လူထုနိုင်ငံရေး

Type

ပိုက်တင်

===

နိုင်ငံရေးဆိုတာ အမျိုးမျိုးရှိတဲ့အကြောင်းတော့ အားလုံးသိကြပြီးဖြစ်မှာပါ။ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး၊ အာဏာနိုင်ငံရေး စသဖြင့်။ လူထုနိုင်ငံရေးကို သာမန်အားဖြင့် အမှုမဲ့အမှတ်မဲ့ ရှိတတ်ကြပါတယ်။ လူထုနိုင်ငံရေးဆိုတဲ့စကားလုံးကို အင်မတန်မှ တွေ့ရမြင်ရကြားရခဲပြီး လူထုနိုင်ငံရေးအကြောင်းသိတဲ့ သူလည်း အင်မတန်နည်းပါးလှပါတယ်။ သို့သော် လူ့အဖွဲ့အစည်းကောင်းမွန်ဖို့၊ စောစောကပြောတဲ့ နိုင်ငံရေးအမျိုးမျိုးကောင်းမွန်ဖို့နဲ့ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ပုဒ် ကြီး တင့်တယ်မွန်မြတ်ဖို့အတွက် လူထုနိုင်ငံရေးကောင်းမွန်မှုက များစွာမှအရေးပါတယ်ဆိုတာ သတိပြုမိကြစေချင်တာကြောင့် ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။

 

အာဏာနိုင်ငံရေးက      လူထုနိုင်ငံရေးထဲ   ဆက်စပ်ပတ်သက်နေတယ်လို့       ဘာကြောင့်ပြောရ သလဲဆိုတော့
၁။ အာဏာနိုင်ငံရေးလောကထဲကို ရောက် သွားကြသူတွေက  (ဒီမိုကရေစီစနစ်မှာ)  လူထုထဲ ကနေ ထွက်ပေါ်လာကြသူတွေ ဖြစ်ပါတယ်။ 
၂။  အဲဒီလူထုကိုယ်စား    အာဏာနိုင်ငံရေး လုပ်ကြသူအားလုံးကို     လူထုကပဲ    ရွေးချယ် တင်မြှောက်ရပါတယ်။    ဒါကြောင့်     လူထုဟာ အာဏာနိုင်ငံရေးရဲ့ အဓိကကျလှတဲ့ အစိတ်အပိုင်း ကြီးဖြစ်ပြီးတော့  လူထုနိုင်ငံရေးဟာ  နိုင်ငံတစ်ခု လူ့ဘောင်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မ သွေးကြောကြီးဖြစ်နေပါတယ်။   အာဏာနိုင်ငံရေး လောကကိုသွားကြမယ့် လူပုဂ္ဂိုလ်တွေဟာ လိုအပ် တဲ့ကိုယ်ရည်ကိုယ်သွေး (အရည်အချင်းနဲ့စာရိတ္တ) အဆင့်မြင့်ဖို့ လိုအပ်ပါတယ်။ အဲသလို အဆင့်မြင့်တဲ့ သူတွေ   ပေါ်ထွက်လာဖို့   လူထုရဲ့အရည်အသွေး လည်း   မြင့်မားနေဖို့  မဖြစ်မနေလိုအပ်ပါတယ်။ လူထုရဲ့အရည်အသွေး   (Capacity of People) မြင့်မားရေးကို    အစိုးရတွေနဲ့    အရပ်ဘက်လူ့အဖွဲ့ အစည်းတွေက   စီမံဆောင်ရွက်ဖို့     လိုအပ်သလို လူထုကလည်း   လူထုနိုင်ငံရေးနည်းနဲ့    လူထုရဲ့ အရည်အသွေးကို မြင့်မားသည်ထက်  မြင့်မားလာ အောင် ကြိုးပမ်းဆောင်ရွက်နေဖို့ လိုအပ်ပါတယ်။
 ကျယ်ပြန့်နက်ရှိုင်းလှ


ဒီမိုကရေစီစနစ်မှာ     တကယ်တမ်းပြောရရင် ရွေးချယ်တင်မြှောက်ခံမယ့်   လူထုကိုယ်စားလှယ် တွေအရေးပါသလို    အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်မယ့်  လူထုရဲ့အရည်အသွေး ကလည်း လွန်စွာမှ ပဓာနကျလှပါတယ်။


