တဲ့ စိတ်ခံစားချက်လှုပ်ရှားမှုများကို အထောက်အထား သက်သေများနဲ့  ရေးသားဖော်ပြခဲ့တာ  တွေ့ရပါ တယ်။ 
အဲဒီဆောင်းပါးမှာ    ဖော်ပြချက်တွေအပြင် မြေပြင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအရ ဆန္ဒပြပွဲတွေ အရှိန်မြှင့်ခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ ဆန္ဒပြပွဲတွေကို ဦးဆောင် စီစဉ်ခဲ့သူတချို့က        တူညီဝတ်စုံများ၊     တူညီ ဆိုင်းဘုတ်များကိုယ်စီနဲ့ ဆန္ဒပြပွဲများ အရှိန်မြှင့်တင် ဖို့အတွက် နေ့တွက်စရိတ်နဲ့ စားသောက်ဖို့ ထမင်း ဘူး ဝေငှမှုတွေရှိခဲ့ပါတယ်။ ထမင်းဘူးဝေတဲ့နေရာ မှာ ထမင်း (သို့မဟုတ်) စားစရာတစ်ခုခုထည့်ထားတဲ့ ဖော့ဘူးအဖုံးရဲ့အတွင်းမျက်နှာပြင်မှာ    နေ့တွက် စရိတ်လေးတွေကို ဆီမပေနိုင်အောင် ပလတ်စတစ် နဲ့ထည့်ပြီး တိပ်နဲ့ကပ်ထားပေးပါတယ်။ ဒီနေရာမှာ ထူးခြားတာက အချို့စီစဉ်ဆောင်ရွက်သူတွေဟာ ဆန္ဒပြသူတွေ အပင်ပန်းခံနိုင်အောင် အကြောင်းပြ ချက်နဲ့ ထမင်းဘူးရဲ့ ဖော့ဘူးအဖုံးအတွင်းမှာ နေ့တွက် စရိတ်တင်မကဘဲ စိတ်ကြွမူးယစ်ဆေးဝါးတွေကိုပါ တိပ်နဲ့ကပ်ပေးခဲ့တယ်လို့ ဆန္ဒပြပွဲတွေမှာ ထဲထဲ ဝင်ဝင်ပါဝင်ခဲ့ပြီး   မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိတဲ့ လူငယ်တွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။
မူမမှန်တဲ့လှုပ်ရှားမှုတွေဖြစ်ပေါ်လာ


ဒီလိုကိစ္စမျိုးကို ပေါ်ပေါ်တင်တင်ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသူအချင်းချင်း အချိတ်အဆက်တွေနဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မူးယစ်ဆေးဝါးကို မသုံးစွဲလိုတဲ့လူငယ်တွေကတော့ မူးယစ်ဆေးဝါးကြောင့် ဆန္ဒပြပွဲတွေမှာ မူမမှန်တဲ့လှုပ်ရှားမှုတွေဖြစ်ပေါ်လာတာကို  မလိုလားကြတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆန္ဒပြနေတဲ့လူငယ်တွေကတော့ သူတို့အချင်းချင်း နားလည်နိုင်တဲ့ သင်္ကေတတွေနဲ့ ဆိုရှယ်မီဒီယာပေါ် မှာ အချိတ်အဆက်တွေရှိကြသလို အင်တာနက်ပေါ် ကနေ   ရောင်းဝယ်ဖောက်ကားမှုတွေ၊       ငွေကြေး ထောက်ပံ့မှုရယူပြီး အခမဲ့ဖြန့်ဝေမှုတွေ လုပ်ကြ ပါတယ်။ ဒီလိုစိတ်ကြွဆေးပြား အခမဲ့ထောက်ပံ့ ရတဲ့ရည်ရွယ်ချက်က လူငယ်ထုကို စွဲဆောင်ဖို့၊ ဆန္ဒ ပြရာမှာ ယာယီအမောခံနိုင်စေဖို့၊ ကြွေးကြော်သံတွေ အော်နိုင်ဖို့နဲ့၊    ဗိုက်မဆာဖို့လို့   ဆိုကြပါတယ်။ ဒါပေမယ့် နောက်ကွယ်က အမှန်တကယ်ရည်ရွယ် ချက်ကတော့ သာမန်ထက်လွန်ကဲတဲ့   စိတ်ဓာတ် တက်ကြွမှုတွေဖြစ်ပြီး ယခင်က မလုပ်ရဲတဲ့  အလုပ် တွေကို လုပ်ရဲလာအောင်၊ အကြမ်းဖက်မှုတွေကို မကြောက်မရွံ့ဆောင်ရွက်နိုင်လာအောင် နောက်ကွယ် က ပံ့ပိုးပေးသူတွေက ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံက ဆန္ဒပြမှုတွေက တော့ နောက်ကွယ်ကလူတွေ ဖြစ်စေချင်တဲ့အတိုင်း မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်များရဲ့ လှုပ်ရှားမှုများ ကြောင့်  အကြမ်းဖက်မှုတွေဆီ  ဦးတည်သွားခဲ့ပါ တယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၁၄ လမ်းဖြစ်စဉ်ကို  မှတ်မိ ကြလိမ့်မယ်ထင်ပါတယ်။        တာဝန်ချိန်ပြင်ပမှာ ရဲအရာရှိတစ်ဦးကို ဓားနဲ့ထိုး၊ ပုဆိန်နဲ့ခုတ်၊ တာယာ ကွင်းပေါ်တင်ပြီး မသေမချင်း  မီးရှို့သတ်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီလိုကိုယ်နဲ့ မသိတဲ့လူတစ်ဦးကို ဝိုင်းဝန်းခုတ်သတ်ပြီး တာယာတွေပေါ် မီးတင်ရှို့ခြင်း ကိစ္စကို ပျော်ရွှင်မြူးထူးစွာ ဆောင်ရွက်လိုက်ကြတဲ့ လူငယ်တော်တော်များများဟာ စိတ်ကြွဆေးပြား သုံးစွဲထားကြသူများ      ဖြစ်နေတယ်ဆိုတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိရှိရ


ဒါ့အပြင် ဆန္ဒပြလူငယ်များနှင့် ဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက်လုပ်နေတဲ့ လူငယ်အများစုဟာ မူးယစ် ဆေးဝါးတွေ         သုံးစွဲပြီးလုပ်နေတယ်ဆိုတာကို အကြမ်းဖက်သမားများ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ်ချက်များအရလည်း သိရှိရပါ တယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ မူးယစ်ဆေးဝါး ဆက်စပ်နေတဲ့ဖြစ်စဉ် မြောက်မြားစွာထဲက ထင်ရှား တဲ့ ဥပမာအချို့ကို ဖော်ထုတ်ပြချင်ပါတယ်။ 
သြဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အမှတ် (၆) ရပ်ကွက် ၄၄ လမ်းမှာဖြစ်ခဲ့တဲ့  တိုက် (၃) လွှာကနေ ခုန်ချထွက်ပြေးလို့ တရားခံတချို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း မှတ်မိကြမယ်ထင်ပါ တယ်။ ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ လူငယ်အများစုသည် လည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်တယ်ဆိုတာ ကို သူတို့ရဲ့ကိုယ်တိုင်ထွက်ဆိုချက်တွေအရ သိရှိရပါ တယ်။


ဩဂုတ်လ ၂၂ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် “လရိပ်ချို” တည်းခိုခန်းမှာ ဖမ်းဆီးရမိတဲ့ မိုင်းထောင်ဖောက်ခွဲမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို လုပ်ဆောင်ခဲ့ကြတဲ့ တရားခံများနဲ့ ဆက်စပ် တရားခံတွေမှာလည်း WY စိတ်ကြွရူးသွပ်ဆေးပြား တွေ ဖမ်းဆီးရမိခဲ့ပြီး ဆေးစွဲနေကြသူတွေဖြစ်ပါတယ်။
အလားတူ သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ့ အမျိုးသားကာကွယ်ရေးတပ်ဆိုပြီး အမည်ခံထားတဲ့ အဖွဲ့က ဒုတိယခေါင်းဆောင်  စည်သူနဲ့ ဆက်စပ် တရားခံတွေကို ဖမ်းဆီးရမိတဲ့နေရာမှာလည်း WY စိတ်ကြွဆေးပြား  ၇၅၀၀ နှင့်အတူ   ဖမ်းဆီးရမိ တဲ့အတွက် သုံးစွဲတဲ့အဆင့်မကတော့ဘဲ  အကြမ်း ဖက်လုပ်ရပ်တွေလုပ်ဖို့ မူးယစ်ဆေးဝါးကို ဖြန့်ဖြူး ခဲ့တာကိုလည်း   အထောက်အထားတစ်ခုအဖြစ် တွေ့ရှိရပါတယ်။
စစ်ဆေးဖော်ထုတ်သိရှိ
