လူမှုဘဝဖွံ့ဖြိုးဖို့ ပန်းခင်းလမ်းအတိုင်း လျှောက်လှမ်းစို့

Type

 

မိုးကေနိုင်

အများသူငါ လျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာဖြစ်‌နေပါလိမ့်မယ်။ ပြည်သူတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂတ်ပန်းတိုင်ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာခင်းထားတဲ့ ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်၀င်လှုပ်ရှားနေလေရဲ့။ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာ၀န်ယူခင်းပေးထားတဲ့ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့၊ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေချောမွေ့စေဖို့ တန်ဆာဆင်ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာဝလေး တစ်ခုကို ခံစားကြည့်ကြပါစို့...


အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်တော့မည့်
နိုင်ငံသားအခွင့်အရေးတစ်ခု


“နိုင်ငံသားတိုင်းရဲ့အရေးကြီးလှတဲ့    နိုင်ငံသား အခွင့်အရေးတစ်ခုအတွက်၊   ပြည်သူအားလုံးရဲ့ လူမှုဘဝလှပတင့်တယ်ဖို့အတွက် လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပန်းခင်း စီမံချက်ဟာ ယခုနှစ်မေလကစပြီး အကောင်အထည် ပေါ်လာနေပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈ ပုဒ်မ ၃၄၆ အရလည်း  နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲ ခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်စေရမည်”လို့ အတိအလင်းဆိုထားတာ တွေ့ရပါ လိမ့်မယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မှာ မှီတင်းနေထိုင်ကြတဲ့    မွေးရာပါတိုင်းရင်းသား အားလုံးအနေနဲ့ ကိုယ်ပိုင်နိုင်ငံသားစိစစ်ရေးကတ် တစ်ခု ကိုင်ဆောင်ခွင့်ဆိုတာ နိုင်ငံသားအခွင့်အရေး တစ်ခုဖြစ်ပါတယ်။   လက်လွတ်မခံသင့်တဲ့    အခွင့် အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ်ဆိုတာ   မြန်မာနိုင်ငံအတွင်းမှာ  နေထိုင်တယ် ဆိုတဲ့ခိုင်မာတဲ့  သက်သေခံအထောက်အထားတစ်ခု ပါ။     နိုင်ငံသားဖြစ်ခွင့်ရှိတဲ့    အရည်အချင်းအရ မြန်မာနိုင်ငံသားဖြစ်ကြောင်းဆိုတာ ဒီလိုနိုင်ငံသား စိစစ်ရေးကတ်ရှိမှသာ        အသိအမှတ်ပြုခံရတဲ့ သဘောပါပဲ။ ဒါကြောင့် ဥပဒေနဲ့အညီ နိုင်ငံသား အရည်အချင်း ပြည့်မီတဲ့ တိုင်းရင်းသားတိုင်း၊ နိုင်ငံ သားတိုင်းဟာ နိုင်ငံသား ဖြစ်မှု/  ဧည့်နိုင်ငံသားဖြစ်မှု/ နိုင်ငံသားပြုခွင့်ရမှုစသည်ဖြင့်    ဥပဒေနှင့်အညီ သက်သေခံကတ်တစ်ခုခုတော့ ကိုင်ဆောင်ထားသင့် ပါတယ်။ နိုင်ငံသားဖြစ်တည်မှုဆိုပြီး အမျိုးမျိုး ရှိနေ ရတာက  မွေးရာပါတိုင်းရင်းသားမဟုတ်ပေမယ့် တည်ဆဲဥပဒေတွေအရ     နိုင်ငံသားအရည်အချင်း ပြည့်မီတဲ့ နိုင်ငံသားများလည်း    နိုင်ငံအတွင်းမှာ နေထိုင်နေကြလို့   ဖြစ်ပါတယ်။   ထိုသူတို့အတွက် လည်း အသိအမှတ်ပြုကတ်တစ်ခုခုကို  ပိုင်ဆိုင်ထား ကြတော့မယ့်    အခွင့်အရေးတစ်ခု     ငါတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနေပြီဖြစ်တယ် ဆိုတာကို နားလည်သိရှိစေလိုပါတယ်။ 


