
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
===========================
v ကမ္ဘာဦးကတည်းကရှိခဲ့တဲ့ လွန်စွာများပြားတဲ့ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ကြောင့် ကမ္ဘာကြီးဟာ ပူနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းသုံးသောင်းမှာ ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပါတယ်။
v လွန်ခဲ့တဲ့နှစ် နှစ်သောင်း နောက်ဆုံးရေခဲခေတ် အတွင်းက ကမ္ဘာ့လေထုအပူချိန်ဟာ ကမ္ဘာ ကြီးရဲ့ပျမ်းမျှအပူချိန်ထက် ၉ ဒီဂရီစင်တီ ဂရိတ် နိမ့်ခဲ့ပါတယ်။
v အေဒီ ၉၀၀ နဲ့ ၁၃၀၀ ကြားမှာ ကမ္ဘာကြီးဟာ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ပိုပြီး ပူခဲ့တယ်။ ပုဂံမှာ စေတီပုထိုးပေါင်း ထောင် သောင်းမက တည်ထားနိုင်ခဲ့တယ်။
v ၁၇ ရာစု ကမ္ဘာကြီးဟာ အလွန်အေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေဟာ ကမ္ဘာကြီးပိုမိုပူနွေးတဲ့ နှစ်တွေ ဖြစ်ခဲ့တယ်၊ ကမ္ဘာကြီးပူနွေးတာကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ အချက်တွေနဲ့ ဒီဆောင်းပါးကို ရေးချင်ပါတယ်။
နှစ်သန်းပေါင်း ၄၆၀၀ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာဂြိုဟ်မှာ နိုက်ထရိုဂျင်၊ အမိုးနီးယားနဲ့ ကာဗွန် မိုနောက်ဆိုက်ဓာတ်ငွေ့တွေ၊ မီသိန်းဓာတ်ငွေ့တွေ ရှိခဲ့တယ်။ အောက်ဆီဂျင်ဓာတ်ငွေ့မရှိခဲ့ပါ။ ကာဗွန် ဒိုင်အောက်ဆိုက်(Carbon dioxide) ဓာတ်ငွေ့ဟာ ယနေ့ အခြေအနေထက် အဆပေါင်း ၁၀၀၀ မြင့်ခဲ့တယ်လို့ သိပ္ပံပညာရှင်အားလုံးက လက်ခံခဲ့ကြ ပါတယ်။ ရေဆိုတာဟာလည်း အငွေ့အနေနဲ့ပဲ ရှိနေပါ တယ်။ ကမ္ဘာဦးလေထုနဲ့ ရာသီဥတုတို့ဟာလည်း အပြောင်းအလဲရှိခဲ့ပါတယ်။ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ လေထုနဲ့ရေထုထဲမှာ လွန်စွာများပြားတဲ့ ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (သိပ္ပံအခေါ် အရ Greenhouse Effect) ဖန်လုံအိမ်အာနိသင် သက်ရောက်မှုကြောင့် ကမ္ဘာကြီးဟာ နွေးနွေးထွေးထွေး နဲ့ နေသာထိုင်သာရှိခဲ့ပါတယ်။ ယခုကမ္ဘာရဲ့ နှစ်စဉ် ပျမ်းမျှ အပူချိန်ဟာ ၁၅ ဒီဂရီစင်တီဂရိတ်သာ ရှိပါ တယ်။
ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေခိုးရေငွေ့တို့ဟာ လယ်ယာ စပါး ကောက်ပဲသီးနှံတွေအတွက် လိုအပ် တဲ့ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တို့ဟာ ဒီကမ္ဘာမှာ လူသတ္တဝါတို့ ပေါ်ပေါက် လာဖို့၊ နေထိုင်နိုင်ဖို့ အဓိကကျလှတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ပုံမှန် အတိုင်း (၂၈၅-၃၀၀ ppm) ဆိုရင် မိတ်ဆွေဓာတ်ငွေ့ ဖြစ်ပါတယ်။ သစ်ပင်သစ်တောတွေ အသက်ရှင်သန် ဖို့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅ - ၇ သိန်းလောက်က ပီကင်းမင်း (Peking Man) လို့ခေါ်တဲ့ လူသားမျိုးနွယ်စုဟာ ကျောက်တောင်ဂူတွေထဲမှာ နေခဲ့ပါတယ်။ မီးကို စတင်တွေ့ရှိခဲ့သူတွေ၊ ဂူထဲမှာမီးမွှေးပြီး အနွေးဓာတ် နဲ့အလင်းကို ယူခဲ့ပါတယ်။ မီးငြိမ်းသွားတော့လည်း ဂူထဲမှာ ဆက်လက်နွေးစေတယ်။ မီးကိုတွေ့တဲ့အချိန် မီးကိုသုံးနိုင်တဲ့အချိန်ကစပြီး အပြင်မှာ အမဲလိုက် ဂူထဲမှာအောင်း၊ အသားကင်ကိုကိုက်၊ မီးလှုံလိုက်နဲ့နှစ်ပေါင်းထောင်သောင်းမကနေခဲ့ပြီး ပီကင်းမင်းတို့ရဲ့ လူ့ယဉ်ကျေးမှုသမိုင်းကို စတင်ပြောင်းလာခဲ့တယ်လို့ ယနေ့ပြောနိုင်လာပါတယ်။
ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ သက်ရောက်မှု ဖြစ်စဉ်ကို အဲဒီအချိန်ကတည်းက ပီကင်းမင်းလူသား မျိုးနွယ်ဟာ သိနှင့်နေပြီ။ သိပ္ပံနည်းကျ ဂူရဲ့နံရံမှာ မရေးခဲ့နိုင်တာပဲဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် စက်တင်ဘာလထုတ် Reader’s Digest မှာ “ကမ္ဘာကြီးပူနွေးသော်လည်း” ခေါင်းစဉ်နဲ့ Dennis Avery ရေးသားခဲ့တဲ့ဆောင်းပါးကို ဖတ်ရ တဲ့အခါ အသိတစ်မျိုးပေါ်လာပါတယ်။ “ကျွန်တော်တို့ တစ်တွေဟာ ကမ္ဘာကြီးပူနွေးမှုဒဏ်ကြောင့် ပုံပြင် အလား ကြောက်မက်ဖွယ်သတင်းတွေ ဖတ်ခဲ့ကြပါ တယ်။ ကမ္ဘာကြီးပူနွေးမယ့် အလားအလာကလည်း ရှိမှာပဲ၊ ဒါပေမဲ့ လွန်ကဲနိုင်ဖွယ်ရာအဆင့်သို့ ရောက်မည်ဟု မဆိုသာကြောင်း၊ ပတ်ဝန်းကျင်ကိုပင် အကျိုးပြုနိုင်ဖွယ်ရှိကြောင်း”လို့ အဲဒီဆောင်းပါးမှာ ရေးထားပါတယ်။ ရာစုနှစ်အသစ်မှာ ကမ္ဘာကြီးရဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီ မြင့်တက်လာတာဟာ ပြင်းထန်တယ်ထင်ရသော်လည်း တကယ်တော့ ဒီလောက်ဆိုးမယ်မဟုတ်။ သမိုင်းကြောင်းမှာ ယခုကဲ့ သို့ အပူချိန်မြင့်မားခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့ဖူးကြောင်း “The Oregon Institute of Science and Medicine” မှ ပညာရှင်တွေက အထောက်အထားနဲ့ ဖော်ထုတ်ခဲ့ပါ တယ်။