စက်တင်ဘာလ ၂၀ ရက်နေ့က မရမ်းကုန်းမြို့ နယ်နဲ့ ဒဂုံ(မြောက်ပိုင်း)မြို့နယ်တွေမှာ  ရပ်ကွက် အုပ်ချုပ်ရေးမှူး သုံးဦးနဲ့  ရာအိမ်မှူးတစ်ဦးကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ကိုးဦးဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး ပုံမှန်အသိစိတ် ပျောက်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ဖော်ထုတ် သိရှိရပါတယ်။
ဆူပူဆန္ဒပြမှုတွေနဲ့ ဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက် အဖျက်လုပ်ရပ်များလုပ်လို့ ဖမ်းဆီးထိန်းသိမ်းလိုက် ရတဲ့  တရားခံတွေထဲမှာ ပုံမှန်စိတ်အနေအထား မဟုတ်တဲ့သူတွေကို ဆေးစစ်ကြည့်လိုက်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးသုံးစွဲထားတာ ကို တွေ့ရပါတယ်။ ဆူပူဆန္ဒပြပွဲတွေကို ဦးဆောင်နေ တဲ့ Generation Z ဆိုတဲ့ လူငယ်တွေ၊ အကြမ်းဖက် လုပ်ရပ်တွေကို  ရက်ရက်စက်စက်လုပ်နေတဲ့ PDF အမည်ခံလူငယ်အများစုဟာ       ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ပုံမှန်လူတစ်ဦးမလုပ်နိုင်တဲ့အလုပ်တွေကိုလက်ရဲဇက်ရဲကျူးလွန်နေခြင်းရဲ့ အဓိကတရားခံ က မူးယစ်ဆေးဝါးဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါ တယ်။ တစ်နည်းအားဖြင့် ဆူပူဆန္ဒပြပွဲတွေ၊ အကြမ်း ဖက်လုပ်ရပ်တွေကို ကြိုးကိုင်နေတဲ့နောက်ကွယ်က စီစဉ်သူများဟာ လူငယ်တွေရဲ့ တက်ကြွတဲ့စိတ်ခံစား ချက်ကို   မူးယစ်ဆေးဝါးအသုံးပြုပြီး   မြှင့်တင်မှု ကြောင့် ယနေ့လူငယ်ထုအတွင်း  မူးယစ်ဆေးဝါး သုံးစွဲမှုများ ပိုမိုများပြားလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုလူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်မား လာအောင်လုပ်ဆောင်ချက်ဟာ လူငယ်များအတွက် အလွန်အန္တရာယ်ရှိသလို   တိုင်းပြည်ရဲ့အနာဂတ် အတွက်လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။
v  စာမျက်နှာ ၆ မှ
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့   ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် အကြမ်းဖက်လုပ်ရပ်များ  တိုက်ဖျက်ရေးအတွက် အကြမ်းဖက်မှုနှိမ်နင်းရေးနဲ့       နိုင်ငံတည်ငြိမ်မှု စစ်ဆင်ရေး (Counter-terrorism and Stability Operation) ကို ဆောင်ရွက်ရင်းနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တစ်ပြိုင်တည်း လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် နစကအစိုးရတာဝန် ယူပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တွေကို  ယခင်အစိုးရအဆက်ဆက် အလေးထား လုပ်ဆောင်ခဲ့သလို နစကအစိုးရတာဝန်ယူတဲ့ ကိုးလ တာကာလအတွင်းမှာ      ထိထိရောက်ရောက် လုပ်ဆောင်ခဲ့မှုကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်များကို