အချုပ်အခြာအာဏာပိုင်အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခွင့်ရပါပြီ 


ထို့အတူပါပဲ    မိမိဟာ   မိသားစုဝင်တစ်ဦးဦး ဖြစ်နေတယ်ဆိုရင် ထိုအိမ်ထောင်စုဝင်စာရင်းထဲမှာ ပါကိုပါရမှာ ဖြစ်ပါတယ်။    အိမ်ထောင်စုလူဦးရေ စာရင်းလည်း  ရှိရမှာဖြစ်ပါတယ်။        ဒါဟာလည်း နိုင်ငံသားတစ်ဦးရဲ့          အခွင့်အရေးတစ်ခုပါပဲ။ အိမ်ထောင်စုစာရင်းမှာပါတယ်ဆိုတဲ့   အထောက် အထားဟာ ထိုမိသားစုဝင်အဖြစ်    အသိအမှတ်ပြု ခြင်းဆိုတဲ့      သက်သေခံတစ်ခုပါပဲ။     ကိုယ်က အိမ်ထောင်စုဝင်ဖြစ်တယ်ဆိုရင်   နိုင်ငံသားစိစစ်ရေး ကတ်လိုပဲ   တစ်သက်လုံးကိုင်ဆောင်ထားရမယ့် အရေးကြီးတဲ့အထောက်အထားများ    ဖြစ်ပါတယ်။ ဒါကြောင့်လည်း   နိုင်ငံသားစိစစ်ရေးကတ်ရော၊ အိမ်ထောင်စုလူဦးရေစာရင်း   အထောက်အထား ရော နှစ်ခုစလုံးဟာ မိမိဘဝအတွက် တကယ်ကို အရေးပါကြောင်း    ဆိုပါရစေ။     ပန်းခင်းစီမံချက် ကြောင့်     ကိုယ့်မွေးဖွားရာဇာတိနယ်မှာနေတဲ့သူ အတွက်ရော၊    ရွှေ့ပြောင်းနေထိုင်သူအတွက်ပါ     အိမ်ထောင်စုစာရင်းနဲ့အတူ    စိစစ်‌ရေးကတ်ဖြစ်ဖြစ်၊  ကိုင်ဆောင်သက်သေခံလက်မှတ်တစ်ခုခုဖြစ်ဖြစ်     ပိုင်ဆိုင်ကြတော့မှာမို့   အားလုံးအတွက်     အဆင်ပြေ သွားကြတော့မှာလည်း ဖြစ်ပါတယ်။  ဘာပဲဖြစ်ဖြစ် နိုင်ငံသားစိစစ်ရေးကတ်တစ်ခု        ပိုင်ဆိုင်ပြီး      နိုင်ငံသားတစ်ဦးအဖြစ်  အသိအမှတ်ပြုခံရခြင်းဟာ ဒီနိုင်ငံရဲ့   အချုပ်အခြာအာဏာပိုင်   အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့        ပါဝင်ခွင့်ရလိုက်တဲ့သဘောဆိုတာ   သိစေလိုပါတယ်။ 


