
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းနိုင်ကျော်အား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေရှိလာရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ ခင်ဗျာ။
ဖြေ ။ ။ ကိုဗစ်-၁၉ ရောဂါလို့ယူဆရတဲ့ လက္ခဏာတွေခံစားလာရ
လို့ရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျန်းမာ ရေးမှူးနဲ့ ကျွန်တော်တို့ကို အသိပေးဆက်သွယ်ပေးစေလိုပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါပိုး ရှိ/ မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ။
ဖြေ ။ ။ မအီမှာ အခုလက်ရှိ တတိယလှိုင်းမှာတော့ RTK Testing
နဲ့ စစ်ဆေးနိုင်ခြင်းတော့မရှိသေးပါဘူး။ ဒုတိယလှိုင်းမှာ တုန်းကတော့ RTK Testing နဲ့ လူနာ ၆၀ ကျော်ကို လက်ခံကုသခဲ့ပါ တယ်။ RTK Testing ကိုလည်း ရနိုင်အောင်ကြိုးစားနေပါတယ်။ ရလာ ရင်တော့ ဒီမှာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးနေပါလဲခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါရှိနေပြီလို့ သံသယရှိရင် မြို့နယ်ကျန်းမာ
ရေးနဲ့ ကုသရေးဦးစီးဌာနကို ဆက်သွယ်ဖို့လိုပါမယ်။ ညွှန်ကြားချက်များနဲ့အညီ ဆောင်ရွက်ပေးနေပါတယ်။
မေး။ ။ ပိုးတွေ့လူနာတွေအတွက် ကျန်းမာရေးဌာနရဲ့ ဆောင်ရွက်
ပေးနေမှု၊ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ Quarantine Center တွေ ထားရှိမှုကို ဘယ်လိုလျာထားပါသလဲ။
ဖြေ။ ။ လက်ရှိအနေအထားမှာတော့ မအီပြည်သူ့ဆေးရုံမှာ Positive
လူနာတစ်ဦးကို သီးသန့်နေရာ သတ်မှတ်ထားရှိပြီးတော့ မြို့နယ်ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ လမ်းညွှန်မှုနဲ့အညီ ကုသ ပေးလျက်ရှိပါတယ်။ အခုတတိယလှိုင်းမှာတော့ Quarantine Centre ဖွင့်လှစ်ထားရှိခြင်း မရှိသေးပါဘူး။ Quarantine Centre ဖွင့်လှစ်နိုင် ရေးကိုလည်း မြို့နယ်ကလမ်းညွှန်ချက်နဲ့အညီ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ ရောဂါပိုးတွေ့ရှိသူနဲ့ Contact ဖြစ်သူတွေအနေနဲ့ ဘယ်လို နေထိုင်သင့်ပါသလဲ။
ဖြေ။ ။ ရောဂါပိုးတွေ့ရှိသူနဲ့ Contact ဖြစ်သူတွေကိုတော့ နေအိမ်
အပြင်မထွက်ဘဲ မိမိနေအိမ်မှာ ပါးစပ်နှာခေါင်းစည်း(mask)တပ်ဆင်ပြီး Home Quarantine အနေနဲ့ နေထိုင်စေဖို့ ဆောင်ရွက်ထား ပါတယ်။
မေး။ ။ ဘယ်လို လက္ခဏာမျိုးပြသရင် စိုးရိမ်ရတဲ့အခြေအနေ ခေါ်ပါ သလဲ။
ဖြေ ။ ။ လူနာအနေနဲ့ အသက်ရှူကျပ်လာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊
ချောင်းတအားဆိုးခြင်း စတဲ့လက္ခဏာမျိုးတွေ တွေ့ရင် စိုးရိမ်ရပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူလူနာအနေနဲ့ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းကြည့်လို့ ၉၀ ဝန်းကျင် ၊ ၉၀ အောက် တွေ့ရှိရင် စိုးရိမ်ရတဲ့အတွက် အောက်ဆီဂျင်ပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုမျိုးပြင်းထန်တဲ့ လူနာတွေကို စစ်ဆေးပြီးသည့်တိုင် ကျွန်တော်တို့ ဆေးရုံမှာ သီးခြားနေရာထားရှိပြီးတော့ သီးခြားကုသမှု ဆောင်ရွက်ပေး ပါတယ်။
မေး။ ။ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်များကို ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ။ မအီဆေးရုံအနေနဲ့ လက်ရှိအနေအထားမှာတော့ အောက်ဆီဂျင်
ဆလင်ဒါ (Oxygen Cylinder) အကြီး ငါးလုံး၊ အသေး နှစ်လုံး နှင့် အောက်ဆီဂျင် Concentrator သုံးလုံး ရှိပါတယ်။ တကယ်လို့ ဒီထက် လိုအပ်လာခဲ့ရင်လည်း ပေးနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါ တယ်။
မေး။ ။ ကိုဗစ်ဖြစ်လာရင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ။
ဖြေ။ ။ ခန္ဓာကိုယ် ခုခံစွမ်းအားကတစ်ဆင့် ကိုဗစ်ကို ပြန်လည်
တိုက်ခိုက်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်ကို ကိုယ်ခံစွမ်းအားတိုးမြှင့်ထားဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်လာတဲ့ လူနာ တွေအနေနဲ့ ရေများများသောက်ပေးဖို့၊ အာဟာရရှိတဲ့အစားအစာတွေကို စားပေးဖို့၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးဖို့၊ ကောင်းကောင်းအနား ယူဖို့နဲ့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချထားဖို့ အကြံပေး လိုပါတယ်။
မေး။ ။ ဒီနေ့အထိ ပိုးတွေ့လူနာဦးရေ / ဆေးရုံတက်ရောက်/ဆေးရုံ
ဆင်းလူနာဦးရေ ပြန်လည်ကျန်းမာလာမှု အခြေအနေကို သိချင်ပါတယ် ခင်ဗျာ။
ဖြေ။ ။ မအီဆေးရုံအနေနဲ့ လက်ရှိအခြေအနေမှာ ပိုးတွေ့လူနာ
Positive တစ်ဦးပဲ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ သံသယ ဖြစ်ဖွယ်လူနာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးဖို့ ကျန်နေသူများ ထိုးနှံပေးသွားဖို့ စီစဉ် ထားရှိမှုအခြေအနေကို သိပါရစေ။
ဖြေ။ ။ ကာကွယ်ဆေးထိုးလုပ်ငန်းကတော့ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း ပြီးခဲ့တဲ့လက ထိုးနှံခဲ့ပြီးပါပြီ။ ကျန်နေတဲ့သူတွေအတွက်ကတော့ ညွှန်ကြား လာတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး ။ ။ အခြားဖြည့်စွက်ပြောကြားလိုမှုများရှိပါက ပြောကြားပေး စေလိုပါတယ်ခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာက
အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ တစ်ဦးတစ်ယောက်ရဲ့လိုက်နာဆောင်ရွက်မှုနဲ့ မရပါ၊ ပြည်သူတွေက တက်ညီ လက်ညီ ပူးပေါင်းပါဝင်ဖို့၊ သတ်မှတ်စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေ ကို စနစ်တကျလိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံနဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင် ပါတယ် ဆရာ။