စံချိန်တင်ဖမ်းဆီးရမိတဲ့သတင်းများ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ  မူးယစ် ဆေးဝါး ဖမ်းဆီးရမိမှုများက အောက်ဖော်ပြပါဇယား အရ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလိုတွေ မူးယစ်ဆေးဝါးဖမ်းဆီးရမိတာနဲ့အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မူးယစ်တရားခံ ကျား ၆,၁၈၂ ဦး နဲ့   မ ၇၂၃ ဦးကိုလည်း   အရေးယူထားရှိတာကို တွေ့ရပါတယ်။ 
ဟန်ပြဆောင်ရွက်နေ
ဖမ်းဆီးရမိတဲ့         မူးယစ်ဆေးဝါးတွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာ ဖမ်းမိသည်ဖြစ်စေ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အားလုံးဟာ    တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးတဲ့ဒေသတွေက ထွက်လာတာကို တွေ့ရပါ တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၎င်းတို့ရှင်သန်ရပ်တည်ရေးအတွက် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေအပေါ်မှာ မှီခိုနေရတာဖြစ်ပါ တယ်။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဟန်ပြဆောင်ရွက်နေပေမယ့်လည်း  နောက်ကွယ်မှာ တော့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုတွေကို အကြီးအကျယ် လုပ်ကိုင်ဆောင်ရွက်နေကြတယ် ဆိုတာကို ဖမ်းဆီးရမိခဲ့တဲ့  သက်သေအထောက် အထားတွေအရ သိရှိရပါတယ်။
ဒါ့အပြင် ဒီနေ့နွေဦးတော်လှန်ရေးလို့ ခေါင်းစဉ် တပ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ နာမည်အမျိုးမျိုးနဲ့ဖွဲ့ထားတဲ့ PDF တွေကို အကြမ်း ဖက်သင်တန်းတွေပေးဖို့၊    လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေ ဟာ ဝင်ငွေပိုမိုရရှိဖို့အတွက် မူးယစ်ဆေးဝါးတွေကို ပိုမိုထုတ်လုပ်ရောင်းချနေတာကိုလည်း   မြင်တွေ့ ကြားသိနေရပါတယ်။
တစ်နည်းအားဖြင့်   အကြမ်းဖက်အဖွဲ့အစည်း အဖြစ်  သတ်မှတ်ထားတဲ့ NUG နှင့်    ချိတ်ဆက် ဆောင်ရွက်နေတဲ့ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ NUG ရဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် မူးယစ်ဆေးဝါးလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေကိုအသုံးပြုပြီး   PDF များအတွက် လိုအပ်တဲ့ လက်နက် ခဲယမ်းများရရှိရေး ပြည်ပ မူးယစ်ဂိုဏ်းများနဲ့    ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
NUG အဖွဲ့ကို ငွေကြေးထောက်ပံ့
ဒါ့အပြင်   မူးယစ်ဆေးဝါးဝင်ငွေနဲ့      အဓိက ရပ်တည်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အချို့ ဟာ မူးယစ်ဆေးဝါးက  ရရှိတဲ့ဝင်ငွေတွေနဲ့ NUG အဖွဲ့ကို  ငွေကြေးထောက်ပံ့   အားပေးကူညီနေတဲ့ အပြင် NUG က စီစဉ်စေလွှတ်တဲ့ PDF အမည်ခံ လူငယ်များ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို ရောက်ရှိလာချိန်မှာ    မူးယစ်ဆေးဝါးကို