ဒီမိုကရေစီလမ်းကြောင်းကို စည်းကမ်းနှင့်အညီ
ချီတက်နိုင်ရေးရည်ရွယ်


မွေးရာပါတိုင်းရင်းသားတစ်ယောက်ရဲ့    အခွင့် အရေးနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံသား အခွင့် အရေးများအတွက်        အထောက်အကူပြု‌နေတဲ့ အာမခံချက်တစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ဟာ ပေါ်ထွက်လို့လာနေပါပြီ။ တစ်နှစ်ခွဲခန့်ကြာမယ့် ဒီစီမံချက်ကြီးဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့    လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်၊ အသိအမှတ်ပြုမှုတစ်ခုခုနဲ့   အိမ်ထောင်စုစာရင်းမရှိ သေးတဲ့ပြည်သူများအတွက် အရေးတကြီးအကောင် အထည်ဖော်နေတဲ့   စီမံချက်တစ်ခုလည်း    ဖြစ်ပါ တယ်။   ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မှတ်ပုံတင်မရှိဘဲ   မဲပေးခဲ့ကြတဲ့    မဲဆန္ဒရှင်အရေ အတွက်ဟာ ၄ ဒသမ ၈၇ သန်း   ရှိခဲ့တဲ့အတွက် ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်ချက်အရ   ပေါ်ပေါက်လာတဲ့    စီမံချက် တစ်ခုဖြစ်ပါတယ်။ ယခုကာလဟာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက     အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနဲ့အညီ   ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့     ကာလတစ်ခုဖြစ်သလို     ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နဲ့အညီ      လွတ်လပ်ပြီးတရားမျှတတဲ့     ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးဖို့ အခိုင်အမာ  ကတိစကားဆိုထားပြီးလည်း ဖြစ်ပါတယ်။   အဓိကက ပြည်သူများ    ဒီမိုကရေစီ လမ်းကြောင်းကို စည်းကမ်းနဲ့အညီ    သွားနိုင်ရေး အတွက်   ရည်ရွယ်တဲ့  စီမံချက်တစ်ခုပါ။   ဒီတော့ နောင်လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မိမိဆန္ဒအတိုင်း မဲပေးခွင့်ရှိရမှာ   ဖြစ်တဲ့အတွက်    နိုင်ငံသားစိစစ်ရေးကတ်ရှိရမယ့်သူတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပိုင်ဆိုင်နိုင်ဖို့ အရေးဟာ ဦးစားပေး ဆောင်ရွက်ရမယ့်   စီမံချက်တစ်ခု   ဖြစ်နေတာမို့  အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ်    သဘောထားပြီး  သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ရပ်ကွက်/ ကျေးရွာ များအရောက်   ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေတာကို   တွေ့မြင်နေရတာ    ဖြစ်ပါ တယ်။ 


“မိုးပွင့်”၊ “သစ္စာ”မှသည် “ပန်းခင်း’ဆီသို့ 


အိမ်ထောင်စုစာရင်းမရှိသေးသူတွေ၊   နိုင်ငံ အတွင်းနေထိုင်ကြောင်း  သက်သေခံအထောက် အထား  ကတ်တစ်ခုခု   မကိုင်ဆောင်နိုင်သူတွေ အတွက် သက်သေခံကတ်ထုတ်ပေးတဲ့   လုပ်ငန်းစဉ် ဟာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့  စဉ်ဆက်မပြတ် ပြုလုပ်ပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုလည်း    ဖြစ်ပါ တယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ စီမံချက်နှစ်ခု ပြုလုပ်ပေးနိုင်ခဲ့တဲ့အနေအထားပါ။ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး  ၂၀၁၅ ခုနှစ်  နှစ်ကုန်အထိ မိုးပွင့်စီမံချက်များချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပေါင်း ၈ ဒသမ ၄ သန်း  ထုတ်ပေးဆောင်ရွက်ပေးခဲ့ ဖူးပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ်အတွင်း မှာတော့ နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးရေးအတွက် ဦးတည်ပြီး သစ္စာစီမံချက်ကို ချမှတ်အကောင်အထည် ဖော်ခဲ့ပါတယ်။     နိုင်ငံသားစိစစ်ရေးကတ်ပေါင်း  ၆ ဒသမ ၂ သန်းကျော်အထိ     ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။    ပြည်သူ့အကျိုးအတွက်     ရှေးရှုပြီး ခေတ်အဆက်ဆက်      ဆောင်ရွက်ပေးနိုင်မှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ယခုပန်းခင်းစီမံချက်က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လ ကာလသာ ကြာ မြင့်မှာဖြစ်တဲ့အတွက်  ကာလအတိုဆုံးစီမံချက်တစ်ခု ဖြစ်ပြီး   ဝန်ကြီးဌာနရဲ့     အစီရင်ခံချက်အရလည်း နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံဆောင်ရွက်ပေးသွားမယ့် စီမံချက်ဖြစ်ကြောင်း သိရှိရပါတယ်။ 