အေဒီ ၉၀၀ နဲ့ ၁၃၀၀ ခုနှစ်ကြားမှာ ကမ္ဘာကြီး ဟာ ၁ ဒသမ ၅ ဒီဂရီ ပိုပြီးပူခဲ့တာကြောင့် ဆောင်းရာသီဟာ ပိုပြီးပျော့ပျောင်းလာခဲ့ပါတယ်။ အပူစုပ်ယူနိုင်တဲ့ပစ္စည်းတွေကတော့ ဒြပ်ဝတ္ထု ပစ္စည်းတွေ အားလုံးပါပဲ။ သို့သော် ကမ္ဘာမြေကို ရေက ၇၀ ရာခိုင်နှုန်း ဖုံးလွှမ်းထားတော့ ရေဟာ ဒီအပူကို အများဆုံးသိုလှောင်နိုင်ပါတယ်။ အပူချိန်မြင့်လာတာနဲ့ ရေခိုးရေငွေ့အဖြစ် အပေါ် လေထုဆီသို့ ပျံတက်သွားတဲ့သဘောဟာ သဘာဝ တရားပါပဲ။ မိုးတွေ ပိုပြီးရွာလာခဲ့ပါတယ်။ မိုးပိုပြီး ရွာသော်လည်း အငွေ့ပြန်တဲ့နှုန်း မြန်ခဲ့တဲ့ အတွက် ရေကြီးခြင်းနည်းခဲ့တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ခဲ့ပါတယ်။ အစာရေစာပေါများခဲ့ပါ တယ်။ သစ်သီးဝလံတွေ ပေါကြွယ်ဝခဲ့ပါတယ်။
အရှေ့တောင်အာရှက ခမာ(ကမ္ဘောဒီးယား) လူမျိုးတို့ဟာ ဧရာမအင်ကာဝပ် (Ankorwat) ကျောင်းတော်ကြီးကို တည်ဆောက်နိုင်ခဲ့တယ်။ မြန်မာတို့ဟာလည်း စေတီပုထိုးပေါင်းထောင် သောင်းမကကို ပုဂံနေပြည်တော်မှာ တည်ထားနိုင် ခဲ့တာဟာ ရာသီဥတုပြောင်းလဲမှုရဲ့ထူးခြားမှုကြောင့် လို့ အဲဒီဆောင်းပါးမှာ ရေးထားတာကို ဖတ်ရ ပါတယ်။
m စာမျက်နှာ ၁၆ မှ
အေဒီ ၉၀၀ နဲ့ ၁၃၀၀ ခုနှစ်ကြားမှာ ကမ္ဘာ ကြီးဟာ ၁ ဒသမ ၅ ဒီဂရီ ပိုပြီးပူခဲ့တာကြောင့် မြောက် ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေက လည်း အပူကိုစုပ်ပါတယ်။ ပင်လယ်သမုဒ္ဒရာက ရေကလည်း အပူကို စုပ်ယူထိန်းထားပါတယ်။ ပင်လယ်ရေဟာ အပူကို စုပ်ထားတဲ့အတွက် ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန်ဟာ မြင့်တက် ခဲ့ပါတယ်။ ဆောင်းရာသီဟာ ပိုပြီးပျော့ပျောင်းလာ ခဲ့ပါတယ်။ ဥရောပတစ်ခွင်မှာ လေအားသုံး ရေတင်စက်တွေ၊ ချည်မျှင်နဲ့ အထည်ရက်လုပ်တဲ့ စက်တွေပေါ်ခဲ့ပါတယ်။ သံထည်နဲ့ပြုလုပ်ထားတဲ့ လက်ကိုင်သုံးပစ္စည်းတွေ ပေါ်ခဲ့ပါတယ်။ ကုန်သွယ် မှုတွေဟာ ကျယ်ပြန့်လာခဲ့ပါတယ်။ ပင်လယ် ရပ်ခြားသွားလာခဲ့တဲ့ viking တို့ဟာ အေဒီ ၉၅၀ မှာ Greenland ကို တွေ့ခဲ့ပြီး မွေးမြူရေးတွေကို အဲဒီမှာ အခြေချခဲ့ပါတယ်။ ရာသီဥတုဟာ တောင်မှ မြောက်ဘက် စကင်ဒီနေးဗီးယား၊ ရုရှားနဲ့ ဂျပန်အထိ နွေးထွေးလာတော့ စိုက်ပျိုး မွေးမြူရေးတွေဟာ လည်း ရွှေ့သွားခဲ့ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ လူ့အသိုင်းအဝိုင်းဟာ ဖန်တီးမှုတွေ ပြုလုပ် နိုင်ခဲ့ပါတယ်။ အနုပညာနဲ့ ဗိသုကာပညာတွေကို ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားဝတ်ပြု ကျောင်းတွေ (Cathedral) တည်ဆောက်နိုင်ခဲ့ပါ တယ်။