အလွယ်တကူသုံးစွဲလို့ရအောင် အခြေအနေဖန်တီး ပေးခဲ့ကြပါတယ်။ ဒါမှလည်း   သူတို့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ       သုံးစွဲသူများပြားလာပြီး   ပြည်တွင်းဈေးကွက်      ကျယ်ပြန့်လာအောင် လုပ်ဆောင်နေခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။  အဲဒီအချက် မှန်ကန်တယ်ဆိုတာကို       တိုင်းရင်းသား နယ်မြေတွေမှာ အကြမ်းဖက်သင်တန်းတက်ပြီး ပြန်လာပြီးနောက် ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား တွေရဲ့ ထုတ်ဖော်ဝန်ခံချက်တွေအရ သိရှိရပါတယ်။
အထက်မှာ တင်ပြထားသလို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ မူးယစ် ဆေးဝါးနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို  နိုင်ငံ တကာက လေ့လာသူတွေရေးတဲ့ ဆောင်းပါးတွေ၊ မြေပြင်မှာလက်တွေ့ကြုံတွေ့နေရသူတွေနဲ့ ဖမ်းဆီး ရမိသူတွေရဲ့ ထွက်ဆိုချက်တွေက သက်သေပြနေ ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိတဲ့ အရေ အတွက်က ၅ ဒသမ ၅ သန်းကျော်သာ ဖြစ်ပြီး ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးရမိတဲ့အရေ အတွက်ဟာ ၂၃ ဒသမ ၇ သန်းကျော်ဖြစ်လို့   မနှစ်က နဲ့ ဒီနှစ်ကွာခြားချက်က ၁၈ ဒသမ ၁ သန်းကျော် လောက် ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီနှစ် တစ်နှစ်တည်းမှာကိုပဲ သြဂုတ်လမှာ ဖမ်းဆီးရမိတဲ့ အရေအတွက်ထက် စက်တင်ဘာလမှာ ဖမ်းဆီးရမိ တဲ့ အရေအတွက်က ၅ ဒသမ ၇ သန်းကျော်လောက် ပိုလာတာကို တွေ့ရပါတယ်။  ဒီလိုမြင့်တက်လာရတဲ့ အကြောင်းရင်းကို အဖြေကိုရှာကြည့်တော့ တရား မဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG က နိုင်ငံတစ်ဝန်းလုံးမှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဖို့ စက်တင်ဘာလ ၇ ရက်နေ့မှာ D-Day ကြေညာခဲ့ ပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ  အကြမ်းဖက်မှု ဖြစ်စဉ်တွေ ပိုမိုများပြားလာတာနဲ့အမျှ စိတ်ကြွ ရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲ မှုတွေ ပိုမိုမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ အလားတူပဲ အခြားမူးယစ်ဆေးဖြစ်တဲ့  “အိုက်စ်” လို  မူးယစ်ဆေးတွေလည်း  ဒီနှစ်စက်တင်ဘာလမှာ ယမန်နှစ်ကထက် ကီလိုပေါင်းများစွာ ပိုမိုဖမ်းဆီးရမိ ခဲ့ပါတယ်။ 
ဒါတွေဟာ အကြမ်းဖက်မှုတွေဖန်တီးဖို့ မူးယစ် ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေကနေ လိုအပ် တဲ့ ငွေကြေးအထောက်အပံ့တွေကို ရယူနေရုံတင် မကဘဲ လူငယ်တွေကို ဆင်ခြင်တုံတရားကင်းမဲ့စေပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ စိတ်ကြွမူးယစ်ဆေး တွေ အကူအညီနဲ့ပါ လုပ်ခိုင်းခဲ့တယ်ဆိုတာ ထင်ရှား နေပါတယ်။ ဒါကို ထပ်လောင်းသက်သေပြနေတာ ကတော့ အကြမ်းဖက်တိုက်ခိုက်သူတွေကို ဖမ်းဆီး မိတဲ့အခါ မူးယစ်ဆေးသုံးစွဲထားတာကိုပါ စစ်ဆေး တွေ့ရှိနေရတယ်ဆိုတာပါပဲ။ 