ဖြည့်ဆည်းယူဆောင်လာရမည့်လိုအပ်ချက်များ 


 ထုံးစံအတိုင်း မရှိမဖြစ်အရေးပါတဲ့  နိုင်ငံသားစိစစ်ရေးကတ်တစ်ခုလုပ်ဖို့  လုပ်မယ့်သူကိုယ်တိုင် ဖြည့်ဆည်းပေးရမယ့်အချက်တွေလည်း ရှိလာ ပြန်ပါတယ်။    လုပ်မယ့်သူရဲ့   လိုင်စင်ဓာတ်ပုံ၊ အိမ်ထောင်စုလူဦးရေစာရင်း  မူရင်းနဲ့မိတ္တူ၊ မိဘ နှစ်ပါးရဲ့     မှတ်ပုံတင်မိတ္တူ၊   အသက်အထောက် အထားအတွက်တော့   မွေးစာရင်း    ဒါမှမဟုတ် ကျောင်းထောက်ခံချက်  လိုအပ်ပါတယ်။  ရပ်ကွက် တွင်းနေထိုင်ကြောင်း     ထောက်ခံချက်နဲ့အတူ သွေးအမျိုးအစားလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ဝေးလံတဲ့    အချို့တိုင်းရင်းသားဒေသတွေမှာတော့ သန်းခေါင်စာရင်းမရှိတဲ့ အခက်အခဲစတဲ့ အချို့သော  လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအပ် ချက်ကိုတော့   စိစစ်ထောက်ခံပေးမယ့်   ငါးဦးပါ ပူးပေါင်းကော်မတီများ ဖွဲ့စည်းပြီး ကွင်းဆင်းဖြေလျှော့ ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။ ထိုငါးဦး ကော်မတီမှာဆိုရင် လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ် စီမံကိန်းဦးစီးဌာန၊   မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ 


ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့စံနှုန်းတစ်ခု
အနေဖြင့်လည်း တင်စားနိုင် 


၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုမှာ နေထိုင်ကြတဲ့  နိုင်ငံသား တိုင်းဟာ   နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမှုနဲ့   ဘယ်လိုမှ မထိုက်တန်ပါဘူး။   ဒီအချက်ဟာ   ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စံနှုန်းတစ်ခုအဖြစ်နဲ့လည်း တင်စားလို့ရတယ်။ ကိုယ့်နိုင်ငံသားတွေ နိုင်ငံသား ဖြစ်ခွင့်မဆုံးရှုံးအောင် ပန်းခင်းစီမံချက်က  အကောင် အထည်ဖော်ပေးနေတာပါလားလို့ တိုင်းရင်းသား ပြည်သူများကိုယ်တိုင်  ခံယူထားရမှာ   ဖြစ်ပါတယ်။ ပန်းခင်းလမ်းဟာ ငါတို့လူမျိုးတွေအတွက်၊  ငါတို့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက် လျှောက်လှမ်း ရမယ့်လမ်းဆိုတာ      နှလုံးသားဝယ်   စွဲထင်နေရမှာ ဖြစ်ပါတယ်။ စီမံချက်ကိုက ပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ထားပြီး အလုပ် ခွင်မပျက် ပြည်သူ့အကျိုးကို  ရှေးရှုထားတာတွေ့ရတဲ့ အတွက် ပြည်သူ့အရေးကို အလေးအနက်ထားခြင်း လည်းမည်ပါတယ်။   သက်ဆိုင်ရာရုံးတွေကို သွားဖို့ ခက်ခဲအဆင်မပြေသူတွေအတွက်ဆို    အလွန်ကို လွယ်ကူမြန်ဆန်သွားပြီ ဖြစ်ပါတယ်။  ဝေးလံခေါင် ဖျားက တိုင်းရင်းသားတွေအတွက်လည်း   ငြိမ်းချမ်း ရေးအနှစ်သာရတစ်ခုကို    ပန်းခင်းစီမံချက်က ပေးစွမ်းနိုင်မှာ     ဖြစ်ပါတယ်။ ခံယူချက်ကောင်း တစ်ခုကို    ခံယူထားကြသူများဖြစ်တဲ့အတွက် ကောင်းသောရလဒ်တစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ အလေးအနက် ယုံကြည်မိပါတယ်။ 