လူထုနိုင်ငံရေးဆိုတာ  တခြားသောနိုင်ငံရေး တွေထက် အများကြီးပိုမိုပြီးတော့လည်း ကျယ်ပြန့် နက်ရှိုင်းလှပါတယ်။    ဥပမာအားဖြင့်   အာဏာ နိုင်ငံရေး (လုပ်ပိုင်ခွင့်နဲ့ဆိုင်တဲ့နိုင်ငံရေး) တစ်မျိုး ဖြစ်တဲ့ ဥပဒေပြုရေးကဏ္ဍဖြစ်တဲ့ လွှတ်တော်နိုင်ငံ ရေးဆိုပါတော့။


နိုင်ငံတော်နဲ့     နိုင်ငံသားများအကျိုးစီးပွား ဖြစ်ထွန်းဖို့၊   အဲဒီအကျိုးစီးပွား    ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို   အာမခံချက်ရှိဖို့    ဥပဒေတွေကို ပြင်ဆင်ခြင်း၊    ရေးဆွဲပြဋ္ဌာန်းခြင်း   စတာတွေကို ပြုလုပ်ရပါတယ်။  တခြားအရေးတကြီးလုပ်စရာများများစားစားမရှိလှပါဘူး။ လွှတ်တော်နိုင်ငံရေး ဟာ   အရေးကြီးတာမှန်ပေမယ့်  လူထုနိုင်ငံရေးနဲ့ ယှဉ်လိုက်ရင် နယ်ပယ်အားဖြင့်  ကျဉ်းမြောင်းတယ် လို့ ဆိုနိုင်ပါတယ်။


လူထုနိုင်ငံရေးကို အလွယ်ကူဆုံးအကျဉ်းချုပ် အားဖြင့်  ရှင်းလင်းတင်ပြပါရစေ။  လူထုနိုင်ငံရေး ထဲမှာ  အာဏာနိုင်ငံရေးလည်းပဲ   အကျုံးဝင်သလို တခြားသော   လူမှုရေး၊  စီးပွားရေး၊  ကျန်းမာရေး၊ ပညာရေး  စတဲ့ကဏ္ဍများစွာက ဆက်စပ်ပတ်သက် နေပါတယ်။


လူမှုရေးဆိုတာက သိတဲ့အတိုင်း       နယ်ပယ် အင်မတန်ကျယ်ဝန်းပါတယ်။    ကိုယ့်ဘေးအိမ်နဲ့ ဆက်ဆံရေးကနေပြီး ကိုယ့်လူ့အဖွဲ့အစည်းအပေါ် ကိုယ်ဘယ်လိုသဘောထားသလဲ၊     ဘယ်လို ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုးတွေ လုပ်နေသလဲ စတာတွေဟာ လူမှုရေးနဲ့ပတ်သက်တဲ့  လူထုနိုင်ငံ ရေးနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းခြင်းရာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ လူတစ်ဦးချင်း၊ မိသား တစ်စုချင်းက   စည်းကမ်းတွေနဲ့      ဥပဒေတွေကို ဘယ်လောက်တန်ဖိုးထား      လိုက်နာသလဲဆိုတာက လူတစ်ဦးချင်း၊   မိသားတစ်စုချင်းနဲ့   လူ့အဖွဲ့အစည်း တစ်ခုလုံး  တိုးတက်ကောင်းမွန်ရေးအပေါ်  အများ ကြီးသက်ရောက်မှုရှိတာကြောင့်  လူထုနိုင်ငံရေးကို  လိုက်နာဆောင်ရွက်ကြရာမှာ လူမှုဆိုင်ရာစည်းမျဉ်း တွေနဲ့         လူ့အဖွဲ့အစည်းဆိုင်ရာဥပဒေတွေကို       လိုက်နာကျင့်ကြံကြဖို့က   အလွန်အရေးပါလှတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

လူထုနိုင်ငံရေးရဲ့တစ်စိတ်တစ်ပိုင်း


ဒီမိုကရေစီလူ့ဘောင်တစ်ခု          အခိုင်အမာ တည်ဆောက်နိုင်ဖို့ဆိုရင်  ကိုယ့်အိမ်မှာ   ကက်ဆက် အကျယ်ကြီးဖွင့်တာ၊ ကာရာအိုကေအော်ဆိုတာက အစ၊ ကားကို  စည်းမဲ့ကမ်းမဲ့ ပရမ်းပတာမောင်းတာ အဆုံး ထိန်းသိမ်းပြုပြင်ပြီး အများကို မထိခိုက်အောင် အသိတရားနဲ့ စောင့်ထိန်းနိုင်ကြဖို့ လေ့ကျင့်ခြင်းဟာ လူထုနိုင်ငံရေးရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။    


