လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့

 

လူကုန်ကူးခံရမှုကြောင့်  ဒူဘိုင်းတွင်  ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့်  တိုက်ရိုက်ထုတ်လွှင့်  အကူ အညီတောင်းခံခဲ့သည့်    မြန်မာအမျိုးသမီးငယ်   ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း  နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့်ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူ တရားခံမှာ ဒူဘိုင်း တွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်ပြီး  မြန်မာအမျိုးသမီးငယ် များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့်  အခြားအရှေ့ အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူဖြစ်သည်။

 


အဆိုပါ ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်မှု၊ အိုင်တီနည်းပညာကို သုံးစွဲကာ အရေးပါသည့် အချက်အလက်များနှင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်း ရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှုတို့ကြောင့် မြန်မာအမျိုး သမီးတို့ကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကိုပါ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။  အကယ်၍သာ ၎င်းတို့အားအချိန်မီ ကယ်တင် နိုင်ခဲ့ခြင်းမရှိပါက   မြန်မာနိုင်ငံနှင့်   လွန်စွာအလှမ်းဝေးလှသည့်      အရှေ့အလယ်ပိုင်းဒေသ  တစ်နေရာရာတွင်    တစ်ယောက်စီ  ထပ်ဆင့်ရောင်းစားခံရပြီး   ၎င်းတို့တစ်ဦးချင်းစီ  ခံစားကြရမည့် ဒုက္ခများမှာ မတွေးဝံ့စရာပင်ဖြစ်သည်။

 


ယခုနောက်ပိုင်း လူကုန်ကူးမှုများတွင် လူကုန်ကူးခံရသူများ ရော တရားခံများပါ အမျိုးသမီးများက အများစုဖြစ်သည်။ အမျိုး သမီးများကို မက်လုံးပေးဆွဲဆောင်စည်းရုံးကြရာတွင် အမျိုးသမီး အချင်းချင်းဆွဲဆောင်စည်းရုံးခြင်းက     ပိုမို၍ယုံကြည်မှုရရှိပြီး ပိုမိုအောင်မြင်ကြသည့်အတွက်      ပြင်ပတွင်လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ မက်လုံးပေးစည်းရုံးမှုများကို  မယုံကြည်ကြ ရန်နှင့် ဘေးအန္တရာယ်အဖြစ် ရှုမြင်နိုင်ကြရန် ယခုဒူဘိုင်းဖြစ်ရပ်က သင်ခန်းစာပေးလျက်ရှိသည်။    အမျိုးသမီးငယ်များအနေဖြင့် ပိတ်လှောင်ထားသည့် နေရာမှ ထွက်ပြေးနိုင်မှုနှင့် လူမှုကွန်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်မှုတို့ကြောင့်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ချိတ်ဆက်နိုင်ခဲ့သည့် အခြေအနေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရေခြား မြေခြားတွင် မိမိနိုင်ငံသားအချင်းချင်း ကူညီမှုကလည်း များစွာ အထောက်အကူဖြစ်ခဲ့သည်။ 

 


အလုပ်အကိုင် အခွင့်အလမ်းအတွက်  ပြည်ပသို့  ထွက်ခွာမည် ဆိုပါက      တရားဝင်အေဂျင်စီများနှင့်  ဆက်သွယ်ကြခြင်း ကသာ   လုံခြုံစိတ်ချရသော နည်းလမ်းဖြစ်သည်။  ပြည်ပနိုင်ငံသို့ သွားရောက်၍ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်မည်ဆိုပါက  နိုင်ငံ အများအပြား၏  အလုပ်သမားဥပဒေမှာ  အိမ်ဖော်အလုပ်အကိုင် များကို  ထည့်သွင်းပြဋ္ဌာန်ထားခြင်းမရှိသည့်အတွက် အိမ်ဖော်လုပ် မည့်သူမှာ အလွဲသုံးစားပြုခြင်း၊ လူကုန်ကူးခြင်းအန္တရာယ်ကျ ရောက်ရန်   အလားအလာလွန်စွာများပြားသည်ကိုလည်း   သိရှိ ထားကြရန်လိုသည်။

 


လာမည့်  စက်တင်ဘာလ   ၁၃ ရက်နေ့သည်   လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “လူကုန် ကူးမှုတိုက်ဖျက်ဖို့၊ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့”ဟူ၍ဖြစ်ရာ ဒူဘိုင်းဖြစ်ရပ်နှင့် ဆက်စပ်ကြည့်မည်ဆိုပါက နည်းပညာ၏ အရေးပါမှုကို   ထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်သည်။   ပြစ်မှု ကျူးလွန်သူများက နည်းပညာကို  ပိုမိုသုံးစွဲလာကြသည်နှင့်အမျှ လူကုန်ကူးမှုအပါအဝင်   ရာဇဝတ်မှုများ   နှိမ်နင်းတိုက်ဖျက်ရာ တွင်   အဆင့်မြင့်နည်းပညာများကို   ပိုမိုသုံးစွဲလာရမည်ဟူ၍ ရှုမြင်ပါကြောင်း။       ။