စိန်ခေါ်မှုနှင့်အခွင့်အလမ်း


ပန်းခင်းစီမံချက်ကြောင့် ကျွန်တော်တို့ တိုင်းရင်း သားအားလုံးအတွက် အမျိုးသားရေးဂုဏ်သိက္ခာ တစ်ခုကို   မြင့်မားလာစေမယ်လို့   ယုံကြည်ထားပါ တယ်။ ယခုစီမံချက်ဟာ လုပ်ငန်းပမာဏကြီးမား ကျယ်ပြန့်များပြားသော်လည်း     နိုင်ငံရေးမုန်တိုင်း တွေနဲ့ ကြမ်းတမ်းအကွေ့အကောက်များကြားမှာ လုပ်ရတာပါ။ ဗုံးခွဲမှု၊ မီးရှို့မှု၊ အကြမ်းဖက်သတ်ဖြတ် ဆူပူမှုများအောက်မှာ  ပြည်သူတွေအနေနဲ့   မဝံ့မရဲ ရှိနေကြမှာသေချာပါတယ်။ လုံခြုံရေးကန့်သတ်ချက် များအောက်မှာ အချို့တိုင်းရင်းသားတွေအနေနဲ့ သွားရလာရခက်ခဲမှုဟာ   စိန်ခေါ်မှုတစ်ခု     ဖြစ်နိုင်ပါ တယ်။ ဒီအကျိုးဆက်ဟာ ပန်းခင်းစီမံချက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သလို ဒီစီမံချက်ကပဲ အနာဂတ် ငြိမ်းချမ်းရေးအတွက်   အခွင့်အလမ်းကောင်းတစ်ခု အဖြစ်လည်း      ဖော်ဆောင်ပေးမယ်ဆိုတာကို တွက်ဆလို့     ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆက်စပ်သက်ဆိုင်ပါဝင်သူတွေရဲ့ စုစည်းညီညွတ်မှု၊ ထိရောက်တဲ့စီမံခန့်ခွဲမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက် နိုင်မှုစေတနာနဲ့   ဆက်သွယ်ဆက်ဆံမှုစွမ်းပကား တွေက   စိန်ခေါ်မှုနဲ့    အခက်အခဲအားလုံးကို အောင်အောင်မြင်မြင်     ကျော်ဖြတ်နိုင်ပါလိမ့်မယ် ဆိုတာ ယုံကြည်ထားပါတယ်။ 


ယခုဆောင်ရွက်နေတဲ့    လဝကရဲ့    ပန်းခင်းစီမံ ချက်ဟာ ကြိုးစားမှု၊ နားလည်မှု၊ စိတ်ရှည်မှု၊ စုစည်း ညီညွတ်မှု၊   အမြော်အမြင်ရှိမှုတွေနဲ့  ခင်းထားတဲ့ ပန်းခင်းလမ်းဖြစ်ပါတယ်။    လေးနက်တဲ့ အမျိုးသား ရေးခံယူချက်နဲ့   ခိုင်မာတဲ့အမျိုးသားရေး  ယုံကြည် ချက်တို့ကြောင့် ပြည်သူအားလုံးအတွက် ဦးတည်တဲ့ ပြည်သူအားလုံးလျှောက်တဲ့   ပန်းခင်းလမ်းဟာ အဆင်ပြေပြေလှလှပပနဲ့     ချောမွေ့အောင်မြင်မယ် ဆိုတာ အလေးအနက်ယုံကြည်မိပါတယ်။ 


“ပန်းခင်းလမ်းမှာ အတူပါဝင်လျှောက်လှမ်းရင်း အခွင့်အလမ်းကောင်းတစ်ခုကို         မလွတ်တမ်း ဆုပ်ကိုင်ကြပါစို့”။      ။