အိမ်မှာ ကာရာအိုကေအကျယ်ကြီးအော်ဆိုတာ၊ လမ်းပေါ်မှာဖြစ်စေ၊  ကိုယ့်နေအိမ်ခြံဝင်းထဲမှာဖြစ်စေ အမှိုက်တွေ    ရှုပ်ပွနေအောင်ပစ်တာ  စတဲ့အပြုအမူ တွေက လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေကို ပြင်းပြင်း ထန်ထန်ချိုးဖောက်ခြင်းဖြစ်တာကြောင့်  လူတိုင်း လူတိုင်းက သတိထားပြုပြင်ထိန်းသိမ်းကြဖို့  မလုပ် နိုင်ရင်   ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်    ပီပီပြင်ပြင် ပေါ်ထွက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

ဒီလိုပဲ  စောစောကပြောသလို  မော်တော်ကားကို စည်းမဲ့ကမ်းမဲ့   ပရမ်းပတာမောင်းနှင်တာမျိုးက ဥပဒေကို မခန့်လေးစားလုပ်တဲ့ပုံစံဖြစ်သလို လူ့အဖွဲ့ အစည်းကိုလည်း စော်ကားမော်ကားလုပ်တာဖြစ်ပြီး မိမိရဲ့ အသိတရားနုံနဲ့မှုက လူ့အဖွဲ့အစည်းကိုလည်း ထိခိုက်၊ နိုင်ငံတည်ဆောက်ရေးကိုလည်း အနှောင့် အယှက်ဖြစ်နိုင်တယ်ဆိုတဲ့အသိနဲ့     လူတိုင်းက ထိန်းသိမ်းလုပ်ကိုင်ကြမှသာ  ကောင်းမွန်ပြည့်စုံတဲ့ လူ့ဘောင်တစ်ခုအဖြစ် တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ ပိုက်ဆံချမ်းသာလို့ လမ်းစည်းကမ်းဖောက်တာ လာဖမ်းရင် ယာဉ်ထိန်း ရဲကို လာဘ်ထိုးလိုက်မယ်ဆိုတဲ့ ခံယူချက်မျိုးရှိရင်  ပိုလို့တောင်ဆိုးရွားပါသေးတယ်။


ကိုယ်တိုင်လည်း      စည်းကမ်းဥပဒေတွေကို သိသိကြီးနဲ့  နိုင်ငံသားတာဝန်မဲ့စွာ ချိုးဖောက်ရုံမက အကျင့်ပျက်ခြစားမှုကိုလည်း အားပေးသလိုဖြစ်တာ ကြောင့် တာဝန်မဲ့တဲ့၊  တာဝန်မသိ  တာဝန်မကျေတဲ့ နိုင်ငံသားတွေ     ဖြစ်နေပါလိမ့်မယ်။      ဘယ်လိုမှ တိုင်းပြည်ကောင်းအောင်  တည်ဆောက်လို့ မရနိုင် ပါဘူး။
ဒါကြောင့်  လူမှုရေးနဲ့ဆိုင်တဲ့    စည်းကမ်းဥပဒေ တွေကို ကိုယ့်အသိတရားနဲ့ကိုယ် လိုက်နာကျင့်ကြံ ကြခြင်းဆိုတဲ့ လူထုနိုင်ငံရေးကိုလုပ်ကြတဲ့  နိုင်ငံသား တွေဖြစ်မှသာ    တိုးတက်တဲ့    လူ့ဘောင်တစ်ခုကို သေချာပေါက်တည်ဆောက်နိုင်မယ် ဖြစ်ပါတယ်။


လူထုနိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်


နောက်တစ်ခါ    ကျန်းမာရေးနဲ့    ပညာရေးလို ကဏ္ဍတွေကလည်း   လူထုနိုင်ငံရေးနဲ့    တိုက်ရိုက် ဆက်စပ်ပတ်သက်နေတာဖြစ်ပါတယ်။   ပညာရေး၊ ကျန်းမာရေးကောင်းဖို့   အစိုးရတာဝန်ပဲ၊    လူထုက ဘာကြောင့်   ဒီကိစ္စတွေကို   တာဝန်ယူရမှာလဲလို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ သာမန်အားဖြင့်တော့ အစိုးရတွေဆိုတာက   နိုင်ငံသားတွေရဲ့   စီးပွားရေး၊ လူမှုရေး၊   ကျန်းမာရေး၊    ပညာရေး    စတာတွေ ကောင်းမွန်ဖို့    တာဝန်ရှိပါတယ်။    ဥပဒေတွေနဲ့ ထိန်းကျောင်းပြီး  အုပ်ချုပ်ရေးနဲ့ လူ့အဖွဲ့အစည်းကို (ပြီးတော့ နိုင်ငံတော်ကို) မောင်းနှင်ရပါတယ်။


တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင် အစိုးရ က တည်ဆောက်ရပါတယ်။   သို့သော်   လူထုဘက်က လည်း   လိုက်နာဆောင်ရွက်ရမယ့်   လူထုတာဝန်၊ နိုင်ငံသားတာဝန်တွေ ရှိပါတယ်။  တရားဥပဒေစိုးမိုး ရေးဆိုတာကို   တည်ဆောက်ရာမှာ    အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကလည်း   တိုက်ရိုက်ဆက်စပ် နေပြီး လာဘ်ပေးတဲ့လူကလည်း အကျင့်ပျက်ခြစားမှု ကို   ကျူးလွန်သူဖြစ်ပါတယ်။   ကိုယ်အဆင်ပြေဖို့ လာဘ်ပေးမှရမယ်ဆိုတဲ့ဓလေ့ကို လူထုက တစ်ဖက် တစ်လမ်းကနေ  ဝိုင်းဝန်းတိုက်ဖျက်ရပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့       ဗဟုသုတတွေကို ကိုယ့်မိသားစုတွေအတွက်   တတ်စွမ်းသမျှ    ရှာဖွေ ဖြည့်ဆည်းကြရပါလိမ့်မယ်။


ကိုယ်စီးပွားဖြစ်ဖို့     သူများအသက်အိုးအိမ် စည်းစိမ်ကို   ထိခိုက်ဖျက်ဆီးမိတာမျိုးမဖြစ်အောင် လူထုက   လူထုနိုင်ငံရေးအသိနဲ့    ရှောင်ကြဉ်ရပါလိမ့် မယ်။  အစားအသောက်တွေကို   ကိုယ်အမြတ်ရရင် ပြီးရော    ကျန်းမာရေးတွေ    ထိခိုက်ပျက်စီးအောင် မဟုတ်မမှန်တဲ့နည်းနဲ့         ချက်ပြုတ်ကြော်လှော် ရောင်းချတာဟာ နိုင်ငံသားတွေ လိုက်နာစောင့်ထိန်း ရမယ့်ကျင့်ဝတ်ကို ချိုးဖောက်ရာကျတယ်ဆိုတာကို အားလုံးက ကိုယ့်အသိတရားနဲ့ကိုယ် လိုက်နာကြဖို့ လိုပါမယ်။  တစ်နပ်စား  တစ်ခါမြတ်   စီးပွားရေး လုပ်နည်းက  လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေသမျှ နိုင်ငံတကာ အဆင့်မီဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်လို့မရနိုင်ပါဘူး။
ကုန်ပစ္စည်းကို   အဆမတန်ဈေးတင်ရောင်း တာ၊  အတုအပကို  ရောင်းတာ၊   အရည်အသွေးကို လျှော့ချထုတ်လုပ်တာ၊ အလုပ်သမားတွေရဲ့ဘဝ ကို အလုပ်ရှင်တွေက ကိုယ်ချင်းစာနာခြင်းမရှိတာ၊ အလုပ်ချိန်ကို  ပိုခိုင်းတာ စတာတွေက နိုင်ငံသားကျင့်ဝတ်နဲ့သော်လည်းကောင်း၊    လူထုနိုင်ငံရေးနဲ့ သော်လည်းကောင်း          ဆက်စပ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။


