လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

================================================================

 

နေပြည်တော် အောက်တိုဘာ ၈

 

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

ငွေကြေးထောက်ပံ့ရေး

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ အွန်လိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက ဦးဆောင်အကောင် အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် မျှဝေဆွေးနွေး သွားလိုခြင်းနှင့် ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲသွားနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားနိုင်ရန် ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်လာမည့် လူမှုစီးပွားအခက်အခဲ များသည် ကာလတစ်ခုအထိ သက်ရောက်မှုရှိနေနိုင်သည့်အတွက် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပုံမှန် ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ သည်လည်း ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အစီအစဉ်များဖြစ်သည့်အတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် အလွန် အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် များစွာအရေးပါပါကြောင်း ပြောကြားသည်။

 

တင်ပြဆွေးနွေး

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်အလိုက်ရန်ပုံငွေရရှိမှုကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ငွေကြေးအထောက် အပံ့ပေးရေး အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း တင်ပြဆွေးနွေးသည်။

ထို့နောက် UNDP နှင့် UNICEF တို့မှ တာဝန်ရှိသူများက သက်ဆိုင် ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်