အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH , NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမား၏ လှုံ့ဆော် မှု၊ ဝါဒဖြန့်မှုများကို လိုက်ပါလုပ်ဆောင်ခြင်း၊ ထပ်ဆင့်ဝေမျှ ခြင်း၊ အားပေးကူညီခြင်းတို့ကို သိနားလည်၍ဖြစ်စေ၊ မသိ နားမလည်ဘဲဖြစ်စေ ပြုလုပ်မိခဲ့ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး၊ ဆက်သွယ်ရေးဥပဒေနှင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက စဉ်ဆက်မပြတ် အသိပေးလျက်ရှိ သည်။
ထို့အပြင် အကြမ်းဖက်မှုပပျောက်ရေးအတွက် CRPH , NUG, PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုမပြုရန်၊ ယင်းတို့၏ လက်နက်၊ ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားတို့၏ သတင်း ကို လျှို့ဝှက်ပေးပို့ရန် ပြည်သူသို့အသိပေးနှိုးဆော်ချက် နေ့စဉ် ထုတ်ပြန်ကာ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် တိုက်တွန်းဆော်ဩ လျက်ရှိသည်။ မကြာသေးမီရက်ပိုင်းအတွင်းက “အကြမ်း ဖက်အဖွဲ့အစည်းများကို အားပေးရာရောက်သည့် ဂိမ်းကစား ခြင်း၊ ကြော်ငြာထည့်သွင်းခြင်းသည် ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း” အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဖုန်းမက်ဆေ့ချ်များပေးပို့ သတိပေးလျက်ရှိရာ ဂိမ်းဆော့သည့် လူငယ်များနှင့် ကြော်ငြာထည့်သွင်းသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း အကြမ်းဖက်အားပေးရာမရောက်အောင် အလေးအနက် ဂရုပြုရှောင်ရှားကြရန်လိုသည်။
အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်အဖျက် အမှောင့်လုပ်ငန်းများအတွက် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေလျက်ရှိရာ Game Application များတီထွင်၍ Online တွင် အလွယ်တကူ ဆော့ကစားနိုင်စေရန် ပြုလုပ်၍ ဝင်ငွေရှာဖွေလျက်ရှိသည်။ အဆိုပါဂိမ်းများသည် အကြမ်းဖက်အုပ်စုများအတွက် ငွေကြေးရရှိရုံသာမက ဂိမ်းကစားသူ လူငယ်လူရွယ်များ အတွင်း မြန်မာ့တပ်မတော်အပေါ် လွဲမှားစွာ ထင်မြင်လာ စေရန်၊ အလိုအလျောက်ဆန့်ကျင်သည့်စိတ်များ ပေါ်ပေါက် လာစေရန် ဖန်တီးထားခြင်းဖြစ်သည်။ ဂိမ်းကစားရန် ဝါသနာပါသူ လူငယ်လူရွယ်များအဖို့ မိမိတို့ကြိုက်နှစ်သက် ရာ ရွေးချယ်ဆော့ကစားနိုင်သော ဂိမ်းများအွန်လိုင်းတွင် သန်းနှင့်ချီ၍ရှိနေသည်။ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ် နေသော ဆက်စပ်နေသောဂိမ်းများမှာ အနည်းငယ်မျှသာ ရှိနေပြီး ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုတို့ကလည်း နိုင်ငံကို ဖျက်ဆီးရန်၊ အလုံးစုံပျက်စီးသွားစေရန်အတွက်သာ ဖြစ်သည်။ ဂိမ်းများ၏ အရည်အသွေး၊ အဆင့်အတန်း အားဖြင့်လည်း ကောင်းမွန်လှသည်မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့ ငွေရှာရန်သက်သက်သာဖြစ်ရာ ၎င်းဂိမ်းများကို ဝင်ကစားသူများမှာလည်း အကြမ်းဖက်ထောက်ပံ့ရန် သက်သက်အတွက်သာဟူ၍ ကောက်ချက်ချဖွယ်ရာပင် ဖြစ်သည်။
လူငယ်လူရွယ်များ အကြိုက်များသည့် ပစ်ခတ်တိုက်ခိုက်မှု ဂိမ်းများကိုမှီငြမ်းကာ အကြမ်းဖက်အုပ်စုများ၏ ဝါဒဖြန့် အတွေးအခေါ်များ သွတ်သွင်း၍ ဖန်တီးထားသော ဂိမ်းများမှ ရရှိသောငွေများကို အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများ၊ ရဟန်း သံဃာများကို လုပ်ကြံသတ်ဖြတ်ရန်၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများ၊ လမ်း တံတားများကို ဖျက်ဆီးရန်၊ ဖောက်ခွဲရန်၊ နိုင်ငံအတွင်း အကြမ်းဖက်ဝါဒဖြင့် အကြောက် တရား သွတ်သွင်းရန်အတွက် အထောက်အပံ့တစ်ရပ်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ အကြမ်းဖက်အွန်လိုင်းဂိမ်းများကို ရှောင်ရှားခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့နေထိုင်ရာ ရပ်ရွာ လူ့အဖွဲ့အစည်းအား အကြမ်းဖက်အဖျက်လုပ်ရပ်များ အန္တရာယ်မှ ကာကွယ်နိုင်ကြပါစေကြောင်း။ ။