မစ္စစ္စပီအထက်ပိုင်း မြေပြန့်ကျယ်ကြီးဟာ အဲဒီအချိန်က (အေဒီ ၉၀၀- ၁၃၀၀) မိုးရွာ သွန်းမှုဟာ ယခုထက်များခဲ့တယ်။ အေဒီ ၁၃၀၀ မှာ အနာစာဇီ (Ancestral Pueblo) လူ့ယဉ်ကျေး မှုမှာ ရေသွင်းစိုက်ပျိုးရေးတွေ လုပ်ခဲ့ရပါတယ်။ ၁၂ ရာစုနှောင်းပိုင်းလောက်မှာ မြန်မာဟာလည်း ရေသွင်းစိုက်ပျိုးရေးတွေ စတင်ခဲ့ပါတယ်။ မိုးခေါင် ရေရှားခဲ့တဲ့လက္ခဏာတွေ ပေါ်ခဲ့ပါတယ်။ အာရှ တိုက်ရဲ့ စတက်မြက်ခင်းပြင်ကြီးနဲ့ ကယ်လီဖိုးနီး ယားရဲ့အချို့ဒေသတွေမှာ မိုးခေါင်ရေရှားပြီး ခြောက် သွေ့ပူပြင်းတဲ့ကာလနဲ့ကြုံခဲ့တယ်လို့ ဆိုပါတယ်။
၁၈၉၆ ခုနှစ်က Swedish Chemist Svante Arrhenius ဟာ လေထုတွင်း ကာဗွန်ဒိုင်အောက် ဆိုက်ပါဝင်မှုကို နှစ်ဆမြှင့်တင်ပါက ကမ္ဘာမြေပြင်ရဲ့ ပျမ်းမျှအပူချိန်ဟာ 5-6°C မြင့်တက်နိုင်တယ်လို့ လန်ဒန်၊ အီဒင်ဘာရာ၊ ဒပ်ဗလင်၊ ဖိလော်ဆော်ဖစ် ကယ်မဂ္ဂဇင်းတွေထဲမှာ တွက်ပြခဲ့ပါတယ်။ ဒါဟာ ရာသီဥတုနဲ့ပတ်သက်ပြီး အစောဆုံးထွက်ပေါ်ခဲ့တဲ့ စာတမ်းပါပဲ။ Svante Arrhenius က “We are evaporating our coal mines into the air in the form of carbon dioxide” လို့ရေးခဲ့ပါတယ်။ ကျောက်မီးသွေးကို ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ် လေထုထဲမှုတ်ထုတ်လိုက်ပါတယ်။ ပတ်ဝန်းကျင် ကိုပင် အကျိုးပြုနိုင်ဖွယ်ဖြစ်ကြောင်း ရေးထားတာ ကိုတွေ့ရပါတယ်။ ဒီဓာတ်ငွေ့တွေဟာ လေထုထဲ ပိုမို ရောက်ရှိခဲ့ပြီး အပူကိုစုပ်ယူထားနိုင်တော့ ဖန်လုံအိမ် လို ကမ္ဘာ့လေထုကြီးဟာ စောင်ခြုံထားသလို နွေးနေ တော့တာပဲ။ ဆောင်းရာသီဟာ ပိုပြီးပျော့ပျောင်းလာဖွယ်ဖြစ်ခဲ့ပါတယ်။ အေးချမ်းတဲ့နိုင်ငံတွေမှာ ပန်းအလှပင်တွေ စိုက်နိုင်ခဲ့ပါတယ်။ စိုက်ပျိုးမွေးမြူ ရေးတွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။
၁၈ ရာစုနှောင်းပိုင်းလောက်က ဥရောပတစ်ခွင်မှာ ကျောက်မီးသွေးကို စတင်အသုံးပြုရာမှ စက်မှု တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ရေနွေးငွေ့ အင်ဂျင်စက်တွေကို ကျောက်မီးသွေးနဲ့မောင်းပြီး ကျောက်မီးသွေးကို မြေအောက်မှ ထုတ်ခဲ့ပါတယ်။ စက်ရုံတွေလည်ပတ်စေခဲ့ပါတယ်။ စက်ရုံတွေဟာ မီးခိုးတလူလူဖြစ်ခဲ့ပါတယ်။