လူထုနိုင်ငံရေးကောင်းအောင် လုပ်ဆောင်


အလုပ်သမားတွေအနေနဲ့ကလည်း    အခွင့် အရေးကိုပဲ   ပိုရလိုစိတ်ရှိပြီး    အလုပ်ကို    ခိုတာ ကပ်တာ၊ အလုပ်ကို နောက်ကျလာပြီး  စောပြန်ချင် တာ၊ အလုပ်ချိန်မှာ မဆိုင်တဲ့ကိစ္စတွေကို အများ ကြီးလုပ်နေချင်တာစတဲ့   စိတ်ဓာတ်မျိုးတွေကို ထိထိရောက်ရောက်  ပြင်ဆင်ဖို့   ကြိုးစားကြမယ် ဆိုရင်    ဒါဟာ    လူထုနိုင်ငံရေးကောင်းအောင် လုပ်ဆောင်တဲ့သဘော ဖြစ်ပါတယ်။


ပညာရေးနဲ့ပတ်သက်လို့ နည်းနည်းပြောရရင် ဆရာဝန်၊ အင်ဂျင်နီယာကျောင်းတွေကိုပဲ  မိဘတွေ ကအထင်ကြီးနေကြတဲ့ဓလေ့မျိုးကို ပြုပြင်ဖို့လိုအပ် ပါတယ်။ ဆရာ ဆရာမအများစု လက်ရှိပြုမူနေကြ သလို စာသင်ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ ကျူရှင်မှာမှ စာကို အပြည့်အဝသင်တာရှောင်ရှားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း  ဆရာမကို လာဘ်ထိုးပြီး သားသမီးအမှတ်ကောင်းဖို့ ကြိုးစား နေတဲ့ဓလေ့စရိုက်ကို ပြုပြင်ဖို့ပါ။


တိုင်းပြည်တိုးတက်ဖို့  ပညာရပ်တွေအားလုံး တစ်ပြေးညီတိုးတက်ဖို့ လိုအပ်ပါတယ်။ နည်းပညာ အရ   ရှေ့ဆောင်နိုင်တဲ့နိုင်ငံဖြစ်ဖို့   ပညာရပ်တွေ အားလုံးကို တန်ဖိုးထားတတ်ကြဖို့နဲ့ အစိုးရ၊ မိဘ၊ ဆရာ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။   ဒါကြောင့်    ပညာရေးကဏ္ဍ ကောင်းဖို့ဆိုတာလည်း ဆရာ ဆရာမတွေနဲ့ မိဘ တွေရဲ့ သဘောထားခံယူချက်က ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးနဲ့  တန်းတူအရေးပါတယ်လို့ ဆိုရမှာ   ဖြစ်ပါတယ်။   အဲသလို   အသိတရားရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ရာဟာ အလွန်အရေးကြီး တဲ့ လူထုနိုင်ငံရေးဖြစ်ပါတယ်။


လူထုနိုင်ငံရေးဟာ  အင်မတန်မှ    ကျယ်ပြန့် သလို အင်မတန်မှလည်း အရေးကြီးတယ်ဆိုတာ အခုဆောင်းပါးဖတ်ပြီးရင် ဆက်လက်ပြီး စေ့စေ့ စပ်စပ် တွေးခေါ်မြော်မြင်နိုင်ကြရင် လူတစ်ယောက် ချင်းအတွက်ရော  တိုင်းပြည်အတွက်ပါ  အလွန် အကျိုးများမှာ ဖြစ်ပါတယ်။

 

လူထုနိုင်ငံရေးဟာ    တိုင်းပြည်တိုးတက်ဖို့၊ လူ့အဖွဲ့အစည်းတစ်ရပ် လူစဉ်မီဖို့အတွက်ဆိုရင် အခြားသောပါတီနိုင်ငံရေး     အမျိုးသားနိုင်ငံရေး စတာတွေနည်းတူ၊ အစိုးရတွေနဲ့ လွှတ်တော်တွေ နည်းတူ အရေးပါလှတာကြောင့် လူထုကြီးအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲရေးက အရှိန်အဟုန်မြင့် လာတဲ့အချိန်မှာ ပေါ့ပေါ့ဆဆမနေကြဘဲ နိုင်ငံသား တာဝန်တွေ   ကျေပွန်ကြဖို့    ပြင်သင့်တဲ့စိတ်ထား သဘောထားတွေပြင်ပြီး       လူ့အဖွဲ့အစည်း ကောင်းကျိုး၊     တိုင်းပြည်ကောင်းကျိုးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လူထုနိုင်ငံရေးကို လေးလေး နက်နက်နှလုံးသွင်းပြီး    အားသွန်ခွန်စိုက်လုပ်ကိုင် ကြဖို့  အချိန်တန်ပြီဖြစ်ကြောင်း တင်ပြတိုက်တွန်း လိုက်ပါတယ်။    ။