မြစ်ကြီးနား၊ မြဝတီနှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဩဂုတ်   ၂၀ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင်   ကျော်ကျော်ဖုန်း   မောင်းနှင်လာသည့်     ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း   ၅  ကီလိုကို   လည်း ကောင်း၊ ထိုနေ့ ည ၇ နာရီခွဲတွင်  မြဝတီမြို့    အမှတ်(၄)ရပ်ကွက်တွင်   ကိုကိုလွင် မောင်းနှင်ပြီး နေထက်လင်း   လိုက်ပါလာသည့်   ဆိုင်ကယ် ကို     ရပ်တန့်စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၂၅၃၀ ကို လည်းကောင်း။ 


အလားတူ ဩဂုတ် ၁၉ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်တွင် စောကျော်ထူး မောင်းနှင်လာသည့်   ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၆ ပြား သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ   မော်လမြိုင်မြို့ မောင်ငံရပ်ကွက်ရှိ   ၎င်း၏နေအိမ်သို့  သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀    ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကို       ပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ  ဥပဒေအရ   အရေးယူထား ကြောင်း  သိရသည်။


သတင်းစဉ်