ဒါကြောင့်     လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့     မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေးနဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် အလေးထား ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
အကူပစ္စည်းအဖြစ် မသုံးစွဲစေရေး
တကယ်တော့  မြန်မာနိုင်ငံအတွက်   မူးယစ် ဆေးဝါးအန္တရာယ်ဆိုတာ ဘယ်အစိုးရပဲတက်တက် ရင်ဆိုင်ဖြေရှင်းနေရမယ့် “အမျိုးသားရေးတာဝန်” ဖြစ်ပါတယ်။   ယနေ့မြန်မာနိုင်ငံမှာ ဂိမ်းစွဲနေတဲ့ ဆယ်ကျော်သက်လူငယ်တချို့သည်လည်း အွန်လိုင်း ဂိမ်းတွေကို နေ့ညမပြတ်ကစားနိုင်ဖို့အတွက် မူးယစ် ဆေးဝါးကို  အကူပစ္စည်းအဖြစ်  မသုံးစွဲစေရေးနဲ့ ဆူပူဆန္ဒပြပွဲတွေမှာ အသုံးချခံ မူးယစ်သားကောင် တွေ မဖြစ်စေရေးအတွက် မိဘများအနေနဲ့ အထူး စောင့်ကြည့်ကြပ်မတ်ရမှာ  ဖြစ်ပါတယ်။   မြန်မာ  လူငယ်များသည်         မြန်မာနိုင်ငံရဲ့အနာဂတ်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေ အနေအရ နိုင်ငံရေးအစွန်းရောက်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေရဲ့အသက်တွေ၊  ဘဝတွေကို  မူးယစ် ဆေးဝါးအကူအညီနဲ့ အသုံးချနေကြတာကို ဝိုင်းဝန်း တားဆီးတိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဒီဆောင်းပါးမှာ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့    ဆူပူဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ မြင်သာအောင်  မီးမောင်းထိုးပြလိုက်ရခြင်းဖြစ်ပါ တယ်။ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့ရဲ့ သုံးပွင့်ဆိုင်အချိတ်အဆက်မှာ မူးယစ် ဆေးဝါးကို  နွေဦးတော်လှန်ရေး   ရန်ပုံငွေရရှိရေး အတွက်သာမက တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေ ကို လမ်းမှားရောက်အောင် အသုံးချနေတဲ့ နောက်ကွယ် က အကြောင်းတရားတွေကို မှန်မှန်ကန်ကန် သိရှိ နားလည်ကြပြီး မြန်မာနိုင်ငံအတွက်   အန္တရာယ် ကြီးမားတဲ့ မူးယစ်ဆေးဝါးကို ဝိုင်းဝန်း၊ ပူးပေါင်း တိုက်ဖျက်သွားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ရည်ညွှန်းချက်
၁။    UNDOC report : opium production drops again in Myanmar as the synthetic drug market expands (2021). Retrieved on 31th October 2021 from https://www.unodc.org/southeastasiaandpacific/en/2021/ 02/ myanmar-opium-survey-report-launch/story.html 
၂။    Mr. B.(2021). Witness account of the anatomy of 100 days unfolding crisis and Meth-head Militant Mob in Myanmar Retrieved from https://npnewsmm.com/news/60c467c47677404eb7269bf5