ဥရောပနဲ့ အမေရိကတို့ဟာ Industrial Revolution လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပါ တယ်။ သူတို့လိုဖြစ်အောင်သူတို့နောက်ကိုလိုက်ခဲ့ကြ ပါတယ်။ ဒီဓာတ်ငွေ့ကာဗွန်ဒိုင်အောက်ဆိုက်ဟာ လေထုတွင်း တဖြည်းဖြည်းများပြားလာတာက ၁၈၉၀-၁၉၁၀ ပြည့်နှစ်အတွင်း သိပ္ပံနဲ့နည်းပညာ တီထွင် ဆန်းသစ်မှုနဲ့အတူတွဲ ပါလာတာဖြစ်ပါတယ်။ ၁၉၄၀ ပြည့်နှစ်ရောက်တော့ လေထုတွင်း ကာဗွန်ဒိုင်အောက် ဆိုက်ဟာ ၃၀၀ ppm နီးပါးရှိခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီဓာတ်ငွေ့ရဲ့ ပမာဏဟာ ၄၀၁ ppm အထိ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။
လူတွေရဲ့စရိုက်လက္ခဏာတွေဟာ အကြီး အကျယ်ပြောင်းလဲလာတာနဲ့အညီ ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှုပမာဏဟာ ၁၉၀၀ ပြည့်နှစ်က ရေနံစိမ်း စည်ပီပါ သန်း၁၅၀ ကနေ ၂၀၀၀ ပြည့်နှစ်မှာ ဘီလီယံ ၃၀ အထိ ထုတ်လုပ်လာရပါတယ်။
လက်ရှိအခြေအနေမှာ နှစ်စဉ် ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာ မက်ထရစ် ငါးဘီလီယံတန်ကို သုံးပြီး လျှပ်စစ်ထုတ်တာက ၃၅ ရာခိုင်နှုန်း၊ သွားလာရေး၊ သယ်ယူပို့ဆောင်ရေးက ၃၁ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းတွေအတွက် ၂၁ ရာခိုင်နှုန်း၊ စီးပွားရေး ငါးရာခိုင်နှုန်းနဲ့ အိမ်တွင်းအနွေးဓာတ်ရဖို့ ခုနစ်ရာခိုင်နှုန်းသုံးနေရကြောင်း တွက်ချက်ထားတာ ကိုသိရပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေ ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်နဲ့ ရေအားလျှပ်စစ်ကို အသုံးပြုကြတာကို တွေ့ရပါတယ်။ စွမ်းအင်အရင်းအမြစ်ကို အခြေခံပြီး လျှပ်စစ်ဓာတ် ကို ထုတ်ကြရပါတယ်။ လျှပ်စစ်နဲ့ပဲ ပစ္စည်းမျိုးစုံကို ထုတ်လုပ်၊ အလုပ်လုပ်ကြပါတယ်။
လူထုရဲ့ နေထိုင်စားသောက်မှုစရိုက်များ
လူထုရဲ့ နေထိုင်စားသောက်မှုစရိုက်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အများကြီးဆက်စပ်နေ ကြောင်း တင်ပြဆွေးနွေးပါမယ်။
