
နေပြည်တော် ဇွန် ၂၈
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထု များက ၎င်းတို့၏ သဘောဆန္ဒ အလျောက် လက်လုပ်သေနတ် များနှင့် ဆက်စပ်ပစ္စည်းများကို အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး ကျုံပျော်မြို့နယ်နှင့် ချင်း ပြည်နယ် မတူပီမြို့နယ်တို့မှ တူမီးသေနတ် ၁၀ လက်၊ လက် လုပ်သေနတ် ၁၆ လက်၊ ဒူးလေး ငါးလက်နှင့် ဆက်စပ်ပစ္စည်းများ ကို ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ် သေနတ်များနှင့် ဆက်စပ်ပစ္စည်း များကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်ခံရယူခဲ့ပြီး စနစ် တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်