v ကမ္ဘာအဝှမ်းလမ်းပေါ်မှာပြေးနေတဲ့ မော်တော် ကားစီးရေဟာ သန်းပေါင်း ၁၂၀၀ အထိ ကြောက်ခမန်းလိလိ များပြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ စာရင်းဇယားအရ ကမ္ဘာမှာ မော်တော်ယာဉ် အကြီး၊ အသေး စုစုပေါင်း သန်း ၁၂၀၀ ရှိပါတယ်။ အဓိပ္ပာယ်က လူခြောက်ယောက်ဟာ ကားတစ်စီးပိုင်တဲ့ သဘောဖြစ်ပါတယ်။ အများသုံး ဘတ်စ်ကား တစ်စီးဟာ ဥပမာ YBS ဆိုပါတော့ ၁၀ - ၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဒိုင်အောက် ဆိုက်တစ်ကီလိုဂရမ်ထုတ်လွှတ်ပါတယ်။ ခြောက် ကီလိုမီတာဆိုရင် သုည ဒသမ ၅ ကီလိုဂရမ် ကာဗွန် ဒိုင်အောက်ဆိုက် လေထုထဲ ဝင်လာတာဖြစ်ပါ တယ်။ လက်တွေ့ ဒီဘတ်စ်ကားဟာ ခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေ ကိုက်ပါတယ်။
v အများသုံး ဘတ်စ်ကားဟာ လူတစ်ဦးချင်း၊ မိသားစုတစ်ခုချင်းရဲ့ ဆန္ဒကို မဖြည့်နိုင်ပြန် ပါဘူး။ လိုရာခရီးအတွက် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ သီးသန့်ကိုယ်ပိုင်ကား လိုအပ် ခြင်းဟာ လူတွေရဲ့ စရိုက်လက္ခဏာ တစ်မျိုး ပဲလို့ သဘောထားရမှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၃၀၀၊ ကားစီးရေက သန်း ၂၄၀ ဆိုပြန်တော့ အမေရိကန်ငါးဦးဟာ ကားလေးစီး ပိုင်ပါတယ်။
v တရုတ်က လက်ရှိမှာ ကားစီးရေသန်း ၁၈၀၊ နောင်မှာ သန်း ၅၀၀ အထိရောက်ဖို့ မျှော်မှန်း နေပါတယ်။ ဂျာမနီနဲ့ဂျပန်နိုင်ငံတို့ဟာ လူနှစ်ဦး ကားတစ်စီးနီးပါးပိုင်ကြပါတယ်။ မော်တော်ယာဉ်တွေဟာ လေထုထဲ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ပါ တယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီတစ်ဂါလန်သုံးတိုင်း လေထုထဲကို ဓာတ်ငွေ့ ၉-၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။
v ကားငယ်တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့် ထားရင် ကီလိုမီတာ ၁၀၀ အထိ မောင်းနိုင်ပါ တယ်။ ဒီကားဟာ ခြောက်ကီလိုမီတာ မောင်း လိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင်အောက် ဆိုက် တစ်ကီလိုဂရမ် ထုတ်လွှတ်လိုက်ပါတယ်။ လေထုမှာ တင်ကျန်ခဲ့တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဟာ ကမ္ဘာကြီးပူနွေးဖို့ ကြီးမားတဲ့ အကြောင်းတရားဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီဓာတ်ငွေ့ ရဲ့ပမာဏဟာ ၄၀၁ ppm အထိရှိခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments